Belgium

ဘယ်လ်ဂျီယံနိုင်ငံမှလာရောက်မည့်သူများအတွက် ခရီးသွားဆိုင်ရာကန့်သတ်ချက်များအား ဂရိနိုင်ငံ တင်းကျပ်မှုပြုလုပ်

Last Updated:

လာမည့် သြဂုတ်လ ၁၇ ရက်မှ စတင်၍ ဘယ်လ်ဂျီယံနိုင်ငံမှ ဂရိနိုင်ငံသို့ ခရီးသွားလာမည့်သူများအနေဖြင့် ဆိုက်ရောက်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကင်းစင်ကြောင်း (negative coronavirus test)  ပြသရန်လိုအပ်မည်ဟု ဂရိနိုင်ငံအစိုးရကကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါကင်းစင်ကြောင်း စစ်ဆေးချက်ရလဒ်အား ဂရိနိုင်ငံအတွင်းသို့ မဝင်ရောက်မီ  (၇၂) နာရီအတွင်း စစ်ဆေးထားခြင်းဖြစ်ရန်လည်း လိုအပ်မည် ဖြစ်သည်။

အဆိုပါ ဂရိနိုင်ငံ၏ ကန့်သတ်ချက်သည် နယ်သာလန်၊ စပိန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတို့မှ လာရောက်မည့် ခရီးသွားများအတွက်လည်း အကျုံးဝင်မည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့ကူးစက်မှုကို တားဆီးနိုင်ရန် အတွက် ဂရိနိုင်ငံအနေဖြင့် ယခုအစီအမံအားဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်သည် ပို၍လျင်မြန်စွာဖြင့် ပျံ့နှံ့လျက်ရှိနေသည်ဟု ဂရိနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဖြစ်သူ Vassilis Kikilias ကပြောကြားခဲ့ကြောင်း၊ ဂရိနိုင်ငံ အနေဖြင့်ပြီးခဲ့သည့် ဖေဖော်ဝါရီလအကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု တွေ့ရှိခဲ့ချိန်မှစတင်၍ စုစုပေါင်း ရောဂါကူးစက်ခံရသူ (၅၆၂၃) ဦးရှိပြီဖြစ်ကြောင်းသိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ်  -    (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium