Thailand

ဗိုင်းရပ်စ်ကြောင့် ဘတ်ငွေ (၄၀၀ဘီလီယံ) တန်ဖိုးရှိ စီးပွားရေးအပေါ်အားပေးမြှင့်တင်မည့် အစီအမံများအား ထိုင်းအစိုးရအဖွဲ့မှ အတည်ပြု

Last Updated:

အစိုးရအဖွဲ့အနေဖြင့် Covid-19 ကပ်ရောဂါ၏ သက်ရောက်မှုများကို လျှော့ချနိုင်ရန် ဘတ်ငွေ (၄၀၀ ဘီလီယံ) ကို စီးပွားရေးကဏ္ဍများထဲသို့ ထည့်သွင်းနိုင်ရေး မျှော်မှန်းထားသည့် စီးပွားရေးအပေါ်လှုံ့ဆော်သည့် အစီအစဉ် (Stimulus Package) ကို မီးစိမ်းပြခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို စီးပွားရေးဆိုင်ရာဝန်ကြီး များအဖွဲ့ (Economic Ministers ) အစည်းအဝေးတွင် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ပါသည်။

သောကြာနေ့က စီးပွားရေးဝန်ကြီးများ၏ အဆိုပြုချက်တင်ပြခဲ့ပြီးနောက် အများပြည်သူ၏ ပြင်းထန်သောဝေဖန်မှုများထွက်ပေါ်ခဲ့ရသည့် ရွေးချယ်ထားသောလူ အုပ်စုများသို့ ဘတ်ငွေ (၂,၀၀၀) တန် အငြင်းပွားဖွယ် ငွေပေးဝေရေးအစီအစဉ်မှာ ယမန်နေ့ (၁၀.၃.၂၀၂၀ရက်နေ့) က အစိုးရအဖွဲ့၏ အတည်ပြုချက်တွင်ပါဝင်လာ ခဲ့ခြင်းမရှိပါ။

စီးပွားရေးပညာရှင်များအနေဖြင့် အဓိကအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ထိုင်းစီးပွားရေးတိုးတက်မှုကိုလျှော့ချ ခန့်မှန်းတွက်ချက်ထား ခဲ့ကြပါသည်။ ကာစီကုန်းသုတေသနစင်တာ (Kasikorn Research Centre)သည် သုတေသနပြုလုပ်သူများအကြား အဆိုးမြင်အရှိဆုံးအဖြစ် ထွက်ပေါ် လာခဲ့ ပါသည်။ ၎င်းမှ ဗိုင်းရပ်စ်ဖြစ်ပေါ်မှုက ခရီးသွားဝင်ငွေ ဘတ် (၄၀၀ ဘီလီယံ) ကို လျော့ချလိမ့်မည်ဟူသော ခန့်မှန်းချက်ကြောင့် ယခုနှစ်အတွက် နိုင်ငံ၏ GDP တိုးတက်မှုကို (၀.၅%) လျှော့ချလိုက်ပါသည်။

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ယခုဘတ်ငွေ (၄၀၀ဘီလီယံ) အစီအမံမှာ ပထမအဆင့် အစီအမံသာဖြစ်ကြောင်းနှင့် အကယ်၍ ဗိုင်းရပ်စ်၏ သက်ရောက်မှု ဆက်လက်ရှိနေမည်ဆိုပါက ဒုတိယအဆင့်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီး Uttama Savanayana က ယခု စီးပွားရေး အပေါ်လှုံ့ဆော်အားပေးသည့်အစီအမံများအနေဖြင့်  အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများ အတွက် ဗိုင်းရပ်စ်၏ သက်ရောက်မှုမှ သက်သာရာရရှိစေလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။ အစီအမံများအနေဖြင့် စီးပွားရေးကို အပေါင်းလက္ခဏာဆောင်သည့် အပိုင်းသို့ ပြန်ရောက်စေရန် ဘတ်ငွေ (၄၀၀ဘီလီယံ) ကို စီးပွားရေးကဏ္ဍများထဲသို့ ထည့်သွင်းပေး လိမ့်မည် ဖြစ်ပါသည်။ ရေတို အစီအမံအနေဖြင့် Covid-19 အခြေအနေကို ထပ်မံအကဲဖြတ်ပြီးသည့်နောက် လအနည်းငယ်အကြာဆောင်ရွက်သွားလိမ့်မည်ဖြစ်ပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အစီအမံများအနေဖြင့် ကဏ္ဍအားလုံးအပေါ် အကျုံးဝင်စေလိမ့်မည်ဖြစ်ကြောင်း၊ လူဉီးရေ၏(၂၂%)ရှိသော ဝင်ငွေ နည်းသူ (၁၄.၆) သန်း အတွက် အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာရန်ပုံငွေ (Village Funds) စုစုပေါင်း (၅,၀၀၀)၊ လယ်သမားအိမ်ထောင်စုအရေအတွက် (၇.၂) သန်း (တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ (၃၀%)) နှင့် SMEs လုပ်ငန်းပေါင်း (၃)သန်း (သို့မဟုတ်) စီးပွားရေး လုပ်ငန်း အားလုံး၏(၉၉%)တို့အကျုံးဝင် ပါဝင်နေခြင်းဖြစ်ပါသည်။ အဆိုပါ အစီအမံများ မှ အလုပ် အကိုင် ပေါင်း(၁၄)သန်း ကိုဖန်တီးပေးနိုင်ရန်မျှော်မှန်းထားပြီး ၎င်းမှာ တစ်နိုင်ငံလုံးရှိ အလုပ်အကိုင်အားလုံး၏ (၈၅%) ခန့်ရှိပါသည်။အဆိုပါ အစီအမံသည် အများပြည်သူနှင့်SMEs လုပ်ငန်းများအပေါ် အကူအညီအထောက် အပံ့များပေးလိမ့်မည်ဖြစ်ပါသည်။

