China(Nanning)

နိုဝင်ဘာ (၁) ရက်နေ့တွင် ရှန်တုန်းရေနံချက်စက်ရုံမှ ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ

Last Updated:

နိုဝင်ဘာလ (၁) ရက်နေ့တွင် ရှန်တုန်းရေနံချက်စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၈,၄၇၄.၈၀) နှင့် ဒီဇယ်ဆီဈေးနှုန်းမှာ တစ်တန် လျှင် ယွမ်ငွေ (၈,၁၀၇.၄၀) အသီးသီး ရှိခဲ့ပါသည်။ ၎င်းစက်ရုံမှ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများ ကို ကောင်းစွာဆောင်ရွက်နေသည်ဟု သိရပါသည်။

ရှန်တုန်းရှိ ဒီဇယ်ဆီဈေးနှုန်းမှာ မြင့်တက်နေပြီး၊ ဓာတ်ဆီဈေးနှုန်းတွင်မူ အပြောင်းအလဲ အနည်းငယ်သာရှိပါသည်။ လုပ်ငန်းသုံးဈေးနှုန်း (transaction price) များ အနေဖြင့် guoliu မော်တော်ယာဉ်သုံး 92# ဓာတ်ဆီဈေးနှုန်းမှာ ယွမ်ငွေ (၈,၄၅၀ မှ ၈,၆၅၀ ကြား)၊ guoliu မော်တော်ယာဉ်သုံး 95# ဓာတ်ဆီဈေးနှုန်းမှာ ယွမ်ငွေ (၈,၅၅၀ မှ ၈,၇၅၀ ကြား)၊ guoliu မော်တော်ယာဉ်သုံး 0# ဒီဇယ်ဆီဈေးနှုန်းမှာ ယွမ်ငွေ (၈,၀၀၀ မှ ၈,၂၀၀ ကြား) ဖြစ်ပေါ်နေပါသည်။

ရေနံစိမ်း ကြိုရောင်းကြိုဝယ်ဈေးနှုန်းမှာ ပိုမိုမြင့်မားသည့် ဈေးနှုန်းဖြစ်ပေါ်နေသဖြင့် U.S. WTI ရေနံစိမ်းဈေးမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၃.၅၇) အထိ လည်းကောင်း၊ Brent ရေနံစိမ်းဈေးမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၃.၇၂) အထိလည်းကောင်း အဓိကစာချုပ်ဈေးနှုန်းများ ဖြစ်ပေါ်နေပါသည်။

လက်ရှိအချိန်တွင် လောင်စာဆီဈေးကွက်မှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပမည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့နှင့် ၎င်း၏ မိတ်ဖက်များ ကျင်းပသည့် အစည်းအဝေး၏ ရလဒ်ကို စောင့်ဆိုင်းနေကြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၂-၁၁-၂၀၂၁)

Category: China(Nanning)