Belgium

ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု စံချိန်တက်ရရှိခဲ့ခြင်း

Last Updated:

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်ခဲ့ပြီး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအားလုံးမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ယူရို (၅.၂) ဘီလီယံ ရှိခဲ့ကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အသစ် (၅၄၀၀) ကိုဖန်တီးပေးခဲ့ကြောင်း ဖလန်းဒါးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု (Flanders Investment and Trade-FIT) က ဆွမ်ဇာ လန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မီဒီယာများသို့ ထုတ်ဖော်ပြောကြားသည့် စာရင်းဇယားများအရ သိရှိရကြောင်း၊ စီမံကိန်း လုပ်ငန်းအသစ် (၂၅၈) ခုတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယူရို (၅.၈)ဘီလီယံရှိကြောင်း VRI သတင်းဌာန၏ ၂၂.၁.၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ချက်အရသိရှိရပါသည်။

မိမိတို့အနေဖြင့် ထိုသို့မြင့်မားသသည့် ရင်းနှီးမြှုပ်နှံမှုပမာဏကို ရခဲ့ဖူးခြင်းမရှိသေးကြောင်းနှင့် ယခုရရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှုစာရင်းဇယားများမှာ စံချိန်တင်ဖြစ်ကြောင်း ဖလန်းဒါး ဝန်ကြီးချုပ် Mr. Jambon သတင်းထောက်များအား ပြောကြားခဲ့ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သည့်ကဏ္ဍမှာ ဓါတုဗေဒလုပ်ငန်းကဏ္ဍဖြစ်ပြီး၊ အမေရိကန်နိုင်ငံသည် အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ် ကြောင်း၊ နယ်သာလန်နိုင်ငံမှ ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံထားပြီး၊ ဗြိတိန်နိုင်ငံသည် တတိယနေရာတွင်ရှိနေကြောင်းသိရှိရပါသည်။

ဗြိတိန်နိုင်ငံသည် ဖလန်းဒါးဒေသ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုအဆင့် (၇) ခုအဆင့် (၃) သို့တိုးတက်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းအများအပြားသည် ဗြိတိန်နိုင်ငံမှ ဉရောပအနောက်ပိုင်း သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း (၅၀) ခန့်သည် ဖလန်းဒါးဒေသတွင် လုပ်ငန်းများတည်ထောင်လုပ်ကိုင်နေကြပြီး၊ ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများစွာနှင့်လည်း လုပ်ငန်းဆောင်ရွက်မှုရှိနေကြောင်း၊ ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) သည် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်သည်မှာ ရှင်းလင်းသိသာ သည့် အချက်အလက်ဖြစ်သည်ဟု Mr.Jambon က ဆက်လက်ပြောကြားခဲ့သည်ဟု  အဆိုပါသတင်းကဖော်ပြထားပါသည်။

ရင်းမြစ်(https://www.vrt.be/vrtnws)

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

 

Category: Belgium