Belgium

ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှုအရှိဆုံး ဥရောပနိုင်ငံများအနက် ဘယ်လ်ဂျီယံနိုင်ငံ အဆင့် (၅) ၌ ရပ်တည်ခဲ့ခြင်း

Last Updated:

ပြီးခဲ့သည့်နှစ်အတွင်း၌ ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၂၆၇) ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ အလုပ်အကိုင်အရေအတွက် (၅၄၀၁) ခုကို ဖန်တီးပေးနိုင် ခဲ့သည်ဟု Ernst & Young ၏ စစ်တမ်းအရသိရှိရကြောင်း၊ ထို့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်မှုအရှိဆုံးဥရောပနိုင်ငံများအနက် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် စပိန်နိုင်ငံတို့၏ နောက် တွင်အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံသည့် ပြည်ပနိုင်ငံများအနက် အမေရိကန်နိုင်ငံ သည် စီမံကိန်းလုပ်ငန်းပေါင်း (၄၅) ခုဖြင့် အများဆုံးဖြစ်ပြီး၊ ပြင်သစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (၄၂) ခုဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသိသိသာသာတိုးတက်လာသည့်ကဏ္ဍမှာ Clean Technologies ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အများဆုံးပြုလုပ်သည့် ကဏ္ဍများမှာ အရောင်းမြှင့်တင်ရေးလုပ်ငန်းကဏ္ဍတွင် ပရိုဂျက် (၁၀၅) ခု၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပရိုဂျက် (၆၀) ခုနှင့် ထောက်ပံ့သယ်ယူပို့ဆောင်မှုကဏ္ဍတွင် ပရိုဂျက် (၅၁) ခုတို့ ဖြစ်ကြကြောင်း၊ အဆိုပါ လုပ်ငန်းကဏ္ဍသုံးခုသည် ပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ (၈၀) ရာခိုင်နှုန်းကို ကိုယ်စားပြုထားကြောင်း၊ ဖလန်းဒါးဒေသမှာ ဘယ်လ်ဂျီယံနိုင်ငံတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်မှုအရှိဆုံး ဒေသအဖြစ်ဆက်လက်ရပ်တည် နေပြီး၊ စီမံကိန်းလုပ်ငန်းပေါင်း (၁၂၇) ခုရှိကြောင်း၊ ဘရပ်ဆဲလ်ဒေသမှာ စီမံကိန်း (၇၆) ခုဖြင့် တိုးတက်မှု (၂၅) ရာခိုင်နှုန်းရှိခဲ့ပြီး၊ ဝေါလိုးနီးယားဒေသမှာ စီမံကိန်း (၆၃) ခုဖြင့် (၃၃) ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium