China(Nanning)

နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံဈေးကွက်၌ အဖိုးတန်သတ္တုဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ အဖိုးတန်သတ္တုလက်ငင်းအဝယ်ဈေးနှုန်းလမ်းကြောင်းများ

Last Updated:

နိုဝင်ဘာလ (၃၀) ရက်နေ့အစောပိုင်း အရောင်းအဝယ်တွင် ငွေသတ္တု၏ ပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၄,၇၁၇.၃၃)ယွမ် ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ နိုဝင်ဘာ လ (၁) ရက်နေ့တွင် လက်ငင်းအရောင်းအဝယ်ဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၄,၈၄၆) နှင့်နှိုင်းယှဉ်ပါက (၂.၆၃) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊  ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၅,၅၅၀) နှင့်နှိုင်းယှဉ်ပါက (၁၄.၉၉) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေသတ္တုလက်ငင်းဈေးနှုန်းမှာ တစ်ဂရမ်လျှင် ယွမ်ငွေ (၃၇၀.၁၉) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းသည် နိုဝင်ဘာလ (၁) ရက် နေ့တွင် လက်ငင်းအရောင်းအဝယ်ဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်း တစ်ဂရမ်လျှင် ယွမ်ငွေ(၃၆၉.၆၀) နှင့်နှိုင်းယှဉ်ပါက (၀.၄၂) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်း တစ်ဂရမ်လျှင် (၃၉၂.၇၀) ယွမ်နှင့်နှိုင်းယှဉ်ပါက (၆.၂၈) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Federal Reserve မှ ကြေညာချက်အရ “အစောပိုင်း အတိုးနှုန်းမြင့်တက်လာနိုင်မှု” မျှော်လင့်ချက်နှင့် ကြွေးမြီဝယ်ယူမှုလျှော့ချရေးကို အရှိန်မြှင့်တင်ဆောင်ရွက်မည့် မျှော်လင့်ချက်များမှာလည်း အဖိုးတန်သတ္တုဈေးနှုန်းများ အနည်းငယ်ကျဆင်းလာခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ အတိုးနှုန်း အမြင့်ဖြင့် ငွေတိုက်စာချုပ်များ ထုတ်ရောင်းလာလျှင် အတိုးနှုန်းမရသည့် ရွှေကဲ့သို့ အဖိုးတန်သတ္တုများကို ဝယ်လိုအားလျော့နည်းလာနိုင်ပါသည်။

ထို့ပြင် ပြီးခဲ့သည့်သောကြာနေ့တွင် တောင်အာဖရိက၌ ကပ်ရောဂါပိုးမျိုးကွဲအသစ် တွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်  အမေရိကန်ပြည်ထောင်စုက ၎င်း၏ အရံသိုလှောင်ထားရှိမှုများကို ထုတ်ပစ်လိုက်ရာ၊ နိုင်ငံအများအပြားမှ ရေနံစိမ်းအရံသိုလှောင်မှုများကို ဈေးကွက်အတွင်းထုတ်ရောင်းရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွား ပါသည်။ အဆိုပါလုပ်ဆောင်ချက်သည် ရေနံစိမ်းဈေးကွက်ရောင်းလိုအားကို သက်ရောက်သဖြင့် ရေနံစိမ်းဈေးနှုန်းများ အတိုင်းအတာတစ်ခုအထိ ကျဆင်းစေခဲ့ပြီး အဖိုး တန်သတ္တုများ၏ ဈေးနှုန်းများကိုလည်း အနည်းငယ် ကျဆင်းစေခဲ့ပါသည်။

ခြုံငုံသုံးသပ်ရလျှင် ရေတိုကာလတွင် အဖိုးတန်သတ္တုများ၏ ဈေးနှုန်းများမှာ အတက်ဘက်သို့ ရောက်နိုင်ခြေနည်းပါးကာ၊ အတက်အကျဖြစ်နေဉီးမည်ဟု သုံးသပ်ရရှိ ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၁-၂-၂၀၂၁)

Category: China(Nanning)