China (Kunming)

နိုင်ငံခြားကုန်သွယ်မှုမြှင့်တင်ရန် တရုတ်နိုင်ငံ အစွမ်းကုန် ကြိုးပမ်းလျက်ရှိ

Last Updated:

ကိုဗစ်-၁၉ ပြန်လည်ရှင်သန်လာမှုနှင့် ပြင်ပကမ္ဘာမှရှုပ်ထွေးမှုများ ထိပ်တိုက်တိုးနေသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိက အထောက်အပံဖြစ်သည့် နိုင်ငံခြားကုန်သွယ်မှုကို တည်ငြိမ်စေရန်နှင့် အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံတွင် ကြိုးပမ်းမှုများ လုပ်ဆောင်လျက်ရှိ ကြောင်း နောက်ဆုံးရရှိသော အချက်အလက်များအရ ပို့ကုန်နှင့် သွင်းကုန် စုစုပေါင်း၏ ၀.၁ ရာခိုင်နှုန်းသာ တိုးတက်မှုရှိရာ တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းများသည် အားနည်းခဲ့သည်ကို ညွှန်ပြနေကြာင်း ဖေါ်ပြထားပါသည်။

နိုင်ငံခြားကုန်သွယ်မှု လမ်းကြောင်းအတွက် အထောက်အကူဖြစ်စေရန် မေလတတိယအပတ်တွင် အစိုးရအဖွဲ့မှ ပစ်မှတ်ထားအစီအမံ ၁၃ ခုသတ် မှတ်၍ လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း အဓိကနိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်မှုတွင် ဝန်ဆောင်မှုများမြှင်တင်ရန် နှင့် အတားအဆီးမဲ့ ကုန်စည်ပို့ဆောင်ရေးများဖြစ်စေရန်လိုအပ်ပြီး နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုး ကူညီမှုများ တိုးမြှင့်ပေးခြင်းအပြင် နယ်စပ်ဖြတ်ကျော် e-commerce အားကောင်းလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

တားဆီးပိတ်ဆို့ခြင်းမပြုသော ထောက်ပံ့ပို့ဆောင်ရေး

လမ်းညွှန်ချက်အသစ်အရ ပြည်ပကုန်သွယ်မှုတွင် တည်ငြိမ်သောထုတ်လုပ်မှုနှင့် လည်ပတ်နိုင်စေရေးအတွက် အဓိကအစိတ်အပိုင်းများနှင့် ပစ္စည်း ကိရိယာများအပါအဝင် ကုန်ပစ္စည်းများ ပြည်ပကုန်သွယ်မှုတွင် ချောမွေ့စွာပို့ဆောင်နိုင်ရေးကို အထူးသဖြင့် ဦးစားပေးကြောင်း တရုတ်နိုင်ငံ၏ ယခင်လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက ကာလတိုအတွင်း စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို တည်ငြိမ်စေရန်အတွက် ယခုအကြိမ်တွင် ပိုမို အလေးပေးဆောင်ရွက်နေကြောင်း လောလောဆယ်တွင် နိုင်ငံခြားကုန်သွယ်မှုအတွက် ထောက်ပံ့ပို့ဆောင်ရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း မကြာသေးမီက ကြိုကြားကြိုကြားဖြစ်သော COVID-19 ဖြစ်ပွားမှုများသည် နိုင်ငံခြားကုန်သွယ်မှုထောက်ပံ့ရေးကွင်းဆက်အပေါ် သက်ရောက်မှုရှိ ပြီး ထုတ်လုပ်မှုထိရောက်မှုနှင့် အမြတ်အစွန်းကို ကန့်သတ်ကြောင်းဟု နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ Academy of China Council မှ သုတေသီတစ်ဉီးက ပြောကြားခဲ့သည်။   

စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ အကောက်ခွန်များသည် လုပ်ထုံးလုပ်နည်းများ ချောမွေ့စေရန်နှင့် အမြန်လမ်း ကုန်စည်ရှင်း လင်းရေးအတွက် နယ်မြေအလိုက် အစီအမံများ အံဝင်ခွင်ကျဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဥပမာအားဖြင့်၊ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်း Guangdong ၏ Huangpu အကောက်ခွန်ခရိုင်တွင် လယ်ယာထွက်ကုန်များနှင့် လတ်ဆတ်သောအစားအစာများကို  ပိုမိုမြန်ဆန်စွာ ဝင်ရောက်ခွင့် နှင့် စစ်ဆေးခြင်းတို့ကို အစိမ်းရောင်လမ်းကြောင်းဖြင့် ဆောင်ရွက်စေပြီး အုပ်ချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များအားလုံးကို ပယ်ဖျက်ခဲ့ကြောင်း ထိုသို့သော ပံ့ပိုးကူညီမှုကြောင့် ကွမ်တုန်းလယ်ယာများမှ လတ်ဆတ်သောဟင်းသီးဟင်းရွက်တစ်ထုပ်အတွက် ဟောင်ကောင်အစားအစာဈေးကွက် သို့ ရောက်ရှိရန် ၁၆ နာရီသာကြာသည်ဟု Huangpu အကောက်ခွန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါကြောင်း ပင်လယ်ရေကြောင်း ကုန်စည်ပို့ ဆောင်မှုအတွက် တရုတ်နိုင်ငံ၊ အရှေ့ဘက် Huzhou သည် ကုန်စည်တင်သွင်းသူများ ဆိပ်ကမ်းမ၀င်မီ  ကြိုတင်ဆိုက်ရောက်ကြေငြာခြင်းမော်ဒယ် ကို စတင်စေခဲ့ရာ လိုင်စင်အတည်ပြုခြင်းနှင့် အခွန်ပေးဆောင်ခြင်းတို့ကို ကုန်စည်မရောက်ရှိမီဆောင်ရွက်နိုင်ရာ ဂိတ် (သို့မဟုတ်) ဆိပ်ကမ်းတစ်ခု တွင်  စောင့်ဆိုင်းမှုကို  မိနစ် ၂၀ ထက်နည်းစေပါကြောင်း သိရှိရပါသည်။

