Singapore

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) သည် ၁-၁-၂၀၂၂ ရက်နေ့တွင် စတင်အာဏာသက်ဝင်မည်

Last Updated:

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် သြစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက် အာဆီယံ ၁၀ နိုင်ငံ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယား စသည့် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးစာချုပ်ဖြစ်သည့် RCEP သည်  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် စတင်အာဏာသက်ဝင်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

RCEP မှာ စာချုပ်အဖွဲ့ဝင် ၁၅ နိုင်ငံအနက်မှ အာဆီယံအဖွဲ့ဝင် အနည်းဆုံး နိုင်ငံနှင့် အာဆီယံမဟုတ်သောအဖွဲ့ဝင် နိုင်ငံတို့က အတည်ပြုလက်မှတ်ရေးထိုးပြီး နောက် ရက်ပေါင်း ၆၀ တွင် စတင်အာဏာသက်ဝင်လာမည်ဖြစ်ပါသည်။ ထိုသို့ စာချုပ်အသက်ဝင်လာချိန်မှ လာမည့်နှစ် ၂၀ အတွင်း အဖွဲ့ဝင်များအကြား ကုန်သွယ်မှု ပြုလုပ်သော ကုန်ပစ္စည်းများ၏ ၉၀% အထိ အခွန်စည်းကြပ်မှုများအား ဖယ်ရှားကြမည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့က RCEP ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီး၊ နိုဝင်ဘာလ ရက်နေ့တွင် သြစတြေးလျနှင့် နယူးဇီလန်တို့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက်မှ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ကလည်းကောင်း၊ အာဆီယံမဟုတ်သော အဖွဲ့ဝင်များဖြစ်သော သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် နယူးဇီလန် နိုင်ငံတို့ကလည်းကောင်း RCEP ကို အတည်ပြုလက်မှတ်ရေးထိုး ခဲ့ကြပြီးဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Gan Kim Yong က စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးသော ၁၀ နိုင်ငံအတွက် RCEP သည် ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် စတင်အာဏာသက်ဝင်မည်ဖြစ်ကြောင်းကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် သတင်းမျှဝေလိုပါကြောင်း ၎င်း၏ Linkedin အကောင့်တွင် ရေးသားခဲ့ပါသည်။ ထို့ပြင် ဤသတင်းမှာ အဆိုပါ နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်နေသော စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းကောင်းဖြစ်ပြီး၊ လုပ်ငန်းများသည် သဘောတူညီချက်ကို အသုံးချ၍ ကုန်ကျစရိတ်နှင့် အချိန်သက်သာမှု၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် လုပ်ငန်းသေချာမှုရှိခြင်း စသည့်အကျိုးကျေးဇူး များကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် အချို့သောစျေးကွက်များတွင် ဦးစားပေးဝင်ရောက်ခွင့်များ ထပ်တိုးရရှိမည့်အပြင် ပိုမိုအဆင်ပြေမှု ရှိသော ပင်ရင်းနိုင်ငံစည်းမျဉ်းများ၊ ရိုးရှင်းသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုလွယ်ကူ လျင်မြန်စေရေးအစီအမံများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကြောင့် အကျိုးခံစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ ဒေသတွင်းစီးပွားရေးပေါင်းစည်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ကြရန် နှင့် လွတ်လပ်ပွင့်လင်းသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှ ရရှိမည့်အကျိုးအမြတ်များကို မျှဝေခံစားရန် မိမိတို့၏ကတိကဝတ်များကို ဖော်ပြလိုက်သည့် သမိုင်း မှတ်တိုင်တစ်ခုလည်း ဖြစ်ပါကြောင်း၊ RCEP ကို အတည်ပြုလက်မှတ်ရေးထိုးရန် ကျန်ရှိနေသော နိုင်ငံများအနေဖြင့်လည်း စာချုပ်အသက်ဝင်လာစေရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြမည်ဟု မျှော်လင့်ပါကြောင်း Gan Kim Yong က ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်     The Straits Times

Category: Singapore