ဟောင်ကောင်ဒေသမှ တင်ပို့မည့် ကုန်ပစ္စည်းများအား Made in China တံဆိပ်များ ပြောင်းလဲကပ်ရမည့် စည်းမျဉ်းအသစ်ကြောင့် ဟောင်ကောင် အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) ၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်သည်ဟု ဟောင်ကောင် ဒေသအစိုးရမှ စာရေးသားပေးပို့ခဲ့ကြောင်း၊ အဆိုပါတံဆိပ်ပြောင်းလဲကပ်ရန် ချမှတ်သည့် စည်းမျဉ်းအသစ်များမှာ အကြောင်းအကျိုးဆီလျော်မှု မရှိကြောင်း နှင့် ပယ်ဖျက်ပေးနိုင်ရန်အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Robert Lighthizer သို့ အကြောင်းကြားစာ ဆက်လက်ပေးပို့ ပေးပါရန် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုအတွင်းဝန် (ဝန်ကြီး) Mr. Edward Yau Tang-wah မှ ဟောင်ကောင်ဒေသအခြေစိုက်၊ အမေရိကန်ကောင်စစ်ဝန်ချူပ်ရုံးသို့ မေတ္တာရပ်ခံခဲ့ကြောင်း၊ ထို့ပြင် အမေရိကန် အခြေစိုက်၊ ဟောင်ကောင် ကုန်သွယ်ရေးရုံးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုန်သွယ်ရေး ကိုယ်စားလှယ်တို့အားလည်း အမေရိကန်နိုင်ငံသို့ အလားတူ အကြောင်းကြားစာများ ပေးပို့ရန် ညွှန်ကြားခဲ့ကြောင်း၊ အမေရိကန်မှ ပြန်လည်တုံ့ပြန်မည့်အပေါ် မူတည်၍ ၎င်းတို့၏အခွင့်အရေး ရှိသည့်အတိုင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ပင်ရင်းထုတ်လုပ်သည့်နိုင်ငံတံဆိပ် ပြောင်းလဲ ကပ်ရခြင်းမှာ WTO ၏ စည်းမျဉ်း စည်းကမ်းများကို ဆန့်ကျင်ရာရောက်ပြီး ဟောင်ကောင်ဒေသအနေဖြင့် WTO ၏ သတ်မှတ်ချက်အရ အကောက်ခွန်သီးသန့်ကောက်ခံသည့် အခြေအနေကို ချိုးဖောက်ရာရောက်ကြောင်းစသည့် အချက်အပေါ်အခြေခံ၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် လွတ်လပ်စွာကုန်သွယ်နိုင်သည့် အဖွဲ့ဝင်ဒေသတစ်ခုဖြစ်ကြောင်း၊ တရုတ်ကုန်ပစ္စည်းများ အပေါ် ၂၀၁၈ ခုနှစ်မှ စတင်၍ အခွန်သတ်မှတ်ခြင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံမှလည်း WTOသို့ ၁၅-၉-၂၀၂၀ ရက်နေ့က တိုင်ကြားခဲ့ကြောင်း၊ စည်းမျဉ်းအသစ်ချမှတ်ရာတွင် လိုအပ်ချက် များအား လေ့လာရန်နှင့် ပြင်ဆင်ချိန်ပေးရန် လိုအပ်ကြောင်း၊ သို့သော် ယခုသတ်မှတ်ချက်တွင် ဟောင်ကောင်အတွက် WTO သို့ တိုင်ကြားဖြေရှင်းရန် အချိန်မရှိသော်လည်း ဟောင်ကောင်တွင် အမေရိကန်ကို ဆန့်ကျင်နိုင်မည့် လှည့်ကွက်အစီအစဉ် တစ်ခုရှိကြောင်းနှင့် ဟောင်ကောင်ဒေသနှင့် စီးပွားရေးကဏ္ဍတို့၏ အကျိုးစီးပွားအတွက်လည်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် WTO အဖွဲ့ဝင်ဖြစ်သောကြောင့် အခြားအဖွဲ့ဝင် တစ်ခုက ကျိုးကြောင်းဆီလျော်မှုမရှိသည့် သတ်မှတ်ချက်များချမှတ်လျှင် WTO အဖွဲ့ဝင်အားလုံးအား သွယ်ဝိုက်သောအားဖြင့် ပါဝင်ပတ်သတ်စေခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရအနေဖြင့် ‘Made in Hong Kong, China’ တံဆိပ်ကပ်နိုင်ရန်နှင့် ပတ်သက် ၍ ဖြစ်နိုင်ချေရှိသည်များကို စူးစမ်းရှာဖွေခဲ့ကြောင်း၊ အမေရိကန်သမ္မတထရန့်၏ Executive Order ကြောင့် ဟောင်ကောင်ဒေသ၏ ၁၉၉၂ ဥပဒေအရ အထူးခံစားခွင့်များ အဆုံးသတ်နိုင်ပြီး ဟောင်ကောင်ဒေသမှ ပို့ကုန်တင်ပို့သူများအနေဖြင့် ‘Made in China’ တံဆိပ်ပြောင်းလဲကပ်ရ မည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ချက်မှာ ၃၀-၆-၂၀၂၀ ရက်နေ့တွင် ပေကျင်းမှ ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေကို အတည်ပြုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ရဲတပ်ဖွဲ့နှင့်လုံခြုံရေးအင်အားများနှင့် ပတ်သက်၍စိုးရိမ်ဖွယ်ဖြစ်နေရာ အမေရိကန်မှလည်း ၎င်း၏ နိုင်ငံသားများကို ဟောင်ကောင်ဒေသသို့ သွားရောက်ခြင်းမပြုရန် ခရီးသွားအကြံပေးထုတ်ပြန်ခဲ့ကြောင်း၊ ဟောင်ကောင်အစိုးရသည် WTO သို့တင်ပြ၍ အငြင်းပွားမှုဖြေရှင်းမည်ဖြစ်ပြီး သဘောတူညီချက်ရရှိလျှင်ပင် ‘Made in China’ တံဆိပ် ပြောင်းလဲကပ်ရမည့် ဥပဒေအသစ်ကို အချိန်မီရပ်တန့်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Ng Kang-chung နှင့် GigiChoy တို့က “City Demands U.S. Drop New Rule on Export Labels” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)
 
                         
                        