China(Beijing)

နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ရေကြီး/ ရေလျှံမှုများကြောင့် စားသုံးသူဈေးဆနှုန်းကိန်း (CPI) အပေါ် ယာယီထိခိုက်စေမည်ဟု ပြောကြားခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးကြီး၍ ရေကြီးရေလျှံမှုများကြောင့် တရုတ်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်း (CPI) အပေါ် ကာလတိုသက်ရောက်မှုများဖြစ်ပေါ်စေမည်ဟု ကျွမ်းကျင်သူများမှပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ဈေးကွက်အတွင်း ကုန်စည်ရောင်းလိုအား လုံလောက်မှုရှိသည့်အတွက် စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ နောက်ပိုင်းကာလများအတွင်း၌ သိသာစွာမြင့်တက်စေမည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာဒေသန္တရအာဏာပိုင်များမှ ထုတ်ပြန်ခဲ့သည့်စာရင်းများအရ တရုတ်နိုင်ငံ၊ အရှေ့ပိုင်းဒေသရှိ ရေကြီးမှုများ အဓိကဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ တစ်ခုအပါအဝင်ဖြစ်သော Jiangxi ပြည်နယ်တစ်ခုတည်းတွင်ပင် စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှု တရုတ်ယွမ်ငွေ (၆.၄၉)ဘီလီယံ( အမေရိ ကန်ဒေါ်လာ (၉၂၆.၉) သန်း) ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါပြည်နယ်အတွင်း၌ စားနပ်ရိက္ခာ များလုံလောက်စွာရှိသော်လည်း စားသောက်ကုန်များအား အသည်းအသန် ဝယ်ယူလျက်ရှိသည့်အတွက် ဈေးနှုန်းများမြင့်တက်လာကြောင်း၊ သက်ဆိုင်ရာဒေသတွင် နေထိုင်သူများအနေဖြင့် မိုးသည်းထန်မှုများပိုမိုဖြစ်ပွားပါက အဆင်သင့်ထားရှိနိုင်ရန် အစားအစာများ ဝယ်ယူ စုဆောင်းနေကြကြောင်း၊ ဝက်သားဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ထပ်မံ၍ မြင့် တက်လာနိုင်ဖွယ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ဝက်သားနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် တရုတ်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်း(CPI) သည် (၂.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ဝက်သားဈေးနှုန်းများသည် ( ၈၁.၆) ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက် ဈေးနှုန်း (၄.၂) ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလထက် (၀.၁) ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ ရေကြီးမှုများကြောင့် ရောင်းလိုအားကျဆင်းခဲ့သည့်အတွက် ဈေး နှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ရေကြီးမှုများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့သည့် Jiangxi အပါအဝင် ပြည်နယ်အချို့သည် ရောင်းလိုအားများ ပြန်လည် မြင့်တက်လာသည်ကို တွေ့ရှိရသဖြင့် ဈေးနှုန်းများမြင့်တက်မှုသည် ယာယီသာဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားစဉ်မှစတင်၍ ပြည်တွင်းတွင် ဝက်မွေးမြူရေး လုပ်ငန်းအား အဓိကထားလုပ်ဆောင်ခဲ့သည့်အတွက် ဝက်သား ရောင်းလိုအား လုံလောက်မှုရှိကြောင်း၊ ရောင်းလိုအားမြင့်တက်လျက်ရှိသည့်အတွက် ရေကြီးမှုများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အကြီးမားဆုံးဖိအားမှာ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ လျှော့ကျသွားမည်ဆိုပါက သယ်ယူပို့ဆောင်ရေး အခက်အခဲအခိုက်အတန့်သာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံမှုများကြောင့် စီးပွားရေးဆုံးရှုံး နစ်နာမှု တရုတ်ယွမ်ငွေ (၆၇) ဘီလီယံကျော် ဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ယခုနှစ်ဖြစ်ပွားသည့်ရေကြီးရေလျှံမှုများသည် ပိုမို ကောင်းမွန် သည့် စီမံဆောင်ရွက်မှုများဖြင့် ကြိုတင်ကာကွယ်တားဆီးထားသည့်အတွက် ၂၀၁၆ ခုနှစ်ကထက် ဆုံးရှုံးမှုလျှော့ကျမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ တတိယလေးလ ပတ်ကာလအတွင်း၌ မြင့်တက်လာနိုင်ဖွယ်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ကုန်တွင် မိုးရွာသွန်းမှုရပ်တန့်သွားပါက စားသုံးသူဈေးဆနှုန်းကိန်း (CPI) ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ ပေကျင်း)

ရင်းမြစ်: https://www.globaltimes.cn/content/1194403.shtml

Category: China(Beijing)