Thailand

ပို့ကုန်တိုးတက်မှုနှုန်းကျဆင်းနိုင်ခြင်း

Last Updated:

ကမ္ဘာ့ဝယ်လိုအား ပုံမှန်ပြန်ဖြစ်လာမှုကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုမှာ ယခုနှစ် အတွက်မူလက (၁၂%) ခန့်မှန်းချက်မှနေ၍ ၂၀၂၂ ခုနှစ်တွင် (၅%) သို့ ကျဆင်းသွားဖွယ်ရှိနေကြောင်း သိရှိရပါသည်။ လက်ရှိဖြစ်ပေါ်နေသော အန္တရာယ်ရှိနေသည့် အကြောင်းချက်များတွင် ကုန်စည်ပို့ဆောင်မှုနှုန်းမြင့်မားခြင်း၊ သင်္ဘော တင်နေရာရှားပါးခြင်း၊ ကွန်တိန်နာများနှင့် ချပ်စ်ပြားများမလုံလောက်မှုအပြင် မတည်ငြိမ်သောရေနံနှင့် သံမဏိဈေးနှုန်းများလည်းပါဝင်ကြောင်း ထိုင်းအမျိုးသား သင်္ဘောတင်ကောင်စီဉက္ကဌ Chaichan Chareonsuk ကပြောကြားခဲ့ပါသည်။

Mr. Chaichan က ထိုင်းနိုင်ငံတွင် Covid-19 ကပ်ရောဂါကူးစက်မှုအရေအတွက် အတော်အတန် မြင့်မားနေဆဲဖြစ်သောကြောင့် Covid-19 အခြေအနေသည် လာ မည့်နှစ်တွင် နောက်ထပ်အန္တရာယ် ရှိစေမည့် အချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပို၍ အရေးကြီးသည်မှာ ထုတ်လုပ်မှုကဏ္ဍတွင် လုပ်သားရှားပါးမှုမှာ ဆက် လက်၍ တည်ရှိနေဉီးမည်ဟု မျှော်လင့်ရကြောင်း၊ အလုပ်အကိုင်ရရှိမှု ကုန်ကျစရိတ်များ မြင့်တက်လာဉီးမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ ထို့အပြင် အစိုးရအနေ ဖြင့် ပုံမှန်ပတ်ဝန်းကျင်အသစ် (New Normal) နှင့် လိုက်လျောညီထွေမဖြစ်သေးကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအား တန်ဖိုးမြှင့်အခွန်ပြန်အမ်းရာတွင် နှောင့်နှေးမှု ကို ကိုးကား၍ Mr.Chaichan ကပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းကလုပ်ငန်းရှင်များ၏ လုပ်ငန်းအရင်းအနှီးကို ထိခိုက်စေကြောင်းသိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဝယ်လိုအားမှာ ပုံမှန်အခြေအနေသို့ ပြန်ဖြစ်ရန်မျှော်လင့်ထားပြီး နိုင်ငံတိုင်းတွင် လုံလောက်သည့်သိုလှောင်မှု ပြုလုပ်ထားရှိရန် မျှော်လင့် ကြောင်း Mr. Chaichan က ပြောကြားခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဒေါ်လာနှင့်နှိုင်းယှဉ်၍ တစ်ဒေါ်လာလျှင် (၃၃) ဘတ်နှုန်းဖြစ်ပြီး ရေနံဈေးနှုန်းသည်လည်း တစ်စည်လျှင်(၈၅) ဒေါ်လာ ပတ်ဝန်းကျင်သာဖြစ်ပြီး ကုန်စည်ပို့ဆောင်မှုနှုန်းမှာလည်း မြင့်မားခြင်းမရှိဟုဆိုပါက ထိုင်းပို့ကုန်များအနေဖြင့် လာမည့်နှစ်အတွက် ဆက်လက်၍ တိုးတက်နေဉီးမည်ဟု ကောင်စီက ယုံကြည်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။

Mr. Chaichanက အမြင့်မားဆုံးတိုးတက်နိုင်သည့်ပို့ကုန်များအဖြစ် အစားအစာ၊ ရာဘာ၊ အဝတ်အထည်၊ အထည်ချုပ်များ၊ မော်တော်ကားနှင့်အစိတ်အပိုင်းများ၊ ပလပ်စတစ်နှင့် ဓါတုဗေဒလုပ်ငန်းများအား ခန့်မှန်းထားပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အကောက်ခွန်ရှင်းလင်းပြီး ပြည်ပ ပို့ကုန်တင်ပို့မှုသည် စက်တင်ဘာလတွင် နှစ်အလိုက်၌ (၁၇.၁%) မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၃) ဘီလီယံရှိခဲ့ကြောင်း၊ အလားတူ သွင်းကုန်တင်သွင်းမှုမှာ လည်း (၃၀.၃%) မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂.၄၂) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၆၀၉.၈) သန်းရှိခဲ့ကြောင်း အောက်တိုဘာလ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ဖေဖေါ်ဝါရီလတွင် ပို့ကုန် (၂.၅၉%) ကျဆင်းခဲ့ပြီးသည့်နောက်၊ မတ်လတွင် (၈.၄၇%)၊ ဧပြီ တွင် (၁၃.၁%)၊ မေလတွင် (၄၁.၆%) နှင့် ဇွန်လတွင် (၄၃.၈%)၊ ဇူလိုင်လတွင် (၂၀.၃%)¸ ဩဂုတ်လတွင် (၈.၃၉%) တိုးတက်ခဲ့ပြီးနောက် စက်တင်ဘာလတွင် သတ္တမမြောက်လအဖြစ် ဆက်တိုက်တိုးတက်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။ ရွှေ၊ ရေနံနှင့် ဆက်စပ်ထုတ်ကုန်များ၊ လက်နက်များမပါဝင်ဘဲ အမှန်တစ်ကယ်တင်ပို့ခဲ့သော ပို့ကုန်များအနေဖြင့် ယခင်ဩဂုတ်လတွင် (၁၉.၄%) မြင့်တက်ခဲ့ ပြီးနောက် စက်တင်ဘာလတွင် ဆက်လက်၍ (၁၄.၈%) ဆက်လက်၍ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ (၉) လအတွက် ပြည်ပပို့ကုန်တင်ပို့မှုမှာ (၁၅.၅%) တိုးတက်ခဲ့ပြီး နှစ်အလိုက်တွင် အမေရိကန်ဒေါ်လာ (၁၉၉.၉၉) ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာလည်း (၃၀.၉%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၉၇.၉၈) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၀၁) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမစ္စတာဂျူရင်က စတုတ္ထသုံးလပတ်အတွင်း ပြည်ပပို့ကုန်တိုးတက်မှုမှာကမ္ဘာ့ကုန်သွယ်ရေးဆက်တိုက်တိုးတက်လာမှု၊ ဘတ်ငွေတန်ဖိုး ကျဆင်းမှု၊ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ဆောင်ရွက်ပေးခဲ့မှုနှင့် စီးပွားရေးအပေါ် အားပေးလှုံ့ဆော်မှုမူဝါဒများနှင့် နိုင်ငံခြားဧည့်သည်များအား တိုင်းပြည်ပအတွင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့မှု၊ ရေနံဈေးနှုန်းမြင့်တက်မှုနှင့် ၎င်းကရေနံနှင့် ဆက်စပ်ထုတ်ကုန်များ ပြည်ပတင်ပို့မှုအပေါ် အထောက်အကူပေးခဲ့မှုတို့၏ ရလဒ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok post                                                                              

                                                                                        

 

 

Category: Thailand