China (Kunming)

ဗီယက်နမ်-တရုတ်လမ်းကြောင်းများကိုဗစ်ထိန်းချုပ်နိုင်၍ ပြန်ဖွင့်ခြင်းကြောင့် ဗီယက်နမ်တွင် အာရှဆန်စျေးနှုန်း တိုးလာခြင်း

Last Updated:

ယူကရိန်းအကျပ်အတည်းကြောင့် တရုတ်သို့ ကုန်သွယ်မှုလမ်းကြောင်းများ ပြန်ဖွင့်လာခြင်းကြောင့် ဗီယက်နမ်မှတင်ပို့သည့် ဆန် ဈေးသည် ယခုမတ်လ ပထမအပတ်အတွင်း မြင့်တက်ခဲ့ပါသည်။ ဗီယက်နမ်၏ ၅ မှတ်ဆန်ကို ဖေဖေါ်ဝါရီလကုန်တွင် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး ယင်းမတိုင်မီတစ်ပတ်က အမေရိကန်ဒေါ်လာ ၃၉၅ မှ ၄၀၀ စျေးရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်ထိန်းချုပ်နိုင်၍ တရုတ်- ဗီယက်နမ် နယ်နိမိတ်များကို ပြန်ဖွင့်သည့်အတွက် တရုတ်နိုင်ငံကို တင်ပို့မှုတိုးလာမည်ဟု မျှော်လင့်ထားကြောင်းနှင့် ဆက်လက်ဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲသည် ဗီယက်နမ်အပါအဝင် အာရှမှဝယ်ယူသူများကို ဆန်ပိုမို တင်သွင်းရန် လှုံ့ဆော်မှုဖြစ်စေနိုင်ကြောင်း ဟိုချီမင်းမြို့မှ ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။န်ကောက်အခြေစိုက် ကုန်သည် တစ်ဦးကလည်း ယူကရိန်းအခြေအနေသည် ကုန်စည်ပို့ဆောင်ခ အနည်းငယ်တိုးလာနိုင်သည်ဟု ပြောပါသည်။

ထိုင်းနိုင်ငံ၏ ၅ မှတ်ဆန်ဈေးသည် ဖေဖေါ်ဝါရီလကုန်တွင် အမေရိကန်ဒေါ်လာ ၄၀၀ မှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ မှ ၄၀၀ သို့ အနည်းငယ်တိုးလာကြောင်းနှင့် မတ်လတွင် အမေရိကန်ဒေါ်လာနှင့် ဘတ်ငွေကြေးအတက်အကျကို သတိပြုမိကြောင်း၊ သို့သော် ရုရှားနှင့် ယူကရိန်းတို့သည် ၎င်း၏ အဓိကကုန်သွယ်ဖက်များထဲတွင် မရှိသောကြောင့် အကျပ်အတည်းသည် ထိုင်းဆန် တင်ပို့မှုအပေါ် သက်ရောက်မှုမရှိဟု အခြားကုန်သည်တစ်ဦးက ပြောပါသည်။ ယူကရိန်းစစ်တပ်သည် ၎င်း၏ဆိပ်ကမ်းများတွင် စီးပွားဖြစ်တင်ပို့မှုကို မကြာသေးမီက ရပ်ဆိုင်းခဲ့ရာ ယင်းက ဆန်နှင့် ဆီထွက်သီးနှံများတင်ပို့မှုကို ခြိမ်းခြောက်ခဲ့ကြောင်း ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယ၏ ဆန်ဝယ်လိုအား တိုးတက်လာသော်လည်း ရူပီတန်ဖိုးကျဆင်းမှုကြောင့် ယင်း၏ ၅ မှတ်ပြုတ်ဆန် ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၀ မှ ၃၇၆ ဒေါ်လာအထိ ကျဆင်းသွားကာ ပြည်ပသို့ရောင်းချသည့် ကုန်သည်များအတွက် အမြတ်အစွန်း ပိုမိုမြင့်မားစေခဲ့ပါသည်။ အိန္ဒိယတွင် ပြောင်းဈေးများတက်လာသည်နှင့်အမျှ ဆန်ကွဲဝယ်လို အားတိုးတက်လာပါကြောင်း အချို့ဝယ်လက်များက ပြောင်းကို အစားထိုးရန် ရှာဖွနေကြောင်း Andhra Pradesh, Kakinada အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါသည်။ အိန္ဒိယလယ်သမားများသည် လွန်ခဲ့သည့်နှစ်က ၁၂၄ ဒသမ ၃၇ သန်းရိတ်သိမ်း ခဲ့ပြီး ယခုနှစ်တန်ချိန် ၁၂၇ ဒသမ ၉၃ သန်းနှင့် စံချိန်တင်ရိတ်သိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ တစ်ချိန်တည်းတွင် ဘင်္ဂလားဒေ့ရှ်တွင် အရန်ဆန်များကောင်းမွန်သော်လည်း ပြည်တွင်းဆန်ဈေးမြင့်မားနေခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါ သည်။ ယူကရိန်း အကျပ်အတည်းကြောင့် ကုန်စည်ပို့ဆောင်မှုနှုန်း အနည်းငယ်မြင့်တက်လာပြီး စပါးများအတွက် တင်သွင်းမှု ကုန်ကျစရိတ် မြင့်မားနေကြောင်း ကုန်သည်တစ်ဦးကပြောကြားခဲ့သည်။      

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် https://www.reuters.com/markets/asia/asia-rice-vietnamese-rates-gain- china-routes-reopen-post-covid-curbs-2022-03-03/

Category: China (Kunming)