Brazil

ပါရာဂွေးနိုင်ငံတွင် ပဲပုတ်စေ့စိုက်ပျိုးမှု စတင်

Last Updated:

ပါရာဂွေးနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီအတွက် ပဲပုတ်စေ့စိုက်ပျိုးမှုစတင်ခဲ့ပြီး စုစုပေါင်းစိုက်ပျိုးမြေဟက်တာ ၃.၇ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ပဲပုတ်စေ့စိုက်ပျိုးမှုမှ ပဲပုတ်စေ့သီးနှံတန်ချိန် ၁၀သန်းကျော် ထွက်ရှိရန်မျှော်မှန်းထားပြီး မျှော်မှန်းသည့်အတိုင်းထွက်ရှိပါက ယခုနှစ်အပါအဝင် ၃ နှစ်ဆက်တိုက် ဖြစ်လာမည်ဖြစ်သည်။

ပါရာဂွေးနိုင်ငံတွင် အငယ်စားပဲပုတ်စေ့စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၃,၀၀၀ ပြီး စိုက်ပျိုးမြေဟက်တာ ၈၆၀,၀၀၀ တွင် ပဲပုတ်စေ့သီးနှံများစိုက်ပျိုးထုတ်လုပ်မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ရရှိနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး Santiago Bertoni က ပြောကြားခဲ့သည်။

ပါရာဂွေးနိုင်ငံတွင်စိုက်ပျိုးသည့် ပဲပုတ်စေ့မျိုးများအား ဘိုလီးဗီးယားနှင့်ဘရာဇီးလ်နိုင်ငံတို့တွင် စိုက်ပျိုးလျက်ရှိပြီး ဥရုဂွေးနိုင်ငံတွင်လည်း မျိုးအဖြစ် စတင်အသုံးပြုရန် စီစဉ်လျက် ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံအစိုးရလက်အောက်ရှိ National Supply Company (Conab)၏ စာရင်း များအရ ဘရာဇီးလ်နိုင်ငံမှ နှစ်စဉ်ပဲပုတ်စေ့တန်ချိန် ၁၄၁ သန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပါရာဂွေးနိုင်ငံမှ ထွက်ရှိသည့်ပဲပုတ်စေ့ပမာဏထက် ၁၄ ဆခန့် ပိုမိုများပြားကြောင်း ဝန်ကြီး Bertoni က ပြောကြားခဲ့သည်။ 

ထို့အပြင် ကမ္ဘာပေါ်တွင် ပဲပုတ်စေ့အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် ဘရာဇီးလ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အာဂျင်တီးနားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ပြီးလျင် ပါရာဂွေးနိုင်ငံသည် ပဉ္စမမြောက် ပဲပုတ်စေ့အများဆုံး စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ကြောင်း ဝန်ကြီး Bertoni က ပြောကြားခဲ့သည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil