China(Nanning)

ဒီဇင်ဘာလ (၆)ရက်နေ့တွင် တရုတ်နိုင်ငံ၏ မဂ္ဂနီဆီယမ်ဈေးကွက် အားကောင်းခဲ့

Last Updated:

ဒီဇင်ဘာလ (၆) ရက်နေ့တွင် တရုတ်နိုင်ငံ၏ မဂ္ဂနီဆီယမ်အဓိကထုတ်လုပ်ရာ နေရာများမှ စက်ရုံပေါက်ဈေးမှာ အခွန်အပါအဝင် တစ်တန်လျှင် ယွမ်ငွေ (၃၉,၃၃၃.၃၃) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ ဒီဇင်ဘာလ (၅) ရက်နေ့ ပေါက်ဈေးထက် (၄.၄၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ အဓိကထုတ်လုပ်ရာ ရှန်းစီးပြည်နယ်မှ အခွန်အခ အပါအဝင် စက်ရုံဈေးကို တစ်တန်လျှင် ယွမ် (၁,၅၀၀) တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။           

လက်ရှိအချိန်တွင် လက်ငင်းသုံး မဂ္ဂနီဆီယမ်ချောင်း ကုန်လက်ကျန်မှာ များစွာမလုံလောက်ဖြစ်နေသည့် ပုံပေါ်နေပြီး၊ အခြားဘက်တွင်မူ ကုန်ချောထုတ်လုပ်သည့် ဘက်မှ ဝယ်လိုအားမှာ များမကြာမီကာလအတွင်း  တဖြည်းဖြည်းတိုးမြင့်လာဖွယ်ရှိပါသည်။ ထိုအချက်က မဂ္ဂနီဆီယမ်ဈေးနှုန်းများ လျင်မြန်စွာမြင့်တက်လာသည့် အဓိကအကြောင်းရင်း ဖြစ်ပါသည်။

ဒီဇင်ဘာလအတွင်း ရှန်းစီးပြည်နယ်၌ ဂေဟစနစ်ဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေးဗဟိုအဖွဲ့က စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိရာ မဂ္ဂနီဆီယမ်ဈေးနှုန်းများ အလယ်အလတ်မှ အတက်ဘက်တွင် ရှိနေပါသည်။

လက်ရှိြဖစ်ပေါ်နေသည့် မဂ္ဂနီဆီယမ်ချောင်းများ လိုအပ်နေမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မသေချာမရေရာမှုများ၏ သက်ရောက်မှုများကြောင့် ရေတိုကာလတွင် မဂ္ဂနီဆီယမ်ချောင်းများ၏ ဈေးနှုန်းများ အားကောင်းနေဉီးမည်ဟု သုံးသပ်ရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၇-၁၂-၂၀၂၁)

Category: China(Nanning)