Brazil

ဒေါ်လာငွေတန်ဖိုးကျဆင်းလျက်ရှိသဖြင့် ဘရာဇီးလ်သီးနှံဈေးကွက်များတွင် အရောင်းအဝယ်များ အေးစက်လျက်ရှိ

Last Updated:

လတ်တလောရက်များတွင် အမေရိကန်ဒေါ်လာတန်ဖိုးများကျဆင်းလျက်ရှိရာ အမေရိကန် နိုင်ငံ၊ ချီကာဂိုစတော့ဈေးကွက်တွင် သီးနှံများအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော်လည်း ဒေသ အလိုက်ပေါက်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိသည့် ဘရာဇီးလ်သီးနှံဈေးကွက်များတွင် အရောင်း အဝယ်များအေးစက်လျက်ရှိနေသည်။ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သီးနှံစိုက်ခင်းများ အပေါ်တွင်သာအာရုံစိုက်လုပ်ဆောင်လျက်ရှိပြီး သီနှံရောင်းဝယ်မှုတွင် ဈေးကောင်းရရှိရန် စောင့်ဆိုင်း လျက်ရှိသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ချီကာဂိုစတော့ဈေးကွက်၌ သီးနှံဈေးနှုန်းများသိသိသာသာမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကျဆင်းလျက်ရှိခဲ့သည်။ ထို့ကြောင့် ဈေးကွက်တွင် သီးနှံဈေးနှုန်းများသတ်မှတ်ရာ၌ အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

ပဲပုတ်စေ့အများအပြားစိုက်ပျိုးထုတ်လုပ်သည့် ဘရာဇီးလ်နိုင်ငံ၏ တောင်ပိုင်းတွင် မိုးခေါင်သည့်ရာသီဥတုဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံ၏အရှေ့တောင်ပိုင်းနှင့် အလယ်ပိုင်း၏ အနောက်ခြမ်းတို့တွင် မိုးရွာသွန်းမှုများဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေသဖြင့် ပျက်ဆီးဆုံးရှုံးနိုင်မည့် သီးနှံပမာဏအား စိုက်ပျိုးထုတ်လုပ်သူများက ခန့်မှန်းတွက်ချက်လျက်ရှိသည်။

 ပဲပုတ်စေ့ဈေးကွက်ပေါက်ဈေးများအနေဖြင့် ၆၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၉၁.၀၀ ဟဲရာမှ ၁၉၅.၀၀ ဟဲရာသို့ လည်းကောင်း၊ Missions region ဈေးကွက်တွင် ၁၈၉.၀၀ ဟဲရာမှ ၁၉၄.၀၀ ဟဲရာသို့လည်းကောင်း အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး  Rio Grande ဆိပ်ကမ်းဈေးကွက်တွင် ၁၉၂.၀၀ ဟဲရာဖြင့် ဈေးနှုန်း တည်ငြိမ်ခဲ့သည်။ ထို့အပြင် Paraná ပြည်နယ်၊ Cascavel ဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ် တန်ဖိုးသည် ၁၈၂.၀၀ ဟဲရာမှ ၁၈၁.၀၀ ဟဲရာသို့လည်းကောင်း၊ Paranaguá (PR) ဆိပ်ကမ်း ဈေးကွက်တွင် ၁၈၇.၀၀ ဟဲရာမှ ၁၈၆.၀၀ ဟဲရာသို့လည်းကောင်း ဈေးနှုန်းများအနည်းငယ်ကျဆင်း ခဲ့ပြီး Dourados (MS) ဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်ဈေးနှုန်းသည် ၁၇၀.၀၀ ဟဲရာမှ ၁၇၂.၀၀ ဟဲရာသို့လည်းကောင်း၊  Rio Verde (GO) ဈေးကွက်တွင် ၁၇၁.၀၀ ဟဲရာမှ ၁၇၂.၀၀ ဟဲရာသို့ လည်းကောင်း အသီးသီးဈေးနှုန်းမြင့်တက်ခဲ့သည်။ Rondonópolis (MT) ဈေးကွက်တွင်မူ ၁၇၀.၀၀ ဟဲရာဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့သည်။

 အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ဈေးကွက်တွင် မတ်လအတွက်သီးနှံကြိုပွိုင့်ဈေးနှုန်းသည် ၀.၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၄.၈၈ ဒေါ်လာဖြင့် အရောင်းအဝယ်များ ဖြစ်လျက်ရှိသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil