China(Nanning)

နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ဘိလပ်မြေဝယ်လိုအား လျော့နည်းခဲ့သောကြောင့် ဈေးနှုန်းများ ကျဆင်းခဲ့

Last Updated:

တရုတ်နိုင်ငံ အရှေ့ပိုင်း၌ နိုဝင်ဘာလအစောပိုင်းတွင် ဘိလပ်မြေဈေးနှုန်း တစ်တန်လျှင် ယွမ်ငွေ (၆၆၆.၆၇) ရှိခဲ့ရာမှ၊ နိုဝင်ဘာလနှောင်းပိုင်းတွင် တစ်တန်လျှင် ယွမ်ငွေ (၆၂၅) သာ ရှိခဲ့သည့်အတွက် (၆.၂၅) ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရပါသည်။ သို့ရာတွင် ၎င်းဈေးနှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၂၃.၆၇) ရာခိုင်နှုန်း မြင့်တက် နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုဝင်ဘာလအတွင်း စွမ်းအင်နှင့် ထုတ်လုပ်မှုကန့်သတ်ချက်များကို ကျယ်ပြန့်စွာ ဖြေလျှော့ပေးခဲ့ခြင်း၊ ဘိလပ်မြေလုပ်ငန်းများ၏ ကုန်ပစ္စည်းသိုလှောင်မှု ဆက်လက် များပြားခဲ့ခြင်း၊ ကျောက်မီးသွေးဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့သဖြင့် ဘိလပ်မြေထုတ်လုပ်သည့် ကုန်ကျစရိတ်လျော့နည်းခြင်းတို့ကြောင့် ဘိလပ်မြေဈေးကွက် အေးလာရခြင်းဖြစ်ပါသည်။ ထို့ပြင် အိမ်ခြံမြေဆောက်လုပ်ရေးစီမံကိန်းများမှာလည်း နှေးကွေးလာပြီး၊ အရောင်းအဝယ်လည်း အေးလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ရေတိုကာလတွင် တရုတ်နိုင်ငံ၏ ဘိလပ်မြေဈေးကွက် ဆက်လက်ကျဆင်းနေဉီးမည်ဟု ခန့်မှန်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၃၀-၁၁-၂၀၂၁)

Category: China(Nanning)