Belgium

နယ်သာလန်နိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု ကိုဗစ်-၁၉ မတိုင်မီကာလထက် (၇၃) ရာခိုင်နှုန်းကျဆင်းခဲ့ခြင်း

Last Updated:

ပြီးခဲ့သည့်နှစ်အတွင်း နယ်သာလန်နိုင်ငံသို့ ပြည်ပခရီးသည် (၅.၄) သန်း ဝင်ရောက်ခဲ့သည် ဟု နယ်သာလန်ခရီးသွားနှင့်ကွန်ဗင်းရှင်းဘုတ်အဖွဲ့ (Netherlands Board of Tourism and Conventions–NBTC) က ခန့်မှန်းထားပြီး၊ ခရီးသွားဝင်ရောက်မှုသည် ကိုဗစ်-၁၉ မတိုင်မီကာလ ထက် သိသိသာသာကျဆင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား အရေအတွက် (၂၀) သန်းကျော် ဝင်ရောက်ခဲ့ကြောင်းသိရပါသည်။

နယ်သာလန်နိုင်ငံ၌ ပြည်ပခရီးသွား ဝင်ရောက်မှုကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ခရီးသွားလာမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကို တစ်နှစ်လုံးနီးပါးဆက်လက်ချမှတ်ထားရခြင်းကြောင့်ဖြစ်ကြောင်း၊စီးပွားရေးလုပ်ငန်းဆက်စပ်ခရီးသွားလာမှုများ(Business Travel) ၏ အခြေအနေသည် ၁၉၉၀ ဝန်းကျင်အစောပိုင်းကာလများက အဆင့်သို့ ပြန်လည်ရောက်ရှိ ခဲ့သည့်သဘောဖြစ်ကြောင်း NBTC ၏ ဒါရိုက်တာဖြစ်သူ Jos Vranken က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတကာခရီးသွားလာမှုကဏ္ဍသည် ၂၀၂၄ ခုနှစ်မတိုင်မီ အပြည့်အဝ ပြန်လည်နာလန် ထူလာနိုင်ဖွယ်မရှိကြောင်း NBTC က ခန့်မှန်းထားပါသည်။ အားလပ်ရက်အပန်းဖြေခရီးသွားလာမှု များ ပြန်လည်တိုးတက်လာသော်လည်း နိုင်ငံတကာအစည်းအဝေးများနှင့် ကွန်ဖရင့်များအတွက် ခရီးသွားလာမှုများဖြစ်သည့် Business Travel များ တဖြည်းဖြည်းချင်းပြန်လည်စတင်နိုင်ရန် NBTC ကမျှော်လင့်ထားခြင်းဖြစ်ကြောင်းသိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -  (https://www.dutchnews.nl/)

Category: Belgium