လတ်ဆတ်သော တွန်းအား

ထောက်ပံ့ပို့ဆောင်ရေးအတွက် နည်းနာများ ကမ်းလှမ်းနေစဉ် လမ်းညွှန်ချက်အသစ်သည် နိုင်ငံခြားကုန်သွယ်မှုအတွက် တိုးတက်မှု တွန်းအား အသစ်များကို မြှင့်တင်ပေးပါကြောင်း နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးကို ရွေးချယ်ဖော်ပြခြင်းဖြင့် လမ်းညွှန်ချက်သည် ဤနယ်ပယ်ရှိ အရည်အချင်းပြည့်မီသော ကုမ္ပဏီများအား "အဆင့်မြင့်နည်းပညာ သို့မဟုတ် နည်းပညာသစ်လုပ်ငန်းများ" အဖြစ် လိုင်စင်ထုတ်ပေး ခြင်းကို အားပေးကြောင်း ဆန်းသစ်တီထွင်မှုသည် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အောင်မြင်မှုများရရှိရန် နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီ များအတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပြီး နယ်စပ်ဖြတ်ကျော် e-commerce သည် နိုင်ငံခြားကုန်သွယ်မှု၏ ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုး တက်မှုကို စံနမူနာပြုကြောင်း တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာကဏ္ဍများအတွက် ကူညီအားပေးသကဲ့သို့ နယ်စပ်ဖြတ်ကျော် e-commerce အတွက် အဆင့်မြင့်နည်းပညာဆိုင်ရာ တူညီသောမူဝါဒကို ပံ့ပိုးပေးမှသာ ဆန်းသစ်တီထွင်မှုအခြေခံသော တိုးတက်မှုကို ရရှိမည်ဖြစ်၍ အကူအညီ ပေးရန်လိုအပ်ကြောင်း Zhao မှ ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံတွင် အခွန်ဆောင်မည့်ပစ္စည်းများ ယာယီသိုလှောင်သည့် အဆောက်အဉီး (သို့မဟုတ်)‌ နေရာ bonded areas များတွင် နိုင်ငံခြားကုန် သွယ်မှုနှင့်ဆက်နွှယ်သည့် လုပ်ငန်းများကို ပြုစုပျိုးထောင်ရန်  Zhao ကအကြံပေးခဲ့ပြီး၊  ယင်းသို့ဆောင်ရွက်နိုင်ခြင်းသည် ကုန်စည်ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကုန်သွယ်မှု ပေါင်းစပ်မှု integration တစ်ခုဖြစ်ကြောင်း Zhao က ပြောကြားခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် အခွင့်အလမ်းရှာဖွေနေသော နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများအတွက် လမ်းညွှန်ချက်အသေးစိတ်အချက်များ အစီအမံများက အသေးစားနှင့် အငယ်စား ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ချေးငွေအာမခံ၏ အကျုံးဝင်မှုကိုချဲ့ထွင်ရန် ဘဏ္ဍာရေးအဖွဲ့အစည်းများအားတောင်းဆိုပြီး ဘေးအန္တရာယ်များမှ ပိုမိုကောင်းမွန်စွာ ကာကွယ် ရန်ဖြစ်ပါကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တရုတ်နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အကယ်ဒမီမှ သုတေသီ Bai Ming က ယင်းအာမခံသည် ပြည်ပဈေးကွက်သို့ ရွက်လွှင့်နေသောလုပ်ငန်းများအတွက် အစောင့်အကြပ်နှင့် နှိုင်းယှဉ်ခဲ့ သည်။ အသေးစားနှင့် အငယ်စား နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများအတွက် အာမခံကုန်ကျစရိတ်တွေကို လျှော့ချရန်နှင့် တောင်းဆိုမှုဖြေရှင်းခြင်း အတွက် ဝန်ဆောင်မှုတွေကိုမြှင့်တင်ဖို့ ပစ်မှတ်ထားကြိုးပမ်းမှုတွေ လိုအပ်ကြောင်း Bai က ပြောကြားခဲ့သည်။ ဈေးကွက်ယုံကြည်ချက်မြှင့်တင်ရေး ကြိုးပမ်းမှုတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများက နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများ၏ အရင်းအနှီးရရှိရေးကိုလည်း ကျယ်ပြန့်လာစေကြောင်း အဓိကအချက်မှာ တရုတ်နိုင်ငံ၏ ပို့ကုန်-သွင်းကုန်ဘဏ်သည် မကြာသေးမီက နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ငွေချေးစာချုပ်များ ထုတ်ပေးသည့် မူဝါဒဘဏ်ဖြစ်လာကြောင်းယွမ် ၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၄၅ သန်းခန့်) တန်ကြေးရှိပြီး တစ်နှစ်တာ ကြာမြင့်ချိန်နှင့်အတူ အဆိုပါ ငွေချေးစာချုပ်များသည် နိုင်ငံခြားကုန်သွယ်မှုကဏ္ဍများအတွက် ရန်ပုံငွေစုဆောင်းနိုင်မည်ဖြစ်ကြောင်း ဘဏ်မှ ပြောကြားချက်အရ သိရှိရ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် China makes all-out efforts to prop up foreign trade - News - 云桥网英文 (yunnangateway.com)

 

Category: China (Kunming)