Thailand

ပို့ကုန်တင်ပို့မှုအနေဖြင့် ရည်မှန်းချက်ကို ကျော်လွန်နိုင်ခြင်း

Last Updated:

ယခုနှစ်ပထမ (၅) လအတွင်း ခိုင်မာကောင်းမွန်သည့် ပို့ကုန်တင်ပို့မှုများကြောင့် အစိုးရ၏ ခန့်မှန်း ချက်ဖြစ်သည့် ပို့ကုန်တိုးတက်မှု (၄% - ၅%) ကို ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင် ၏အဆိုအရ သိရှိရပါသည်။ မစ္စတာ ဂျူရင် က ထိုင်းပို့ကုန်တင်ပို့မှုအနေဖြင့် ထပ်မံ၍တိုးတက်နိုင်ကြောင်း၊ ဒုတိယနှစ်ဝက်တွင် ပိုမိုကောင်းမွန်သည့်ရလဒ်များ ရရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မစ္စတာဂျူရင်က ကိုဗစ်-၁၉ ကပ်ရောဂါတည်ငြိမ်သွားမှု၊ ကမ္ဘာလုံးဆိုင်ရာ အစားအစာဝယ်လိုအား တိုးတက်မှုနှင့် အစားအစာဈေးနှုန်းမြင့်တက်မှုတို့ က ပို့ကုန်တိုးတက်မှုအတွက် အဓိကအထောက် အပံ့ဖြစ်စေသည့် အကြောင်းအရာများဖြစ်ကြောင်း ရည်ညွှန်းပြောကြားခဲ့ပါသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှုသင်္ဘောများနှင့် ကွန်တိန်နာများ တိုး တက်များပြားလာခြင်းက ထိုင်းပို့ကုန်များ တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း မစ္စတာဂျူရင် ကပြောကြားခဲ့ပါသည်။

ရုရှား- ယူကရိန်း ပဋိပက္ခရလဒ်ကြောင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ဝယ်လိုအားကျဆင်းခြင်းနှင့် ငွေဖောင်းပွမှုအန္တရာယ်က အနာဂတ်ပို့ကုန် တင်ပို့မှုအတွက် ဖိအားဖြစ်စေမှာဖြစ်ကြောင်းနှင့် ၎င်းကိစ္စကို စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း မစ္စတာဂျူရင်က ပြောကြားခဲ့ပါသည်။

မေလတွင် အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ နှစ်အလိုက်တွင် (၁၀.၅%) တိုးတက်ခဲ့ ကြောင်းနှင့် အမေရိကန်ဒေါ်လာ (၂၅.၅) ဘီလီယံရှိခဲ့ ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၂၄.၂%) တိုးတက်ခဲ့ကြောင်းနှင့် အမေရိကန်ဒေါ်လာ (၂၇.၄) ဘီလီယံ ရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၁.၈၇) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

ရွှေ၊ ရေနံနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်တို့မပါဝင်ဘဲ မေလတွင် အမှန်တိုးတက်တင်ပို့နိုင်ခဲ့သည့် ပို့ကုန်များအနေဖြင့် နှစ်အလိုက်တွင် (၁၁.၁%) တိုးတက်ခဲ့ကြောင်းနှင့် ဧပြီနှင့် မတ်လတို့ ထက် (၆.၈%) နှင့် (၈.၉%) တို့ဖြင့် အသီးသီးတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ် ပထမ (၅) လတွင် ထိုင်းပို့ကုန်တင်ပို့မှု (၁၂.၉%) တိုးတက်ခဲ့ကြောင်းနှင့် အမေရိကန် ဒေါ်လာ (၁၂၃) ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာလည်း (၂၀.၂%) တိုးတက်ခဲ့ကြောင်းနှင့် အမေရိကန်ဒေါ်လာ (၁၂၇) ဘီလီယံ ရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိ ကန်ဒေါ်လာ (၄.၇၂) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်တင်ပို့မှုမှာ ထိုင်းစီးပွားရေးအတွက် အဓိကကျသော အထောက်အပံ့ဖြစ်နေဆဲဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဝယ်လိုအားတိုး တက်ခဲ့ခြင်းကြောင့် လယ်ယာထွက်ကုန်များနှင့် စက်မှုလယ်ယာထုတ်ကုန်များ တင်ပို့မှုအနေဖြင့် ကမ္ဘာကြီး၏ မီးဖိုချောင် Kitchen of the world ဟူသည့် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍအား ထင်ဟတ်စေခဲ့ကြောင်း မစ္စတာဂျူရင် က ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ထုတ်လုပ်မှု တိုးတက်လာခြင်းနှင့် အတူ ထိုင်းစက်မှုပို့ကုန်တင်ပို့မှုများလည်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

(လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန)
Source: Bangkok Post

 

Category: Thailand