Brazil

ဘရာဇီးလ်နိုင်ငံရှိဈေးကွက်များတွင် ပဲပုတ်စေ့ဈေးနှုန်းများ တက်ရိပ်ပြလျက်ရှိ

Last Updated:

မေလ ၁၂ တွင် ဘရာဇီးလ်နိုင်ငံရှိပဲပုတ်စေ့ဈေးကွက်များတွင် ပဲပုတ်စေ့ဈေးနှုန်းများ တက်ရိပ်ပြလျက်ရှိပြီး အမေရိကန်စိုက်ပျိုးရေးဌာန (U.S. Department of Agriculture - USDA) ၏ သုံးသပ်ချက်အား အလေးထားစောင့်ကြည့်လျက်ရှိကြောင်း၊ ချီကာဂိုစတော့ဈေးကွက်တွင်လည်း အမေရိ ကန်ဒေါ်လာ ငွေတန်ဖိုးအတက်အကျများ လျင်မြန်စွာဖြစ်ပေါ်နေမှုကြောင့် သီးနှံဈေးနှုန်းများ တည်ငြိမ်မှုမရှိသဖြင့် အရောင်းအဝယ်ဖြစ်မှုများ ကျဆင်း ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မေလ ၁၂ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အလေးချိန် ၆၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၉၆.၀၀ မှ ၁၉၅.၀၀ ဟဲရာသို့လည်းကောင်း၊ Missions region ဈေးကွက်တွင် ၁၉၅.၀၀ ဟဲရာမှ ၁၉၄.၀၀ ဟဲရာသို့လည်းကောင်း ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း  Port of Rio Grande ဈေးကွက်တွင် ၁၉၆.၅၀ ဟဲရာမှ ၁၉၈.၀၀ ဟဲရာသို့လည်းကောင်း၊ Cascavel, Paraná ဈေးကွက်တွင် ၁၈၉.၀၀ ဟဲရာမှ ၁၈၉.၅၀ ဟဲရာသို့လည်းကောင်း၊ port of Paranaguá (PR) ဈေးကွက်တွင် ၁၉၆.၀၀ ဟဲရာမှ ၁၉၆.၅၀ ဟဲရာသို့လည်းကောင်း၊ Rondonópolis (MT) ဈေးကွက်တွင် ၁၇၈.၅၀ ဟဲရာမှ ၁၇၉.၅၀ ဟဲရာသို့လည်းကောင်း အသီးသီးဈေးနှုန်းများမြင့်တက်ခဲ့ ပြီး Dourados (MS) ဈေးကွက်တွင် ၁၈၁.၀၀ ဟဲရာနှင့် Rio Verde (GO) ဈေးကွက်တွင် ၁၇၅.၀၀ ဟဲရာတို့ဖြင့် ဈေးနှုန်းများတည်ငြိမ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မေလ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ဈေးကွက် (Chicago Commodity Exchange - CBOT) ၌ ပဲပုတ်စေ့၊ ပြောင်းနှင့် ဂျုံဈေး နှုန်းများ တက်ရိပ်ပြခဲ့ကြောင်း USDA ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၂-၂၀၂၃ ခုနှစ်ကာလတွင် မြောက်အမေရိကတိုက်မှ ပဲပုတ်စေ့တန်ချိန် ၁၂၆.၂၈သန်း ထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်း၊ ပြည်တွင်းကြိတ်ခွဲမှုတွင် ပဲပုတ်စေ့စည်ပေါင်း ၂.၂၅၅ ဘီလီယံကို အသုံးပြုနိုင် ပြီး ပြည်ပနိုင်ငံများသို့ ပဲပုတ်စေ့တန်ချိန် ၂.၂ ဘီလံယံတင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း၊ ၂၀၂၁- ၂၀၂၂ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံမှ ပဲပုတ် စေ့စည်ပေါင်း ၄.၄၃၅ ဘီလီယံစိုက်ပျိုးထွက်ရှိနိုင်ပြီး ပြည်တွင်းလက်ကျန်အဖြစ် ပဲပုတ်စေ့စည်ပေါင်း ၂၃၅ သန်း ကျန်ရှိနိုင်ကြောင်း၊ ဈေးကွက်တွင်း အရောင်းအဝယ်ဖြစ်မှုသည် ပဲပုတ်စေ့စည်ပေါင်း ၂၂၂ ဘီလီယံရှိနိုင်ကြောင်း USDA ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ခုနှစ်ကာလ ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၃၉၄.၇ သန်းအထိရှိနိုင်ပြီး ပဲပုတ်စေ့လက်ကျန်သည် တန်ချိန် ၉၉.၆ သန်းရှိနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတွင် အမေရိကန်မှ ပဲပုတ်စေ့တန်ချိန် ၁၂၆.၃ သန်း၊ ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၁၄၉ သန်းနှင့် အာဂျင်တီးနားနိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၅၁ သန်းတို့ အသီးသီးထုတ်လုပ်နိုင်ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်မှ ပဲပုတ်စေ့တန်ချိန် ၉၉ သန်း အထိ ဝယ်ယူတင်သွင်းနိုင်ကြောင်း USDA ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

ချီကာဂိုစတော့ဈေးကွက်ရှိ ပဲပုတ်စေ့နှင့်ပဲပုတ်ထွက်ကုန် ကြိုပွိုင့်ရောင်းဝယ်မှုတွင် ဇူလိုင်လအတွက် ပဲပုတ်စေ့ကြိုပွိုင့် ၁ စည်ဈေးနှုန်းသည် ယခင် နေ့ကထက် ၀.၄၃ ရာခိုင်နှုန်း ဈေးနှုန်းပိုမိုမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆.၁၃ ဖြင့်လည်းကောင်း၊ ဩဂုတ်လအတွက် ပဲပုတ်စေ့ကြိုပွိုင့် ၁ စည် ဈေးနှုန်းသည် ၀.၄၄ ရာခိုင်နှုန်း ဈေးနှုန်းပိုမိုမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅.၆၉ ဖြင့်လည်းကောင်းဈေးနှုန်းများဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လအတွက် ပဲပုတ်ခွံ ၁ တန် ကြိုပွိုင့်ဈေးနှုန်းသည် ယခင်နေ့ကထက် ၀.၄၇ ရာခိုင်နှုန်းဈေးနှုန်းမြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၉၆.၀၀ ဖြင့်လည်းကောင်း၊ ဇူလိုင်လအတွက် ပဲပုတ်ဆီ ၁ ပေါင်ကြိုပွိုင့်ဈေးနှုန်း ၁.၁၁ ရာခိုင်နှုန်းဈေးနှုန်းကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာ ၈၂.၅၂ ဆင့်ဖြင့်လည်းကောင်း ဈေး နှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်များပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)
သတင်းရင်းမြစ် - canalrural.com.br

 

Category: Brazil