China(Beijing)

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်ခဲ့ခြင်း

Last Updated:

၂၀၂၂ ခုနှစ်၊ ပထမ လေးလပတ်အတွင်း တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်သည့်ပမာဏ ယွမ် ၃၇၉.၈၇ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၅၉.၀၉ ဘီလီယံ) ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူကထက် (၂၅.၆) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း နည်းပညာမြင့်မားသည့် စက်မှုလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်သည့်ပမာဏ ယွမ် ၁၃၂.၈၃ ဘီလီယံရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ကာလတူကထက် ၅၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊  အလားတူပင် အဆင့်မြင့်နည်းပညာကုန်ထုတ်လုပ်မှုလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ၃၅.၇ ရာခိုင်နှုန်း၊ အဆင့် မြင့်နည်းပညာဝန်ဆောင်မှုလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ၅၇.၈ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း၌ တရုတ်နိုင်ငံ၊ အလယ်ပိုင်းဒေသများသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် ပြီးခဲ့သည့်နှစ်ကာလတူကပင် ၆၀.၇ ရာခိုင်နှုန်း၊ အရှေ့ပိုင်းဒေသများသို့ ပြီး ခဲ့သည့်နှစ်ကာလတူကထက် ၂၃.၄ ရာခိုင်နှုန်း၊ အနောက်ပိုင်းဒေသများသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုသည် ပြီးခဲ့သည့်နှစ်ကာလ တူကထက် ၂၁.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါ သည်။

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများသည် မသေချာမှုများနှင့် ရင်ဆိုင် နေရာသော်လည်း တရုတ်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်သည့်ပမာဏ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ တရုတ် နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်သည့် အထူးလုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသန္တရ အစိုးရဌာနများနှင့်ပူးပေါင်း၍ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ၏အခက်အခဲများ ပြေလည်အောင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကူးစပ်ပျံ့နှံ့မှုများ ဖြစ်ပေါ်နေသည့်ဒေသများ၌ လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင် ချိန်တွင် ကြုံတွေ့ရသည့်ပြဿနာများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲများပြေလည်အောင် ဆောင်ရွက်ပေး လျက်ရှိသည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Shu Yuting မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https://english.news.cn/20220414/815795b782f94ce39aabc9f5d6c41089/c.html

Category: China(Beijing)