China(Beijing)

နို့ထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်သွားမည်ဖြစ်ခြင်း

Last Updated:


တရုတ်နိုင်ငံသည် နို့ထွက်ပစ္စည်းဝယ်ယူစားသုံးမှု လျင်မြန်စွာ မြင့်တက်လျက်ရှိသည့်အတွက် နို့ထွက်ပစ္စည်းတန်ချိန် (၃၉.၇၉) သန်းအထိ ထုတ်လုပ် နိုင်ရန် မျှော်မှန်းထားကြောင်း၊ အလားတူပင် ၂၀၃၁ ခုနှစ်သို့ အရောက်တွင် နို့ထွက်ပစ္စည်းတန်ချိန် (၅၄) သန်းနီးပါးထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ နို့ထွက်ပစ္စည်းများစားသုံးမှုသည် ပြီးခဲ့သည့် (၁၀) နှသ်တာကာလအတွင်း ပျှမ်းမျှ (၃.၆) ရာခိုင်နှုန်း မြင့်တက်လာ ကြောင်း၊ ပြီးခဲ့သည့်နှစ်နှစ်တာကာလအတွင်း မိသားစုအလိုက် နို့ထွက်ပစ္စည်းများသုံးစွဲမှုသည် တဟုန်ထိုးမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ လူတစ်ဦးချင်းစီ၏ နို့ထွက်ပစ္စည်းများသုံးစွဲမှုသည် (၄၂.၃) ကီလိုဂရမ်ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၁၁.၈) ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ တရုတ်နိုင်ငံရှိ စားသုံးသူများသည် ကျန်းမာရေးကောင်းမွန်စေသည့် စားသုံးကုန်များအား ဝယ်ယူစားသုံးသည့် ပုံစံပြောင်းလဲ လာသည့်အတွက် ကိုယ်ခံအားကောင်းမွန်စေမည့် အစားအသောက်များ ဝယ်ယူသုံးစွဲမှု မြင့်တက်လာကြောင်း၊ သို့ဖြစ်ရာ နို့ထွက်ပစ္စည်းရောင်းချရမှု တဟုန်ထိုးမြင့်တက်လာကြောင်း တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်၊ ပထမလေးလတ်တာကာလအတွင်း နို့တန်ချိန် (၇.၆၈) သန်း ထုတ်လုပ်ခဲ့ရာ ပြီးခဲ့သည့်နှစ် ကာလတူထက် (၈.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)
Source: https://english.news.cn/20220424/0d2c94abd5df43f290bfb2954cdfb11a/c.html

 

Category: China(Beijing)