China (HongKong)

ဗြိတိန်ငွေကြေး စတာလင်ပေါင် ကျဆင်းလာမှုကြောင့် ဟောင်ကောင်ဒေသခံများ အနေဖြင့် ဗြိတိန်နိုင်ငံ၌ အိမ်ခြံမြေများ ပိုမိုဝယ်ယူလာမည်ဖြစ်ကြောင်း

Last Updated:

ဗြိတိန်ငွေကြေး စတာလင်ပေါင် (Pound sterling) တန်ဖိုးလျော့နည်းကျဆင်းလာမှုကြောင့် လာမည့်လများအတွင်း ဟောင်ကောင်ဒေသခံများအနေ ဖြင့် ဗြိတိန်နိုင်ငံရှိ လန်ဒန်နှင့် အခြား‌သောမြို့ကြီးများ၌ အိမ်ခြံမြေများ ပိုမိုဝယ်ယူလာမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ စတာလင်ပေါင် ငွေကြေးကျဆင်းမှု (၂) နှစ်နီးပါးရှိပြီဖြစ်ရာ ဗြိတိန်နိုင်ငံ၏ စီးပွားရေးအား နှေးကွေးစေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အတိုးနှုန်းမြင့်မားနေသော်လည်း ဟောင်ကောင်ဒေသခံများအနေဖြင့် အိမ်ခြံမြေများဝယ်ယူမည်ကို တွေ့ရှိရကြောင်း၊ စတာလင်ပေါင် ငွေကြေးမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှစတင်၍ အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိလျက်ရှိကြောင်း၊ စတာလင်ပေါင်ငွေကြေးတန်ဖိုး သိသာစွာ ကျဆင်း မှုသည် ဗြိတိန်နိုင်ငံ၌ အိမ်ခြံမြေများဝယ်ယူရန် ဟောင်ကောင်ဒေသမှ ဝယ်ယူသူများအား ဆွဲဆောင်လျက်ရှိကြောင်း၊ စတာလင်ပေါင်ငွေကြေးမှာ (၅) ရာခိုင်နှုန်းနှင့်အထက် ကျဆင်းလျက်ရှိသောကြောင့် လန်ဒန်၌ အိမ်ဝယ်ရန်နှင့်ပတ်သက်၍ ဟောင်ကောင်မှ ဝယ်ယူသူများ၏ စုံစမ်းမေးမြန်းမှုများမှာ (၁၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

British National (Overseas) passport ကိုင်ဆောင်ထားသည့် ဟောင်ကောင်ဒေသခံများအတွက် Fast track residency အား ၂၀၂၁ ခုနှစ်က စတင် ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ လျှောက်ထားသူများသည် ဗြိတိန်နိုင်ငံ၌ အိမ်ခန်းများဝယ်ယူရန် ရည်ရွယ်လျက်ရှိကြောင်း၊ လာမည့်လများအတွင်း စတာ လင်ပေါင် ငွေကြေးကျဆင်းနိုင်ပြီး ဗြိတိန်နိုင်ငံ၏ စီးပွားရေးကျဆင်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ဗြိတိန်ငွေကြေးအာဏာပိုင်မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စတုတ္ထအကြိမ်အနေဖြင့် အတိုးနှုန်းတိုးမြှင့်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံ၌ အတိုးနှုန်းမြင့်တက်လျက်ရှိသော်လည်း အချို့မှာ အိမ် ခန်းများဝယ်ယူလျက်ရှိကြောင်း၊ စတာလင်ပေါင်ငွေကြေး ကျဆင်းမှုကြောင့် ဟောင်ကောင်ဒေသခံများမှလည်း ဗြိတိန်နိုင်ငံ၌ အိမ်ခန်းများပိုမိုဝယ်ယူ ရန် ဆွဲဆောင်လျက်ရှိကြောင်း၊ ဗြိတိန်၌ စတာလင်ပေါင်ငွေကြေး ကျဆင်း‌သည်နှင့်အမျှ အတိုးနှုန်းမြင့်မားလျက်ရှိကြောင်း၊ ဗြိတိန်နိုင်ငံမှ ငွေကြေး အာဏာပိုင်များအနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စီးပွားရေးဖိအားများအကြား ချိန်ညှိဆောင်ရွက်လျက်ရှိရာ လာမည့်လအတွင်း အတိုးနှုန်း ဆက် လက်မြင့်တက်နိုင်မည်မဟုတ်ကြောင်း၊ သို့သော် Bank of England မှ အတိုးနှုန်းတိုးမြှင့်ပါက စတာလင်ပေါင်ငွေကြေးကျဆင်းရန် ဖိအားများ ပိုမိုဖြစ် ပေါ်နိုင်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။


(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning သတင်းစာ (12-5-2022)

Category: China (HongKong)