China(Beijing)

နောင်လာမည့် ငါးနှစ်တာကာလအတွင်း ပြည်တွင်းသတ္တုထုတ်လုပ်မှု မြှင့်တင်သွားမည်ဖြစ်ခြင်း

Last Updated:

ပြည်ပမှ သတ္တုတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ပါးသက်သာစေရန်အတွက် နောင်လာမည့်ငါးနှစ်အတွင်း၌ ပြည်တွင်း သတ္တု ထုတ်လုပ်မှုတန်ချိန် (၁၀၀) သန်းကို ရောက်ရှိအောင် ဆောင်ရွက်မည်ဟု တရုတ်သံနှင့် သံမဏိအဖွဲ့အစည်း (CISA) သည် သံနှင့် သံမဏိတိုးချဲ့ထုတ်လုပ်ရန် ငါးနှစ်စီမံကိန်းအား သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းများ၏ သံနှင့် သံမဏိလိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်၊ နောင်လာမည့် နှစ်နှစ်မှ သုံးနှစ်တာကာလအတွင်း ပြည်ပနိုင်ငံများမှ သံရိုင်းတင်သွင်းမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအရ ၂၀၂၅ ခုနှစ်သို့ အရောက် တွင် ပြည်တွင်းသတ္တုထုတ်လုပ်မှုသည် တန်ချိန် (၃၇၀) သန်း၊ သံမဏိသုံးစွဲမှု တန်ချိန် (၃၀၀) သန်းနှင့် နိုင်ငံခြားမှ လာရောက်လုပ် ကိုင်သည့် သတ္တုတွင်းများမှ ထွက်ရှိမှုတန်ချိန် (၂၂၀) သန်း ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ တရုတ်နိုင်ငံသည် လက်ရှိကာလ အထိ ပြည်တွင်းသံရိုင်းလိုအပ်ချက်၏ (၈၀) ရာခိုင်နှုန်းအား ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းနေရကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https:Uwww.globaltimes.cn/page/202203/1253803.shtml

Category: China(Beijing)