၎င်းတွင် အစိုးရငွေစုဘဏ် Government Saving Bank(GSB)မှ စီးပွားရေးဘဏ် (Commercial Bank ) များအား အတိုးနှုန်း(၀.၀၁%)ဖြင့် ချေးပေးမည် ဖြစ်သည့် ဘတ်ငေွ (၁၅၀ဘီလီယံ)တန်ဖိုးရှိအတိုးနှုန်းသက်သာသောချေးငွေ(Soft Loan)များပါဝင်ပါသည်။ သို့ဖြစ်ရာ စီးပွားရေးဘဏ်(Commercial Bank )များအနေဖြင့် အတိုးနှုန်း(၂%)ဖြင့် ဘဏ်မှ ချေးယူမည့်သူများကိုချေးငွေပြန်ထုတ်ပေးနိုင်မည်ဖြစ်ပြီး ငွေချေးသူတစ်ဉီးလျှင် ဘတ်ငွေသန်း (၂၀) ထက် မပိုသောချေးငွေကို ထုတ်ယူ ရရှိနိုင်မည်ဖြစ်ပါသည်။

ဤအစီအမံတွင် အဓိကငွေပေးချေမှုမူဘောင်များ(principal payments)၊ ကြွေးမြီးပေးဆပ်မှုသက်တမ်းတိုးမြင့်ခြင်း (Debt payments entension)၊ ဘဏ္ဍာရေး ဆိုင်ရာအထူးအဖွဲ့အစည်းများဖြစ်သော အစိုးရငွေစုဘဏ် Governmemt saving Bank (GSB) နှင့် စိူက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်တို့မှ ချေးယူပိုင်ခွင့် များပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဉတ္တမ ကပြောကြားခဲ့ပါသည်။

ထိုင်းဘဏ် အနေဖြင့် SMEsများနှင့် ဘဏ်၏မြီစားများ (Debtors) ဖြစ်သော အထွေထွေဖောက်သည် (General Customers) များကို ၎င်းတို့၏ ကြွေးမြီ သမိုင်း အပေါ် အနှောင့်အယှက်မဖြစ်စေဘဲ ကြွေးမြီအသစ်ပြန်လည် တည်ဆောက်ခွင့် (debt restructuring) ကိုခွင့်ပြုလိမ့်မည်ဖြစ်ပါသည်။

အခြားအစီအမံများတွင် ဗိုင်းရပ်စ်ကြောင့်ထိခိုက်နေသောမြီစားများ (Debtors) ကို ကူညီရန် ကြွေးမြီအဆင့်အတန်း အမျိုးမစားခွဲခြားသတ်မှတ်ခြင်း( Debt Classification Criteria) ဆိုင်ရာ အချက်အလက်များကိုဖြေလျှော့ဆောင်ရွက်ပေးခြင်းနှင့် မြီစားများကို လုံလောက်သော ငွေဖြစ် လွယ်မှု (Sufficient liquitidy) ရှိစေရန်ဘဏ်များအား ချေးငွေများခွင့်ပြုပေးနိုင်ရန် ပိုမို၍ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင်ပြုလုပ်ပေးခြင်း (more Flexibility) တို့ပါဝင်ပါသည်။

ထိုင်းဘဏ်အနေဖြင့် စီးပွားရေးဘဏ်များအား အကြွေးကဒ်ကိုင်ဆောင်သူများအား အနိမ့်ဆုံး ငွေပေးချေမှုကန့်သတ်ချက်(Minium payment limit) ကို (၁၀%) သတ်မှတ်ချက်မှ (၅%) သို့လျှော့ချပေးရန်လည်း တောင်းဆိုခဲ့ကြောင်းမစ္စတာ ဉတ္တမက ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင်လူမှုဖူလုံရေးရုံး (Social Security Office)သည်မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအတွက်အတိုးနှုန်း (၃%) ဖြင့် စတင်လုပ်ကိုင်နိုင်သော ဘတ်ငွေ (၃၀ဘီလီယံ) တန်ဖိုးရှိ အတိုးနှုန်းသက်သာသောချေးငွေ (soft loan)  အပါအဝင်အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည့် အစီအမံများကို လည်း ဆောင်ရွက်ပေးခဲ့သည်ဟု ဝန်ကြီးဉတ္တမကပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် ပင်ရင်းမှနှုတ်ယူပေးသွင်းခွန်(withholding tax)ကို (၃%)မှ (၁%)သို့ ဧပြီလမှ စက်တင်ဘာလအထိ လျှော့ချပေးမည်ဖြစ်ပြီး SMEs လုပ်ငန်းများ ဧပြီလမှ ဇူလိုင်လအထိ လစာပေးချေမှုမှ ကုန်ကျစရိတ်များကို (၃) ဆအထိ လျော့ချနှုတ်ပယ် (Deductions) နိုင်မည်ဖြစ်ပါသည်။ အရင်းအနှီးဈေးကွက် (Capital Market) ၏ ယုံကြည်မှုပြန်လည်ရရှိစေရန်အတွက် အစိုးရသည် အထူးထိပ်တန်းစုဆောင်းရန်ပုံငွေSuper Saving  Fund (SSF)၏ (၆၅%) ကျော်ကို ထိုင်းစတော့ အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများသို့ ရင်းနှီးမြှုပ်နှံလိမ့်မည်ဖြစ်ပြီး SSF တွင် ပြည်သူအများ၏ ရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်နိုင်ရန် ပိုမိုမြင့်မားသော အခွန်သက်သာခွင့်များ ပေးလိမ့်မည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: Thailand