ဟောင်ကောင်ဒေသအစိုးရမှ ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်းများနှင့်တစ်ခါသုံး နှာခေါင်းစည်းများကို ဟောင်ကောင်ဒေသရှိ အိမ်ထောင်စုများအား အခဲ့မဲ့ဖြန့်ဝေပေးသွားမည် ဟုကြေငြာခဲ့ကြောင်း၊ အိမ်ထောင်စု တိုင်းအတွက် အခမဲ့ဖြန့်ဝေရာတွင် ပြန်လည်အသုံးပြု၍ရသည့် နှာခေါင်းစည်းများကို (၁) ဦးလျှင် (၁) ခုစီရရှိမည် ဖြစ်ပြီး တစ်ခါသုံး နှာခေါင်းစည်းများကို တစ်ခါသုံးနှာခေါင်းစည်း (၁၀) ခုပါမည်ဖြစ်ကြောင်း၊ ပြန်လည်အသုံးပြု နိုင်သည့် နှာခေါင်းစည်းများအား အကြိမ် (၆၀) အထိ ရေလျှော်၍ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ဖြစ်ပွားချိန်မှစတင်၍ နှာခေါင်းစည်းကိုသာ ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များအတွက် ဖိအားဖြစ်နိုင်ကြောင်း၊ ဟောင်ကောင်ဒေသတွင် နှာခေါင်းစည်းဝယ်လိုအား လျော့နည်းလာမည်ဖြစ်ရာ ဟောင်ကောင်လုပ်ငန်းရှင်များသည် နှာခေါင်းစည်းများအား ပြည်ပသို့တင်ပို့ရောင်းချရန် စဉ်းစားလာကြောင်း၊ နှာခေါင်းစည်းအခု (၅၀) ပါရှိသည့် ဘူးတစ်ဘူး၏ ဈေးနှုန်းမှာ ပုံမှန်အချိန်တွင် တစ်ဘူးလျှင် ဟောင်ကောင်ဒေါ်လာ (၅၀) ဒေါ်လာသာရှိရာမှ COVID-19 စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တစ်ဘူးလျှင် ဟောင်ကောင်ဒေါ်လာ (၄၀၀) အထိမြင့်တက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ နှာခေါင်းစည်းထုတ်လုပ်သူ (၂၀) ကျော်အထိရှိခဲ့ကြောင်း၊ ပြန်လည်အသုံးပြု၍ရသည့် နှာခေါင်းစည်းများမှာ ရေလျှော်ရန်နှင့် ရေခြောက်မည့်အချိန်ကို စောင့်ရမည်ဖြစ်ကြောင်း၊ အပြင်ထွက်ခါနီးအချိန်တွင် လျှော်ထားသည့်နှာခေါင်းစည်း မခြောက်လျှင် တစ်ခါသုံးနှာခေါင်းစည်းကို အသုံးပြုရမည်ဖြစ်ကြောင်း၊ တစ်ခါသုံးနှာခေါင်းစည်းများမှာ သက်ကြီးရွယ်အိုဂေဟာများ နှင့် စားသောက်ဆိုင်များအတွက် အဆင်ပြေကြောင်း၊ ပြန်လည်အသုံးပြု၍ရသည့် နှာခေါင်းစည်းများမှာ ဆေးရုံများသို့ သွားရောက်သည့်သူများ၊ ဖျားနာနေသူများနှင့် အသက်ရှူလမ်းကြောင်းဝေဒနာ ခံစားနေရသူများအနေဖြင့် အသုံးပြုရန် မသင့်တော်ကြောင်း၊ အစိုးရမှ နှာခေါင်းစည်းများ အခမဲ့ပံ့ပိုးပေးမည်ဖြစ်သောကြောင့် နှာခေါင်းစည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် ပြည်ပသို့တင်ပို့ရောင်းချခြင်း၊ ကျောင်းများနှင့် လုပ်ငန်းရှင်များသို့ ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နှာခေါင်းစည်းရောင်းချခြင်းဖြင့် အမြတ်ရရှိမှုနည်းသော်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သောကြောင့် ကျေနပ်မိကြောင်း၊ လုပ်ငန်းရှင်များ အဆင်ပြေစေရန် COVID-19 ဖြစ်ပွားမှု ပြီးဆုံးလျှင်ပင် ဒေသအစိုးရမှနှာခေါင်းစည်းများ ဝယ်ယူပေးခြင်းဖြင့် ပံ့ပိုးပေးလိမ့်မည်ဟုမျှော်လင့်ကြောင်း၊ ဟောင်ကောင်ဒေသတွင် နှစ်စဉ် တုပ်ကွေးရာသီရှိကြောင်း၊ ဒေသအစိုးရနှင့် ဆေးရုံများအနေဖြင့် ပြည်ပမှ နှာခေါင်းစည်းများ ဝယ်ယူခြင်းထက် ဒေသထုတ် နှာခေါင်းစည်းများကို ဝယ်ယူပေးရန် မျှော်လင့်ကြောင်း၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာ ဝန်ကြီး Mr. Alfred Sit Wing-Hang က ပြောကြားရာတွင် ပြန်လည်အသုံးပြု၍ရသည့်နှာခေါင်းစည်း CuMask+ အား ၆-၅-၂၀၂၀ ရက်နေ့မှ စတင်လျှောက်ထားခဲ့ရာ ယခုအခါ ဒေသလူဦးရေ၏ (၃) ပုံ (၁) ပုံ ဖြစ်သည့် လူဦးရေ (၂.၆) မီလီယံအထိ လျှောက်ထားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Phila Siu က “Start-ups Rethinking Plans after Face mask Giveaway” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)