China (HongKong)

နိုင်ငံခြားငွေကြေး အရန်ငွေထားရှိမှု အမျိုးမျိုးခွဲထားနိုင်ရန် တရုတ်ယွမ် ငွေကြေးလဲလှယ်မှုတွင် ပြည်ပအချက်ချာကျသည့်ဒေသ အနေဖြင့် ဆောင်ရွက်နိုင်ရန် ပေကျင်းမှ ဟောင်ကောင်ဒေသအား ပံ့ပိုးသွားမည်ဖြစ်

Last Updated:

တရုတ်နိုင်ငံသည် နိုင်ငံခြားငွေကြေး အရန်ငွေထားရှိမှု အမျိုးမျိုးခွဲထားနိုင်ရန် လာမည့် ၂၀၂၂ ခုနှစ်အတွင်း တရုတ်ယွမ်ငွေကြေးလဲလှယ်မှုတွင် ပြည်ပအချက်ချာကျ သည့်ဒေသအနေဖြင့် ဆောင်ရွက်နိုင်ရန် ပေကျင်းမှ ဟောင်ကောင်ဒေသအား ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်‌ဒေသအား ယွမ်ငွေကြေးငွေလဲလှယ်မှု အချက် အချာကျသည့် ဒေသအနေဖြင့် ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးရန်မှာ ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ်အတွင်း ဦးစားပေးအချက်ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများတွင် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကုန်တွင် ဘဏ်အပ်နှံငွေယွမ် (၈၃၄.၉) ဘီလီယံ (ဟောင်ကောင်ဒေါ်လာအားဖြင့် ၁.၀၂ ထရီလီယံ) ရှိခဲ့ရာ ယခင်နှစ် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု၏ (၄၆) ရာခိုင်နှုန်းရှိသောကြောင့် တရုတ်နိုင်ငံအတွက် ဟောင်ကောင်ဒေသသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဗဟိုဌာနအနေဖြင့် အဓိကအချက်အချာကျသည့်ဒေသဖြစ်ကြောင်း၊ ထို့ပြင် ဟောင်ကောင်ဒေသသည် မဟာ ပင်လယ်‌ကွေ့ဒေသ၏ စီမံကိန်းအရ မကာအိုနှင့် တရုတ်ပြည်မကြီးမှ မြို့ကြီးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်း၌ ဟောင်ကောင်ဒေသသည် လန်ဒန်နှင့် စင်ကာပူနိုင်ငံတို့၏ ယွမ်ငွေကြေးလဲလှယ်မှု ပြည်ပအချက်အချာကျသည့် စင်တာများကဲ့သို့ ‌ဆောင်ရွက်နိုင်ရန် စတော့ရှယ်ယာ၊ စာချုပ်များနှင့် ပိုင်ဆိုင်မှု စီမံခန့်ခွဲမှု ချိတ်ဆက်မှု အစီအစဉ်တို့အား တရုတ်ပြည်မကြီးနှင့် စီးပွားရေးလုပ်ငန်းများ နီးကပ်စွာ ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအား ပံ့ပိုးပေးမည့်မူဝါဒနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ဗဟိုဘဏ်မှ ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် ရှင်းလင်းဖော်ပြခြင်း မရှိ သော်လည်း၊ ယွမ်ငွေကြေးသုံးစွဲမှုများ၊ ကုန်သွယ်ရေးအတွက် ပေးချေမှုနှင့် ဒစ်ဂျစ်တယ်ယွမ်သုံးစွဲမှုတို့အတွက် အလားအလာကောင်းအများအပြားရှိကြောင်း၊ ရပ်ဝန်း နှင့် ပိုးလမ်းတစ်လျေှာက်ရှိ နိုင်ငံများမှ ကုမ္ပဏီများအနေဖြင့် ရှယ်ယာများနှင့် စာချုပ်များ ရင်းနှီးမြှုပ်နှံမှုတွင် အခက်အခဲများရှိကြောင်း၊ သို့ဖြစ်ရာ အရည်အချင်းပြည့်မီ သည့် နိုင်ငံခြားကုမ္ပဏီများအား တရုတ်စတော့ရှယ်ယာဈေးကွက်မှ ဘဏ္ဍာငွေများ မတည်ရင်းနှီးမြှုပ်နှံနိုင်ရန် တရုတ်နိုင်ငံအနေဖြင့်  ခွင့်ပြုပေးသင့်ကြောင်း၊ သို့သော် ငွေသွင်း/ ငွေထုတ် ငွေသားစီးဆင်းမှုများ လျင်မြန်ချောမွေ့စေရန် လဲလှယ်နိုင်မည့် ရင်းနှီးငွေအမြောက်အမြား လိုအပ်မည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဟောင်ကောင်ရှိ  အစုရှယ်ယာကုမ္ပဏီ (၃) ခုအတွက် တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ စာချုပ်အနေဖြင့် ယွမ် (၂၀) ဘီလီယံ ထုတ်ပေးခဲ့ကြောင်း၊ ယခင်ရက်သတ္တပတ်က ယွမ် (၅) ဘီလီယံတန်ဖိုးရှိ ဗဟိုဘဏ်၏ ငွေစက္ကူများကို တရုတ်နိုင်ငံ People’s Bank of China မှ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ထုတ်ရောင်းခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာ၏ လွှမ်းမိုးမှုကို ပယ်ဖျက်နိုင်ရန်နှင့် ငွေကြေးစနစ်တွင် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုအား ဝါရှင်တန်မှ တင်းကြပ်မှုများ ပြုလုပ်မည်ကို ၂၀၁၈ ခုနှစ်ကတည်းက စိုးရိမ်မှုများဖြစ်ခဲ့သောကြောင့် ပေကျင်းသည် တရုတ်နိုင်ငံ၏ ယွမ်ငွေကြေးအား နိုင်ငံတကာအသုံးပြုနိုင်ရေး အစီအစဉ်ကို ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ယွမ်ငွေကြေးအား နိုင်ငံတကာ အသုံးပြုနိုင်ရန် ဆောင်ရွက်မှုမှာ နှေးကွေးလျက်ရှိပြီး နိုင်ငံတကာငွေပေးချေမှု၊ အရန်ငွေကြေးနှင့် နိုင်ငံခြားငွေလဲလှယ် ရောင်း ဝယ်မှုများတွင် အမေရိကန်ဒေါ်လာ၏ နောက်တွင်ရှိဆဲဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း နိုင်ငံတကာ ငွေပေးချေမှုတွင် အမေရိကန်ဒေါ်လာ (၄၀.၃၉) ရာခိုင် နှုန်း၊ ယူရို (၃၃.၅၂) ရာခိုင်နှုန်းတို့နှင့်နှိုင်းယှဉ်လျှင် တရုတ်ယွမ်ငွေကြေးမှာ (၂.၁၄) ရာခိုင်နှုန်းရှိပြီး အဆင့် (၅) တွင်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေကြေး ပြည်ပနိုင်ငံများတွင် အသုံးပြုမှုမြှင့်တင်နိုင်ရန် ဒစ်ဂျစ်တယ်ယွမ်ငွေကြေးအစီအစဉ်အား အဆင့်မြှင့်တင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးများအား နယ်မြေဖြတ်ကျော်ပေးချေမှုစနစ်များလေ့လာနိုင်ရန် တရုတ်နိုင်ငံ People’s Bank of China သည် ဟောင်ကောင်‌ငွေကြေး အာဏာပိုင်အဖွဲ့၊ ထိုင်း နိုင်ငံရှိ ဗဟိုဘဏ်၊ ယူအေအီးတို့နှင့် တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီကြီးများအနေဖြင့် နိုင်ငံခြားငွေလဲလှယ်မှုများ ပိုမိုလွယ်ကူ စေရန် ယွမ်ငွေကြေးများ ပမာဏအများအပြား ကိုင်ဆောင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကရှယ်ယာလုပ်ငန်းများ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် အသေး စား စီမံကိန်းဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post  (29-12-2021)

Category: China (HongKong)