Germany

မြန်မာနိုင်ငံနှင့်ဂျာမနီနိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံ ကုန်သွယ်မှုအခြေအနေကို ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး (Federal Statistical Office) ၏အချက်အလက်များအရ ဂျာမနီနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် (ဇန်နဝါရီလမှ ဒီဇင်ဘာလထိ) ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အောက်ပါအတိုင်း လေ့လာ တွေ့ရှိရပါ သည်-

၂၀၂၁ ခုနှစ်တွင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန် အမေရိကန်ဒေါ်လာ (၁.၁၁၆) ဘီလီယံနှင့် မြန်မာနိုင်ငံသို့ ပို့ကုန် အမေရိကန်ဒေါ်လာ (၉၉.၄၄၂) သန်းရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် အများဆုံးတင်သွင်းကုန်များမှာ အဝတ်အထည် (CMP)၊ ဖိနပ်၊ လယ်သာပစ္စည်း များ၊ ပလပ်စတစ်၊ ကောက်ပဲသီးနှံ၊ ရော်ဘာ၊ ပရိဘောဂ၊ စက်ပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းများ စသည်တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ပို့ကုန် များအနေဖြင့်  နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဆေးဝါး၊ စက်ပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ မော်တော်ကား၊ ဓါတ်မြေဩဇာ၊ မျက်မှန်နှင့် ဓါတ်ပုံဆိုင်ရာ အသုံးအဆောင်များ စသည်တို့ဖြစ်ပါသည်။ သို့ဖြစ်၍ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၂၁၅) ဘီလီယံ ရှိခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့် ကုန်သွယ်မှုတွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁.၀၁၆) ဘီလီယံ ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေကို ဖက်ဒရယ်စာရင်းအင်းရုံး၏ အချက်အလက်များအရ လေ့လာကြည့်လျှင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ ပျမ်းမျှတစ်လလျှင် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း (၁၀၀) ဝန်းကျင်နှင့် ပို့ကုန် (၈) သန်းမှ (၁၀) သန်းဝန်းကျင် အကြားရှိနေကြောင်း၊ မတ်လတွင်မူ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၃၅) သန်းနှင့် ပို့ကုန် (၂၁) သန်းတို့ရှိခဲ့ပြီး အဝတ်အထည်၊ ဖိနပ် (CMP) များ တင်သွင်းမှုစုစုပေါင်း အမေရိကန်ဒေါ်လာ (၁၂၇) သန်းရှိပြီး ယခင်လများထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့် ကုန်သွယ်မှုတွင် လအလိုက်၊ နှစ်အလိုက် ကုန်သွယ်မှုပိုငွေများဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး အထည်ချုပ် လုပ်ငန်းများ (CMP) အပြင် အခြားစိုက်ပျိုးရေးနှင့် စားသောက်ထုတ်ကုန်များလည်း တိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန်ဝင်ငွေတိုးတက်ရရှိနိုင်မည်ဖြစ်ပါ ကြောင်း တင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany