Belgium

နယ်သာလန်နိုင်ငံသည် အီးယူတွင် ယူကရိန်းနိုင်ငံမှ နေကြာဆီကို အများဆုံးတင်သွင်းသူအဖြစ် ရပ်တည်ခဲ့ခြင်း

Last Updated:

နယ်သာလန်နိုင်ငံ စာရင်းအင်းအဖွဲ့အစည်း (Statistics Netherlands– CBS) မှ ထုတ်ပြန်သည့် အချက်အလက်များအရ နယ်သာ လန်သို့တင်သွင်းသည့် နေကြာဆီများ၏ (၈၄) ရာခိုင်နှုန်းမှာ ယူကရိန်းနိုင်ငံမှဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံသည် ယူကရိန်းနိုင်ငံမှ နေကြာဆီနှင့် ပြောင်းတို့ကို အများဆုံးတင်သွင်းသည့် အီးယူနိုင်ငံဖြစ်ပြီး၊ နေကြာဆီတင်သွင်းမှုတန်ဖိုး ယူရို (၅၃၈) သန်းနှင့် ပြောင်းတင်သွင်းမှုတန်ဖိုး ယူရို (၅၃၆) သန်း အသီးသီးရှိခဲ့ကြောင်း သိရပါသည်။ နယ်သာလန်နိုင်ငံသို့ တင်သွင်းသည့် ပြောင်းများ၏ (၄၂) ရာခိုင်နှုန်းမှာ ယူကရိန်းနိုင်ငံထံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ယူကရိန်းနိုင်ငံထံမှ တင်သွင်းထားသည့် နေကြာဆီနှင့် ပြောင်းတို့မှာ နယ်သာလန်နိုင်ငံ၌ ပြုပြင်ထုတ်လုပ်ပြီးနောက် အခြားကမ္ဘာ့ နိုင်ငံများသို့ ပြန်လည်တင်ပို့ခြင်းဖြစ်ကြောင်း၊ တင်သွင်းသည့်ပြောင်းများ၏ (၆၆) ရာခိုင်နှုန်းနှင့် တင်သွင်းလာသည့် နေကြာဆီ၏ (၈၅) ရာခိုင်နှုန်းတို့ကို ကမ္ဘာ့နိုင်ငံများသို့ ပြန်လည်တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရပါသည်။ နယ်သာလန်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ယူကရိန်းနိုင်ငံထံမှ ကုန်စည်တင်သွင်းမှုမှာ တန်ဖိုးအားဖြင့် ယူရို () ဘီလျံကျော်ရှိခဲ့ကြောင်း၊ ယင်းပမာဏ၏ (၈၈) ရာခိုင် နှုန်းမှာ ယူကရိန်းနိုင်ငံမှထွက်ရှိသည့် ပြောင်းနှင့် ဟင်းချက်ဆီအမျိုးမျိုးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များကို တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားနေမှုကြောင့် နယ်သာလန်နိုင်ငံအနေဖြင့် အချို့ထုတ်ကုန်များ ပြတ်လပ်မည့်အခြေအနေ ကို ကြုံတွေ့ရနိုင်သည့် အလားအလာရှိလာကာ စူပါမတ်ကပ်များအနေဖြင့် အစားထိုးနိုင်မည့် အရင်းအမြစ်များ ရှာဖွေရခြင်း၊ စိုးရိမ် စိတ်ဖြင့် စုဆောင်းဝယ်ယူမှုများကြောင့် ကုန်ပစ္စည်းပြတ်လပ်ခြင်း စသည့် ဖိအားများရှိလာကြောင်း သိရပါသည်။

နယ်သာလန်နိုင်ငံ၌ ပြောင်းကို မွေးမြူရေးလုပ်ငန်းများတွင် တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်းဖြစ်ရာ ယူကရိန်းနိုင်ငံထံမှ ပြောင်း တင်သွင်းမှုအခက်အခဲနှင့် ပြတ်လပ်မှုပြဿနာကြောင့် အသားနှင့် နို့ထွက်ပစ္စည်းဈေးနှုန်းများ မြင့်တက်မှုဖြစ်လာစေနိုင်ကြောင်း၊ နေကြာဆီအတွက် အစားထိုးအရင်းအမြစ်များအဖြစ် ဆီအုန်းနှင့် ပန်းနှမ်းဆီတို့ကို ရရှိနိုင်သော်လည်း ၎င်းတို့မှာ နေကြာဆီထက်ပို ၍ ကုန်ကျစရိတ်များပြားနိုင်ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -   https://www.iamexpat.nl/expat-info/dutch-expat-news/netherlands-largest-importer-ukrainian-sunflower-oil-eu

Category: Belgium