China(Nanning)

မြေရှားသတ္တု ဈေးနှုန်းထိန်းချုပ်ခြင်းနှင့် ထိထိရောက်ရောက်ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန် နိုင်ငံပိုင်မြေရှားသတ္တုလုပ်ငန်းကြီးများကို ပေါင်းစည်းဖွဲ့စည်းလိုက်သည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် ဈေးနှုန်းသတ်မှတ်မှုများအား ထိန်းချုပ်ရန်၊ ပိုမိုထိရောက်မှုရှိစေရန်၊ မဟာဗျူဟာမြောက် စီးပွားရေးနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ ပြည့်မြောက်စေရန် ၎င်း၏ မြေရှားသတ္တုလုပ်ငန်းများကို ပေါင်းစည်းမှုများ ပြုလုပ် လိုက်ပါသည်။ နိုင်ငံပိုင် မြေရှားသတ္တုလုပ်ငန်း (၃) ခုကို ပေါင်းစည်း၍ China Rare Earth Group Co. Ltd ကို တည်ထောင်ကာ ကမ္ဘာပေါ်တွင် မြေရှားသတ္တုနှင့်ပတ်သက်သည့် အကြီးမားဆုံးအရွေ့အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အသစ်တည်ထောင်လိုက်သည့် China Rare Earth Group Co. Ltd မှာ တရုတ်နိုင်ငံ heavy rare earth ပံ့ပိုးပေးနိုင်မှု၏ (၆၂) ရာခိုင်နှုန်းနီးပါး ပါဝင်ပါသည်။ ၎င်းနိုင်ငံပိုင်လုပ်ငန်းသည် dysprosium နှင့် terbium ကဲ့သို့ အဓိကမြေရှားသတ္တုများ၏ ဈေးနှုန်း သတ်မှတ်နိုင်စွမ်းကို တိုးမြှင့်သွားမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုပံ့ပိုးမှုကွင်းဆက်သို့ အပြောင်းအလဲများဖြစ်ပေါ်လာ နိုင်ဖွယ် ရှိပါသည်။

၎င်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းစီးပြည်နယ်၊ ဂန်းကျိုး၌ တည်ထောင်လိုက်ခြင်းဖြစ်ကာ၊ Aluminum Corporation of China (CHALCO)၊ China Minmetals Corporation ၊ Ganzhou Rare Earth Group Co., Ltd တို့အပြင် သုတေသနကုမ္ပဏီများဖြစ်သည့် China Iron & Steel Research Institute Group နှင့် Grinm Group Corporation Ltd တို့ကိုပါ ပေါင်းစည်း၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။ China Rare Earth Group Co. Ltd ကို မြေရှားသတ္တုကဏ္ဍတွင် ကမ္ဘာ လုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်မှုကိုမြှင့်တင်သွားရန် ရည်ရွယ်၍ ပေါင်းစည်းဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် ထားကြပါသည်။ China Rare Earth Group Co. Ltd အောက်ရှိ အဖွဲ့ဝင်ကုမ္ပဏီများ၊ မတည်ငွေရင်းနှင့် အစုရှယ်ယာအချိုးတို့ကို တစ်ဖက်ဖော်ပြပါဇယား၌ တွေ့မြင်နိုင်ပါသည် -

China Rare Earth Group Co. Ltd

Members

Subscribed capital

Shares ratio

The State-owned Assets Supervision and Administration Commission (the national asset regulator)

RMB 31.21 million

31.21%

Aluminum Corporation of China (CHALCO)

RMB 20.33 million

20.33%

China Minmetals Corporation

RMB 20.33 million

20.33%

Ganzhou Rare Earth Group Co., Ltd

RMB 20.33 million

20.33%

China Iron & Steel Research Institute Group

RMB 3.9 million

3.9%

Grinm Group Corporation Ltd.

RMB 3.9 million

3.9%

 

မြေရှားသတ္တုများမှာ lanthanum ၊ cerium ၊ praseodymium ၊ neodymium ၊ promethium ၊ samarium ၊ europium ၊ gadolinium ၊ terbium ၊ dysprosium ၊ holmium ၊ erbium ၊ thulium ၊ ytterbium ၊ lutetium ၊ scandium နှင့် yttrium ဟူသည့် ဓာတုဗေဒဆိုင်ရာအခြေခံ (၁၇) မျိုး၏ အုပ်စုဖြစ်ပါသည်။

မြေရှားသတ္တုများကို အဆင့်မြင့် လူသုံးကုန်ပစ္စည်းများ (ကွန်ပျူတာများ၊ ဖုန်းများ၊ စွမ်းအင်အသစ်သုံးယာဉ်များ) နှင့် စစ်ရေးအသုံး အဆောင်များ (လေဆာများ၊ လမ်းညွှန်ပြသသည့်စနစ်များ၊ ရေဒါစနစ်များ) ထုတ်လုပ်ရာတွင် မရှိမဖြစ် ထည့်သွင်းအသုံးပြုရပါ သည်။ သံလိုက်များတွင် အသုံးပြုရသည့် အရေးအပါဆုံးပစ္စည်းလည်း ဖြစ်ပါသည်။ ကမ္ဘာမြေကြီး၏ အပေါ်ယံလွှာတွင် မြေရှား သတ္တုများ ပါဝင်တတ်သော်လည်း၊ အခြားတွင်းထွက်များကဲ့သို့ ထုတ်ယူနိုင်လောက်အောင် များများစားစားရှိမနေတတ်ခြင်း ကြောင့် တန်ဖိုးမြင့်  ရှားပါးသတ္တုဖြစ်နေခြင်း ဖြစ်ပါသည်။

တရုတ်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်များမှစ၍ ကမ္ဘာပေါ်ရှိမြေရှားသတ္တုလုပ်ငန်းတွင် ဉီးဆောင်နေသည့်နိုင်ငံဖြစ်ပြီး၊ မြေရှားသတ္တုတွင်း များ၏ (၅၅) ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းခန့်ကို ဝင်ရောက်လုပ်ကိုင်နေကာ၊ သန့်စင်ထုတ်လုပ်မှုပိုင်းတွင် (၉၀) ရာခိုင်နှုန်းခန့် ရှိ ပါသည်။

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံ၏ ဈေးကွက်လွှမ်းမိုးနိုင်မှုမှာ အားနည်းနေခဲ့ပြီး၊ တစ်ကမ္ဘာလုံးမှှ ထုတ်လုပ်မှုမှာ ၂၀၁၄ ခုနှစ်တွင် ယခင်ထုတ်လုပ်မှုများ၏ (၈၆) ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် (၅၈.၃) ရာခိုင်နှုန်းသာ ထုတ်လုပ် နိုင်တော့သည်အထိ ကျဆင်းခဲ့ကြောင်း US Geological Survey အရ  သိရပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုမှာ လည်း များစွာကျဆင်းလာခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင်နှင့် ရင်းမြစ်များကို ထိခိုက်စေမှုများနှင့် ထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုချင်း၏ ပြည်တွင်းပြိုင်ဆိုင်မှုကလည်း နိုင်ငံခြားမှ လုပ်ငန်းအပြိုင်များနှင့် ပြိုင်ဆိုင်ရာတွင် သိသာလာသည့်အတွက် ယခုကဲ့သို့ ပေါင်းစည်း ဖွဲ့စည်းခြင်းဖြစ်ပါသည်။

ယခုအသစ်ဖွဲ့စည်းလိုက်သည့် China Rare Earth Group Co. Ltd သည် သတ္တုတွင်း တူးဖော်နိုင်သည့် ခွဲဝေမှု (ကိုတာ) မက်ထရစ် တန်ချိန် (၅၂,၇၁၉) တန် (တရုတ်တစ်နိုင်ငံလုံး စုစုပေါင်း၏ ၃၁ ရာခိုင်နှုန်း) ကို ရရှိထားပြီး၊  သတ္တုအရည်ကြိုနိုင်သည့် ခွဲဝေမှု (ကိုတာ) မက်ထရစ်တန်ချိန် (၄၇,၁၂၉) တန် (တရုတ်တစ်နိုင်ငံလုံး စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်း) ကို ရရှိထားပါသည်။ China Rare Earth Group Co. Ltd အနေဖြင့် တရုတ်တစ်နိုင်ငံလုံး heavy rare earth ပံ့ပိုးပေးနိုင်စွမ်းတွင် (၆၂) ရာခိုင်နှုန်းခန့် ပါဝင်ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ၎င်းလုပ်ငန်းအနေဖြင့် သံလိုက်ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် dysprosium နှင့် terbium ဈေးနှုန်းများကို ပိုမိုထိန်းချုပ်သွားနိုင်ဖွယ်ရှိပါသည်။

ထို့ပြင် ၎င်းကုမ္ပဏီအနေဖြင့် နည်းပညာများကို မျှဝေအသုံးပြု၍ ရင်းမြစ်များကို အထိရောက်ဆုံးအသုံးပြုသွားရန်နှင့် စွန့်ပစ်ပစ္စည်း များကို လျှော့ချပေးရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ တရုတ်အစိုးရဘက်မှလည်း ဉပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အသုံးပြု၍ မြေရှားသတ္တုလုပ်ငန်း ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ထိန်းကျောင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တရုတ်အစိုးရ၏ ၂၀၂၁ အတွက်ရင်းနှီးမြှုပ်နှံမှုကန့်သတ်စာရင်းတွင် မြေရှားသတ္တု၊ ရေဒီယိုသတ္တိကြွတွင်းထွက်များနှင့်အဖြိုက်နက် တို့အား တူးဖော်ရှာဖွေခြင်းကို ထည့်သွင်းထားသော်လည်း ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း ကန့်သတ်စာရင်း၌မူ ခြွင်းချက်အနေအထားနှင့် တားမြစ်ထားခြင်းမရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချ၍ အလုံးစုံထုတ်လုပ်မှုကို တိုးတက်စေလျက် မြေရှားသတ္တုကဏ္ဍသို့ မျှတသောယှဉ်ပြိုင်မှုများ ဆောင် ကြဉ်းပေးနိုင်သည့် ထုတ်လုပ်မှုကွင်းဆက် အကျိုးသက်ရောက်မှုများကို မျှော်မှန်းနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထား ကြပါသည်။

ထို့ပြင် တရုတ်နိုင်ငံတောင်ပိုင်းရှိ China Rare Earth Group Co. Ltd သည် heavy နှင့် medium မြေရှားသတ္တုများအပေါ် အလေး ထားဆောင်ရွက်သော်လည်း တရုတ်နိုင်ငံမြောက်ပိုင်း၌ အပေါ့စားမြေရှားသတ္တုများထွက်ရှိသဖြင့် ၎င်းအတွက် နောက်ထပ်မြေရှား သတ္တုလုပ်ငန်းကြီးတစ်ခု ဖွဲ့စည်းမည့်အလားအလာရှိပါသည်။ ဤကဲ့သို့ ဖွဲ့စည်းဖြစ်ခဲ့ပါက မြေရှားသတ္တုအမျိုးအစားအားလုံး၏ ကုန်စည်ပံ့ပိုးမှုကွင်းဆက်များတွင် တရုတ်နိုင်ငံက ပိုမိုလွှမ်းမိုးမှုလာဖွယ်ရှိကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ China-Briefing (၁၂-၁-၂၀၂၂)

Category: China(Nanning)