China(Nanning)

ပထဝီဝင်ဒေသညွှန်းဆိုင်ရာမူပိုင်ခွင့်များပြုလုပ်လိုက်သည့် အီးယူနှင့် တရုတ်

Last Updated:

ပထဝီဝင်အလိုက် လူသိများသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ကာကွယ်နိုင်ရေး အထောက်အကူပြုရန် ရေးဆွဲထားသည့် ပထမဆုံး အီးယူ (ဉရောပ သမဂ္ဂ)- တရုတ် နှစ်နိုင်ငံ ကုန်သွယ် ရေးသဘောတူညီချက်အား ဉရောပသမဂ္ဂကောင်စီမှ အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်ခွင့်ကာကွယ်ရေး အကောင်အထည်ပေါ်လာရန် များစွာမလိုတော့ကြောင်း သိရပါ သည်။

၎င်းစာချုပ်တွင် ကနဉီးအနေဖြင့် Yantai ပန်းသီးနှင့် ပေါ်တူဂီမှ Pêra Rochaပန်းသစ်တော်သီးကဲ့သို့သော သစ်သီးဝလံများ အပါအဝင် ပထဝီဝင်ဒေသညွှန်းဆိုင်ရာမူပိုင်ခွင့် (geographical indication-GI) ကာကွယ်ပေးမည့် နိုင်ငံတစ်နိုင်ငံစီမှ လယ်ယာစိုက်ပျိုးရေးအစားအစာအမျိုး (၁၀၀) အား ထည့်သွင်းထားပါသည်။

ဉရောပသမဂ္ဂလွှတ်တော်မှ အတည်ပြုချက်ရရှိပြီးသည်နှင့်(၂၀၂၀) ခုနှစ်နှောင်းပိုင်းတွင် ၎င်းစာချုပ်အသက်ဝင်လာဖွယ်ရှိပါသည်။ ၎င်းစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများကို (၂၀၁၀) ခုနှစ်၊ စက်တင်ဘာလ ကတည်းကစတင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံများ အကြား အချို့သောကာကွယ်မှုများကို သီးခြား GI အစီအစဉ်များဖြင့် စတင်ပေးထားနှင့်ပြီဖြစ်ပါသည်။

ပထဝီဝင်ဒေသညွှန်းဆိုင်ရာ မူပိုင်ခွင့် (geographical indication-GI) ဟူသည်မှာ ပစ္စည်းတစ်ရပ်၏ ပင်ရင်းဒေသကြောင့် နာမည်ဂုဏ်သတင်း ထင်ရှားကျော်ဇောခြင်း (သို့မဟုတ်) ထူးခြားသောအရည် အသွေးကို ပိုင်ဆိုင်ထားခြင်းနှင့် အထူးပြုပထဝီဝင်ဆိုင်ရာ ပင်ရင်းဒေသရှိခြင်းအပေါ် အသုံးပြုသည့် ထင်ရှားသောသင်္ကေတလက္ခဏာဖြစ်ပါသည်။

အီးယူ-တရုတ်သဘောတူညီချက်က ကုန်စည်များ၏ အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်ခွင့်များ ကာကွယ်ရေးနှင့် စိတ်ချလုံခြုံစေရေးတို့ ကို အထောက်အကူပြုပေးမည်ဖြစ် ပါသည်။

ဤစာချုပ်အသက်ဝင်လာပြီး (၄) နှစ်မြောက်သည့်အခါ ဤစာချုပ်ပါ ခြုံငုံမှုများကို နှစ်ဘက်စာချုပ်ဝင်နိုင်ငံများမှ GI အမည်ပေါင်း (၁၇၅) ခုကို ထပ်မံထည့်သွင်းမည်ဖြစ်ပါသည်။  ဤစာချုပ်တွင် ပထဝီဝင် ဒေသညွှန်းဆိုင်ရာမူပိုင်ခွင့်များ ပိုမိုထည့်သွင်းသွားရန် ယန္တရားထည့်သွင်းချုပ်ဆိုထားပြီးဖြစ်ပါသည်။

ပထမဆုံးပါဝင်သည့် ကုန်စည်အမယ်အမျိုး (၂၀၀) အနက် Gannan လိမ္မော်သီး၊ Fangxian မှို၊  Nanfeng လိမ္မော်ချို၊  Korla ပန်း သစ်တော်သီး၊ Anyue သံပယိုသီး၊ Jingning ပန်းသီးနှင့် Wuxi အာလူး တို့ လည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ fruitnet.com (၄-၈-၂၀၂၀)

Category: China(Nanning)