China (HongKong)

ပိုးသတ်ဆေးပါဝင်မှုနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှုကြောင့် ရေခဲမုန့် အမျိုးအစား (၄) မျိုးအား ဟောင်ကောင်ဒေသ၌ ဈေးကွက်မှ ဖယ်ရှားခဲ့

Last Updated:

ကင်ဆာရောဂါဖြစ်ပွားစေနိုင်သောကြောင့် ဥရောပသမဂ္ဂမှ တားမြစ်ထားသော ethylene oxide ပိုးသတ်ဆေးမှာ Haagen-Dazs ရေခဲမုန့်အမျိုးအစား (၄) မျိုးတွင် ပါဝင်နိုင်သောကြောင့် ဟောင်ကောင်ဒေသ အစားအစာဘေးကင်း လုံခြုံရေးစင်တာမှ စားသုံးသူများမစားသုံးရန် တိုက်တွန်းထားသဖြင့် အဆိုပါ ရေခဲမုန့် (၂) မျိုးအား စူပါမားကတ်မှဖယ်ရှားခဲ့ကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ထုတ် The Standard သတင်းစာ၌ ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ ၃-၇-၂၀၂၂ ခုနှစ်နှင့် ၁၇-၇-၂၀၂၃ ခုနှစ်မတိုင်မီ စားသုံးရန်သင့်လျော်သည့် Haagen-Dazs Vanilla Ice Cream Pint (၄၇၃ မီလီလီတာ)၊  Haagen-Dazs Vanilla Ice Cream Bulk  (၉.၄၆ လီတာ) "Haagen-Dazs Vanilla Ice Cream Mini cup" (၁၀၀ မီလီလီတာ"Haagen-Dazs Vanilla Ice Cream Mini cup" (၇၅ မီလီလီတာ ) တို့အား ရောင်းချနေမှုမှ ရပ်တန့်ခဲ့ကြောင်း၊ အဆိုပါ  ရေခဲမုန့်များမှာ ပြင်သစ်နိုင်ငံ၌ ပြုလုပ်ခြင်း ဖြစ်ပြီး  General Mills Hong Kong မှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရေခဲမုန့် (၂) မျိုးအား စားသုံးသူများ ဝယ်ယူပြီးလျှင် မစားသုံးရန် အစားအစာဘေးကင်းလုံခြုံရေးစင်တာမှ ပြောကြားထားကြောင်း၊ အဆိုပါ ရေခဲမုန့်များ၌ ဥရောပသမဂ္ဂမှ အသိအမှတ်ပြုထားခြင်းမရှိသော ethylene oxide ပါဝင်သည်ကို ဥရောပသမဂ္ဂ၏ Rapid Alert System for Food and Feed (RASFF) မှ သတိပေးချက်အား အစားအစာဘေးကင်းလုံခြုံရေးစင်တာ အနေဖြင့် ရရှိခဲ့ကြောင်း၊ RASFF မှရရှိသော အချက်အလက်များအရ ethylene oxide ပါဝင်သော ရေခဲမုန့်များ ဟောင်ကောင်ဒေသသို့ တင်သွင်းခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ အစားအစာဘေးကင်းလုံခြုံရေးစင်တာမှ အဆိုပါ ကုန်ပစ္စည်းအုပ်စု များအား ပြန်လည်စစ်ဆေးရန်နှင့် သင့်လျော်သည့် ဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ကုန်သည်များအနေဖြင့်လည်း အဆိုပါ ပစ္စည်းများရှိပါက ရောင်းချမှုအား ရပ်တန့်ရန်ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

(အေးသီခိုင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

Source: https://www.thestandard.com.hk/breaking-news/section/4/192129/ Four-ice-cream-products-pulled-amid-pesticide-fears

 

 

Category: China (HongKong)