China (Kunming)

ပြည်တွင်းရေနံဈေးတက်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ဝက်ဆိုဒ်တွင် ဖေါ်ပြအသိပေး

Last Updated:

တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဝဘ်ဆိုဒ်တွင် ၂၉-၆-၂၀၂၂ ရက်နေ့တွင် ဖော်ပြချက်အရ တရုတ်နိုင်ငံ၏ ရေနံ ထုတ်ယူမှုအချိုးသည် ၇၀ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့ကြောင်း၊ လက်ရှိ ရေနံကုန်ချောစျေးနှုန်းယန္တရားအရ ပြည်တွင်းရေနံကုန်ချောစျေးနှုန်းသည် နိုင်ငံတကာဈေးကွက် ရေနံစိမ်းပေါက်ဈေးဖြင့် အလုပ်လုပ်ရက် ၁၀ ရက်လျှင်တစ်ကြိမ် ပျမ်းမျှစျေးနှုန်းကို ညှိနှိုင်းပြောင်းလဲသတ်မှတ်ကြောင်း (ဆီစျေး နှုန်းညှိနှိုင်းမှုနေ့မတိုင်မီ ၁၀ ရက် ပျမ်းမျှစျေးနှုန်းကို နိုင်ငံတကာရေနံဈေးအဖြစ် ယခုမှစ၍ နောင်တွင်ရည်ညွှန်း) နိုင်ငံတကာရေနံဈေးနှုန်းသည် တရုတ်နိုင်ငံ၏ ဉပဒေအရ ကန့်သတ်ချက်၏ အမြင့်ဆုံးပမာဏဖြစ်သည့် တစ်စည်လျှင် ဒေါ်လာ ၁၃၀ ထက်ကျော်လွန်ပါက ဓာတ်ဆီနှင့် ဒီဇယ်ဈေးများ ကို မြှင့်တင်ခြင်းမပြုရန် (သို့မဟုတ်) မူအရ ထိုပမာဏအောက်လျော့၍သာ စျေးတက်ရန်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအဆင့်နောက်ပိုင်း သုံးစွဲသူများနှင့် စားသုံးသူများအတွက် ဝန်ထုပ်ဝန်ပိုးလျှော့ချပေးရန်နှင့် အမှန်တကယ်ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျစေရန် နိုင်ငံတော်ကောင်စီ၏ သဘောတူညီ ချက်ဖြင့်  နိုင်ငံတကာရေနံဈေးနှုန်းသည် ဉပဒေအရ ကန့်သတ်ချက်၏ အမြင့်ဆုံးပမာဏဖြစ်သည့် တစ်စည်လျှင် ဒေါ်လာ ၁၃၀ ထက်ကျော်လွန်ပါက ဓာတ်ဆီနှင့် ဒီဇယ်ဈေးများကို ရေတို (နှစ်လထက်မကျော် လွန်သောကာလ) တွင် မြှင့်တင်ခြင်းမပြုရန်၊ အကယ်၍ နိုင်ငံတကာရေနံဈေးနှုန်း နှစ်လ ထက် ကျော်လွန်စျေးတက်ပါက သင့်လျှော်သောမူဝါဒနှင့် အစီအမံများဖြင့် ကြိုတင်သတ်မှတ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

တစ်ချိန်တည်းတွင်ပင် ဆီချောသန့်စင်သော အင်တာပရိုက်စ်များ၏ ထုတ်လုပ်ရန် စိတ်အားထက်သန်မှုကို ကာကွယ်သည့်အနေဖြင့်လည်းကောင်း၊ ဘေးအန္တရယ်ကင်းရှင်းပြီး တည်ငြိမ်သော ကုန်ချောထုတ်လုပ်မှုကို သေချာစေရန်အတွက်လည်းကောင်း ဗဟိုအစိုးရမှ ရေနံချက်လုပ်သည့် လုပ်ငန်း များအား အချိန်မှန်ဈေးနှုန်းထောက်ပံ့မှုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဈေးနှုန်းညှိနှိုင်းမှုကာလအတွင်း ထောက်ပံ့ကြေးစံနှုန်းသည် ချိန်ညှိသော ဓာတ် ဆီနှင့် ဒီဇယ်စျေးနှုန်းပမာဏ ဖြစ်သင့်ကြောင်း၊ ယင်းကို အရည်အချင်းပြည့်မီသော ရေနံချက်လုပ်ငန်းများ လုပ်ငန်းစဉ်အလိုက် လျှောက်ထားနိုင် ကြောင်း ဖေါ်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် http://www.sunsirs.com/uk/detail_news-7815.html

 

Category: China (Kunming)