China(Nanning)

ဒီဇင်ဘာလ (၁) ရက်နေ့တွင် တရုတ်နိုင်ငံ၏ စက္ကူပျော့ဖတ်ဈေးနှုန်း သိသိသာသာ မြင့်တက်လာ

Last Updated:

မကြာသေးမီက တရုတ်နိုင်ငံဈေးကွက်တွင် ပျော့ဖတ်ကြိုရောင်းကြိုဝယ်ဈေးနှုန်းများ များစွာမြင့်တက်လာပါသည်။ တစ်နေ့တည်းမှာပင် SP2201 အမျိုးအစားအတွက် အဖွင့်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၅,၆၃၆) ဖြစ်ကာ၊ အပိတ်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၅,၉၈၀) ဖြစ်သွားခဲ့ရာ၊ (၆) ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပါသည်။ ပျော့ဖတ်အပျော့အမျိုးအစား၏ ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၅,၅၁၀) ဖြစ်ကာ၊ သစ်မာသားပျော့ဖတ်အမျိုးအစား၏ ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၄,၇၀၀) ဖြစ်ပါသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပျော့ဖတ်စာချုပ်ချုပ်ဆိုမှုများ များပြားလာပြီး၊ ဈေးကွက်အတွင်း သစ်သားပျော့ဖတ်လက်ငင်းဈေးနှုန်းမှာလည်း မြင့်မားလာပါသည်။ သို့ ရာတွင် ဝယ်လိုအားမှာ ကုန်ချောထုတ်လုပ်သည့်ဈေးကွက်ဘက်မှ အများစုဖြစ်ကြ၍ ဝယ်လိုအား အပြောင်းအလဲ သိပ်မရှိသေးသည့်အခြေအနေဖြစ်နေဆဲ ဖြစ်ပါသည်။

ရောင်းလိုအားဘက်တွင် ကနေဒါနိုင်ငံ၌ ဖြစ်ပွားသည့်သဘာဝဘေးကြောင့် ထင်းရှူးသားပျော့ဖတ်ပြုလုပ်နိုင်မှု အားနည်းနေသေးခြင်း၊ အင်ဒိုနီးရှားနိုင်ငံမှ သစ်မာသား ပျော့ဖတ်ရောင်းလိုအား ဆိုင်းငံ့ထားခြင်းစသည့် သတင်းများက ပျော့ဖတ်ဈေးနှုန်းများ မြင့်တက်လာစေရန် တွန်းအားပေးနေပါသည်။

လက်ရှိအချိန်တွင် ပြည်ပဈေးနှုန်းနှင့် လက်ငင်းအဝယ်ဈေးနှုန်းများမှာ တစ်ခု ပြီးတစ်ခု မြင့်တက်လာရာ ကုန်ချောဈေးနှုန်းများလည်း မြင့်တက်လာရာ၊ ရေတိုကာလ တွင် တရုတ်နိုင်ငံရှိ သစ်သားပျော့ဖတ် လက်ငင်းအရောင်းအဝယ်ဈေးနှုန်းမှာ အားကောင်းပြီး တည်ငြိမ်မှုမရှိသည့် အနေအထားတွင် ရှိနေနိုင်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၂-၁၂-၂၀၂၁)

Category: China(Nanning)