China(Nanning)

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပဲပုပ်ဆီနှင့် စားအုန်းဆီဈေးနှုန်းများ အတက်အကျဖြစ်ပေါ်ခဲ့

Last Updated:

ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် တရုတ်နိုင်ငံအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် စားအုန်းဆီ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၉,၄၂၀) ဖြစ်ပြီး၊ (၀.၆၃) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ပဲပုပ်ဆီ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၉,၆၂၀) ဖြစ်ပြီး၊ (၀.၉) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

ရေနံစိမ်းနှင့် မလေးရှားစားအုန်းဆီများ၏ ဈေးနှုန်းများ ကျရိပ်ပြခဲ့ပြီး အမေရိကန်မှ ပဲပုပ်ဆီထွက်ရှိလာနိုင်သောကြောင့် ပဲပုပ်ဆီနှင့် စားအုန်းဆီ ကြိုရောင်းသော ဈေးကွက်မှာ ပထမတွင် ကျရိပ်ပြခဲ့ပြီး၊ ဈေးနှုန်းပြန်လည်မြင့်တက်သွားကာ ဈေးကွက်ပိတ်ခဲ့ပါသည်။

ယခုအခါ နှစ်သစ်ကူးရက်နှင့် နွေဉီးရာသီပွဲတော်ရက်များ နီးကပ်လာပြီဖြစ်ရာ၊ ပဲပုပ်ဆီနှင့် စားအုန်းဆီဈေးများ အမြင့်ပိုင်း၌ ရှိနေနိုင်မည်ဟု ခန့်မှန်းပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၂၈-၁၂-၂၀၂၁)

Category: China(Nanning)