China(Nanning)

ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် မြန်မာကောင်စစ်ဝန်ချုပ် ချီးကျူးပြောကြား

Last Updated:

ပန်- ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အလွန်အရေး ပါကြောင်း  နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဉီးစိုးသက်နောင်က  ချီးကျူးပြောကြားခဲ့ပါသည်။

 “ကျွန်ုပ်အနေဖြင့် (၁၀) ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့သည့် ပန်- ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်များအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပထမဉီးစွာ ပြောကြားလိုပါကြောင်း၊ (၁၁) ကြိမ်မြောက် ဖိုရမ်၌ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် ထပ်မံဆွေးနွေး နိုင်မည်ဟုမျှော်လင့်ပြီး၊ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း- ပင်လယ်ရေကြောင်းလမ်းစင်္ကြံ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးစသည်တို့ကို ခြုံငုံသည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးရလဒ်များ ပိုမိုပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း”  အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်အကြို အင်တာဗျူးတွင် ဉီးစိုးသက်နောင်က ပြောကြားခဲ့ပါသည်။

ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံက တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်တွင် နယ်ပယ်အများအပြား၌ မြန်မာနိုင်ငံနှင့် ကွမ်ရှီးတို့ အကျိုးဖြစ်ထွန်းရရှိလျက်ရှိကြကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ ရန်နှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့တင်ပို့ရန် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၏ ချင်းကျိုးဆိပ်ကမ်းအား မြန်မာနိုင်ငံမှ ဆိပ်ကမ်းများနှင့် ညီအစ်မဆိပ်ကမ်းဆက်ဆံရေးတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း  မြန်မာကောင်စစ်ဝန်ချုပ် က မှတ်ချက် ပြုပြောကြားခဲ့ပါသည်။

လက်ရှိအချိန်၌ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့မှာ တရုတ်- မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအပေါ် ဆောင်ရွက်နေကြပြီး၊ ၎င်းစင်္ကြံမှာ တရုတ်နိုင်ငံနှင့် အင်ဒိုချိုင်း နားကျွန်းဆွယ်တို့အား ကုန်းလမ်းမှ ဆက်သွယ်ထားသည့် စီးပွားရေးစင်္ကြံဖြစ်လာမည်ဖြစ်ပါသည်။ 

ပန်-ပေပုပင်လယ်ကွေ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ ဖွံ့ဖြိုးလာပြီး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်း လမ်းစင်္ကြံအသစ်တို့အား အနာဂတ်တွင် ချိတ်ဆက်နိုင်မည်ဟု မြန်မာကောင်စစ်ဝန်ချုပ်က မျှော်လင့်ထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၁၄-၁၀-၂၀၂၀)

Category: China(Nanning)