China(Nanning)

ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် တရုတ်နိုင်ငံ၏ မဂ္ဂနီဆီယမ်ချောင်းဈေးနှုန်းများ ပိုမိုမြင့်တက်လာ

Last Updated:

ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် တရုတ်နိုင်ငံ၏ မဂ္ဂနီဆီယမ် အဓိကထုတ်လုပ်ရာနေရာများမှ စက်ရုံပေါက်ဈေးမှာ အခွန်အပါအဝင် တစ်တန်လျှင် ယွမ်ငွေ (၄၁,၀၀၀) ဖြစ် ပါသည်။ ၎င်းဈေးနှုန်းမှာ ဒီဇင်ဘာလ (၁၂) ရက်နေ့ပေါက်ဈေးထက် (၂.၅၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ အဓိကထုတ်လုပ်ရာ ရှန်းစီးပြည်နယ်မှ အခွန်အခအပါအဝင် စက်ရုံဈေးကို တစ်တန်လျှင် ယွမ် (၁,၀၀၀) တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။  

လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းမြင့်မားနေသောကြောင့် ပြည်တွင်းပြည်ပ ဝယ်ယူသူများထံမှ မှာယူမှုများ ပိုမိုနည်းပါးလာပါသည်။ ယခုလအတွင်း မဂ္ဂနီဆီယမ်ချောင်းများ ထုတ်လုပ်မှုအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများကို ကုန်သည်များက စောင့်ကြည့်နေဆဲဖြစ်ရာ ဈေးနှုန်းများတက်လာရန် အားပေးနေသကဲ့သို့ ဖြစ်နေပါသည်။ 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၁၄-၁၂-၂၀၂၁)

Category: China(Nanning)