Belgium

ဘယ်လ်ဂျီယံနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ငန်းများ၏ (၄၀) ရာခိုင်နှုန်းက လုပ်ငန်းလျှော့ချရန် စီစဉ်လျက်ရှိခြင်း

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံ စားသောက်ကုန်လုပ်ငန်းအသင်းချုပ် (Federation of Belgian Food Industry-Fevia) ၏ အဆိုအရ ဘယ်လ်ဂျီယံရှိ စားသောက် ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ/လုပ်ငန်းများ၏ (၄၀) ရာခိုင်နှုန်းက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ယာယီရပ်တန့်ထားရန် (သို့မဟုတ်) လျှော့ချ သွားရန် စီစဉ်လျက်ရှိကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထောက်ပံ့ရေးကွင်းဆက်အပေါ် သက်ရောက်နိုင်မှုနှင့်စပ်လျဉ်း၍ Fevia က ယင်း၏ ကော်ပိုရိတ်အဖွဲ့ဝင်လုပ်ငန်းများအား စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ထုတ်လုပ်ရာတွင် လိုအပ်သည့် ဆီနှင့် ဂျုံမှုန့်ကဲ့သို့သော ပါဝင်ပစ္စည်းကုန်ကြမ်းများ ပြတ်လပ်မှုကို ကြုံတွေ့နေရပြီး၊  ပြီးခဲ့သည့်နှစ်က တစ်တန်လျှင် ယူရို (၇၅၀) ဖြင့် ရရှိနိုင်သည့် ပန်းနှမ်းဆီမှာလည်း ယခုအခါ တစ်တန်လျှင် ယူရို (၂၂၀၀) ခန့်ကုန်ကျမှုရှိနေပြီး၊ () ဆနီးပါး ဈေးနှုန်းမြင့်တက်လာသည်ဟုဆိုသည်။ စားသောက်ကုန် ထုတ်လုပ်သည့်ကုမ္ပဏီများ၏ (၇၀) ရာခိုင်နှုန်း ခန့်မှာ ၎င်းတို့၏ထုတ်ကုန်များကို အပြောင်းအလဲပြုလုပ်ခြင်း (သို့မဟုတ်) များမကြာမီကာလတွင် ပြောင်းလဲခြင်းကို ပြုလုပ်ကြရမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံအစိုးရအနေဖြင့် ကုန်ကြမ်းရရှိရန်ခက်ခဲသည့် စားသောက်ကုန်ပါဝင်ပစ္စည်းများအတွက် အစားထိုးကုန်ကြမ်းများကို အသုံးပြုရန် ခွင့်ပြု ထားကြောင်း၊ ဥပမာအားဖြင့် အေးခဲအာလူးချောင်းနှင့် အချဉ်နှစ်ထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်ကုန်များတွင် တံဆိပ်ကပ် ဖော်ပြချက်များနှင့် ကိုက်ညီမှုမရှိစေကာမူ နေကြာဆီအစား မြေပဲဆီ (သို့မဟုတ်) ပဲပိစပ်ဆီတို့ကို အစားထိုးအသုံးပြု၍ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ငန်းများ၏ ရှေ့အလားအလာနှင့်ပတ်သက်၍ ကောင်းမွန်သည့်အခြေအနေတွင် မရှိသော် လည်း ၂၀၂၁ ခုနှစ်တွင်မူ စားသောက်ကုန်လုပ်ငန်းကဏ္ဍ ပြန်လည်နိုးထခဲ့ပြီး၊ အဆိုပါကဏ္ဍမှ ဝင်ငွေယူရို (၆၁.) ဘီလျံဖြင့် နိုင်ငံ၏ စီးပွားရေးတွင် မောင်းနှင်အားတစ်ရပ်ဖြစ်ခဲ့ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသားဉီးရေ () သိန်း နီးပါးကိုလည်း စားသောက်ကုန်လုပ်ငန်းကဏ္ဍမှ အလုပ်အကိုင်များ ဖန်တီးပေးထားကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံ၏ စားသောက်ကုန်ထုတ်လုပ်ငန်းကဏ္ဍသည် ကပ်ရောဂါ၏ သက်ရောက်မှုဒဏ်မှ ပြန်လည်ရုန်းထလာခဲ့သော်လည်း ကပ်ရောဂါကြောင့် မြင့်တက်ခဲ့သည့်  ထောက်ပံ့ရေးကွင်းဆက် ကုန်ကျစရိတ်များသည် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ပို၍ပင်များလာခဲ့ရာ  အမြတ်အစွန်းရရှိမှုပိုင်းတွင် တိုးတက်လာခြင်းမရှိကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းသည် စွမ်းအင်ပိုမိုသုံးစွဲရခြင်းဖြစ်ပြီး၊ ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဘယ်လ် ဂျီယံရှိ အဆိုပါလုပ်ငန်းများ၏ (၅၀) ရာခိုင်နှုန်းခန့်သည် စွမ်းအင်သုံးစွဲခ () ဆအထိမြင့်တက်လာမှုကို ကြုံတွေ့ရကြောင်း၊ စားသောက်ကုန်ထုတ် လုပ်ငန်းများ၏ သုံးပုံတစ်ပုံကျော်ခန့်မှာ စွမ်းအင်သုံးစွဲခ () ဆအထိ မြင့်တက်မှုကို ကြုံတွေ့ကြရကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံရှိ စူပါမတ်ကပ်များအနေဖြင့် ဈေးနှုန်းတိုးမြှင့်ရေးဆွေးနွေးမှုများကို များစွာကြိုဆိုကြခြင်းမရှိသောကြောင့် ထုတ်လုပ်သူများအနေဖြင့် ကုန်ကျစရိတ်ကို ကာမီစေရေးအတွက် အခက်အခဲရှိသည်ဟု Fevia ကဖော်ပြသည်။ ထို့ကြောင့် ဘယ်လ်ဂျီယံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍအနေ ဖြင့် စားသောက်ကုန်များတွင် တံဆိပ်ကပ်ဖော်ပြမှုဆိုင်ရာ ပြဌာန်းချက်များ ပိုမိုဖြေလျှော့ပေးခြင်းအပါအဝင် အစိုးရ၏ ထောက်ပံ့မှုများကို တောင်းဆို လျက်ရှိကြကြောင်း၊ ထိုသို့ ဖြေလျှော့ပေးခြင်းဖြင့် ကုန်ကြမ်းအတွက် ကုန်ကျစရိတ်များကို သက်သာစေနိုင်ပြီး၊ ကုန်ကြမ်းရှားပါးမှုပြဿနာကိုလည်း ထိန်းညှိပေးနိုင်ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - https://www.brusselstimes.com/215878/40-of-belgian-food-producers-to-halt-or-reduce-activity

Category: Belgium