India (Delhi)

မိုရေးမြို့၌ နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ကုန်သွယ်မှုဆိုင်ရာ အစည်းအဝေးကျင်းပ

Last Updated:

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ မိုရေးမြို့ရှိ နယ်စပ်စုပေါင်းစစ်ဆေးဂိတ် (Integrated Check Post (ICP) Moreh) အား ဖြတ်သန်း၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ၁၅-၁-၂၀၂၂ နေ့တွင် ၎င်းနယ်စပ်ဂိတ်စခန်း၌ ကျင်းပရာ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ အရန်အတွင်းဝန် Mr. Vinay Kumar တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  

အဆိုပါအစည်းအဝေးသို့ LCS Moreh အကောက်ခွန်ဌာနမှ ဌာနမှူး Mr. SK Gangte ၊ ICP Moreh ဂိတ်မှ မန်နေဂျာ Mr. Robin Gangte ၊ လက်ထောက်ကောလိတ္တော် အရာရှိ Mr. L Brojendra Singh နှင့် အမှတ် ၄၃ အာသံ ရိုင်ဖယ်တပ် (မိုရေး) မှ ဗိုလ်မှူးကြီး Mr. Sumit Sood တို့နှင့်အတူ နယ်စပ်ဂိတ်စခန်းနှင့် အိန္ဒိယ လူဝင်မှု ကြီးကြပ်‌ရေးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ဒေသတွင်း တရားမဝင်ကုန်သွယ်မှုကို လုပ်ကိုင်ရန် မျက်နှာသာပေးလျက်ရှိ သော ကိစ္စရပ်များ၊ ICP Moreh ဂိတ်အား ဖြတ်သန်း၍ တရားဝင်ကုန်သွယ်မှုလုပ်ဆောင်လာစေရေး မြှင့်တင်နိုင်မည့်နည်းလမ်းများ၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ရှည်လျား စွာ ထိစပ်နေမှုအရ စိမ့်ဝင်လာနိုင်မှု၊ မြန်မာနိုင်ငံအားဖြတ်သန်း၍ တတိယနိုင်ငံတစ်ခုမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းအတွက် သီးခြားကုန်သွယ်ရေး သဘောတူညီချက် များကင်းမဲ့မှု၊ မိုရေးမြို့၌ ပြည်ဝင်ဗီဇာထုတ်ပေးနိုင်မည့် အခြေခံအဆောက်အအုံများ မရရှိနိုင်မှုနှင့် အခြားအထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။

၁၉၉၂ ခုနှစ် အိန္ဒိယ နိုင်ငံခြား‌ရေးဝန်ထမ်းသင်တန်းဆင်း အဆင့်မြင့်သံတမန်အရာရှိဖြစ်သော Mr. Vinay Kumar သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ခန့်အပ်ခြင်းခံရပြီးနောက် မကြာမီကာလအတွင်း တာဝန်စတင်ထမ်းဆောင်ဖွယ်ရှိကြောင်း အိန္ဒိယ Imphal Free Press သတင်းဌာနမှ ဖော်ပြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Source:         MEA additional secretary visits Moreh Integrated Check Post, 15 Jan 2022, Imphal Free Press

Category: India (Delhi)