Brazil

ဘရာဇီးလ်နိုင်ငံ၏သီးနှံဈေးကွက်များတွင် ပဲပုတ်စေ့ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ကြိုပွိုင့်ဈေးနှုန်းများမြင့်တက်မှုနှင့်အတူ ဘရာဇီးလ်နိုင်ငံရှိသီးနှံဈေးကွက်အချို့တွင်ပဲပုတ် စေ့ဈေးနှုန်းများလိုက်ပါမြင့်တက်လျက်ရှိသည်။ လတ်တလောရက်များတွင်ဖြစ်ပေါ်နေသည့် ဒေါ်လာငွေတန်ဖိုးကျဆင်းမှုနေကြောင့် သီးနှံဝယ်လက်များ ဈေးကွက်အခြေအနေကိုလေ့လာစောင့်ကြည့်လျက်ရှိသဖြင့် အရောင်းအဝယ်များ အေးစက်လျက်ရှိခဲ့သည်။

ဘရာဇီးလ်နိုင်ငံရှိ ပဲပုတ်စေ့အဓိကစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် သီးနှံရိတ်သိမ်းမှုများရပ်ဆိုင်းထားရသဖြင့် ဈေးကွက်သို့ သီးနှံဝင်ရောက်မှုများ သိသိသာသာကျဆင်းလျက်ရှိသည်။ ထို့ကြောင့် ပဲပုတ်စေ့ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိရာ သီးနှံစိုက်ပျိုးထုတ်လုပ်သူများသည် ဈေးကောင်းရရှိရေးအတွက် ဈေးကွက်အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

အလေးချိန် ၆၀ ကီလိုဂရမ်ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၂၀၂.၀၀ ဟဲရာမှ ၂၀၄.၀၀ ဟဲရာသို့လည်းကောင်း၊ Mission Region ဈေးကွက်တွင် ၂၀၀ ဟဲရာမှ ၂၀၃.၀၀ ဟဲရာသို့လည်းကောင်း၊ Port of Rio Grande ဈေးကွက်တွင် ၁၉၈.၀၀ ဟဲရာမှ ၂၀၀.၀၀ဟဲရာသို့လည်းကောင်း၊ Cascavel(PR) ဈေးကွက်တွင် ၁၉၁.၀၀ ဟဲရာမှ ၁၉၃.၅၀ ဟဲရာ သို့လည်းကောင်း၊ Port of Paranaguá(PR) ဈေးကွက်တွင် ၁၉၆.၀၀ ဟဲရာမှ ၁၉၈.၅၀ ဟဲရာသို့ လည်းကောင်း၊ Rondonópolis(MT) ဈေးကွက်တွင် ၁၈၁.၀၀ ဟဲရာမှ ၁၈၅.၀၀ ဟဲရာသို့ လည်းကောင်း၊ Dourados(MS) ဈေးကွက်တွင် ၁၈၂.၀၀ ဟဲရာမှ ၁၉၀.၀၀ ဟဲရာသို့လည်းကောင်း၊ Rio Verde(GO) ဈေးကွက်တွင် ၁၈၀.၀၀ ဟဲရာမှ ၁၈၃.၀၀ ဟဲရာသို့လည်းကောင်း အသီးသီး ဈေးနှုန်းများမြင့်တက်ခဲ့ပြီး  Port of Santos (SP) ဈေးကွက်တွင် ၁၉၇.၀၀ ဟဲရာဖြင့် ဈေးနှုန်း တည်ငြိမ်ခဲ့သည်။

သီးနှံစိုက်ပျိုးချိန်ကာလတွင် ပဲပုတ်စေ့အများအပြား စိုက်ပျိုးထွက်ရှိသည့် တောင်အမေရိကတိုက်ရှိ ဘရာဇီးလ်နိုင်ငံတောင်ပိုင်း၊ ပါရာဂွေး၊ အာဂျင်တီးနားနှင့် ဥရုဂွေးနိုင်ငံတို့၌ ခြောက်သွေ့သည့်ရာသီဥတုဖြစ်ပေါ်ရန်ခန့်မှန်းထားပြီး သီးနှံအထွက်နှုန်းများ ကျဆင်းနိုင်ကြောင်း ခန့်မှန်းသုံးသပ် ထားသဖြင့်  အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ဈေးကွက် (Chicago Commodity Exchange - CBOT)၏ ဖေဖော်ဝါရီလ ၇ ရက်နေ့သီးနှံကြိုပွိုင့်ရောင်းဝယ်မှုတွင် ပဲပုတ်စေ့ဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ကြောင်း၊  အမေရိကန်စိုက်ပျိုးရေးဌာန(U.S. Department of Agriculture - USDA)၏ ဖေဖော်ဝါရီလ လယ်ယာထွက်ကုန် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့တန်ချိန် ၅၀၇,၀၀၀ တန်အား ရောင်းချထားပြီး တန်ချိန် ၂၄၉,၀၀၀ တန်အား ၂၀၂၁-၂၀၂၂ သီးနှံကာလအတွင်းတင်ပို့သွားရန်နှင့် တန်ချိန် ၂၅၈,၀၀၀ တန်အား ၂၀၂၂-၂၀၂၃ သီးနှံကာလတွင်တင်ပို့သွားမည်ဖြစ်ကြောင်း အမေရိကန်ပို့ကုန် လုပ်ငန်းရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့လက်ကျန်သည် ပဲပုတ်စေ့စည်ပေါင်း ၃၁၄ သန်းခန့် ကျန်ရှိနိုင်ပြီး ယခင်နှစ်က စည်ပေါင်း ၂၅၇ သန်း ကျန်ရှိခဲ့ကြောင်း ဈေးကွက် သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလ ပဲပုတ်စေ့စိုက်ပျိုး ထုတ်လုပ်မှုတွင် ဘရာဇီးလ်နိုင်ငံမှ တန်ချိန် ၁၃၃ သန်းခန့်နှင့် အာဂျင်တီးနားနိုင်ငံမှ တန်ချိန် ၄၄.၂ သန်းခန့် ထွက်ရှိနိုင်ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အမေရိကန်ပဲပုတ်စေ့တင်ပို့မှုသည် တန်ချိန် ၁.၂၁၈ သန်းရှိခဲ့ကြောင်း USDA ၏ ဇန်နဝါရီလအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကြိုပွိုင့်ရောင်းဝယ်မှုတွင် ၂၀၂၂ ခုနှစ်၊ မတ်လအတွက် ပဲပုတ်စေ့ ၁ စည်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅.၈၁ ဒေါ်လာဈေးပေါက်ခဲ့သဖြင့် ယခင်ကထက် ၂၈.၈၅ ဆင့် မြင့်တက်ခဲ့ကြောင်း၊ မေလအတွက် ပဲပုတ်စေ့ ၁ စည်တန်ဖိုးသည် ၁၅.၈၆ ဒေါ်လာဈေးပေါက်ခဲ့သဖြင့် ယခင်ကထက် ၂၈.၇၅ ဆင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ပဲပုတ် ထွက်ကုန်ရောင်းဝယ်မှုတွင် မတ်လအတွက်ပဲပုတ်ခွံကြိုပွိုင့်ဈေးနှုန်းသည် ၈.၉၀ ဒေါ်လာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၁တန်လျင် အမေရိကန်ဒေါ်လာ ၄၅၂.၈၀ ဒေါ်လာဖြင့်လည်းကောင်း၊ မတ်လအတွက် ပဲပုတ်ဆီကြိုပွိုင့်ရောင်းဝယ်မှုတွင် ၀.၀၂ ဆင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ၁ ပေါင်လျင် ၆၅.၃၄ ဆင့်ဖြင့် လည်းကောင်း ဈေးနှုန်းများအသီးသီးဖြစ်ပေါ်ခဲ့ကြောင်းနှင့် နိုင်ငံခြားငွေရောင်းဝယ်မှုဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျင် ၅.၂၅၂၀ ဟဲရာဖြင့် ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil