China(Nanning)

ယခုနှစ် ပထမ (၁၁) လအတွင်း အကောက်ခွန်ကြီးကြပ်မှုအောက်တွင် ကုန်စည်သယ်ယူပို့ဆောင်ခြင်းက ကွမ်ရှီး၏ နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်ခဲ့

Last Updated:

ယခုနှစ် ပထမ (၁၁) လအတွင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပို့ကုန်/ သွင်းကုန်တန်ဖိုးစုစုပေါင်းမှာ ယွမ်ငွေ (၅၄၈.၅၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၆.၁၈ ဘီလီယံ) အထိ မြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုနှုန်းမှာ (၅.၈) ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံး၏ ပျမ်းမျှဖွံ့ဖြိုးမှုနှုန်း ထက် ပိုမိုမြင့်မားခဲ့ပါသည်။

ပြီးခဲ့သည့် (၁၁) လအတွင်း ကွမ်ရှီး၏ ပို့ကုန်တင်ပို့မှုမှ ယွမ်ငွေ (၂၇၃.၆၃) ဘီလီယံရရှိခဲ့ကာ၊ သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၂၇၄.၉၂) ဘီလီယံရရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် ပို့ကုန်ပိုင်းတွင် (၁၇.၁) ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် (၄၀.၅) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

အကောက်ခွန်ကြီးကြပ်မှုအောက်တွင် ပို့ကုန်/သွင်းကုန်များ သယ်ယူပို့ဆောင်ပေးမှုများမှာလည်း (၅၆) ရာခိုင်နှုန်းမြင့်တက်လာပြီး ယွမ်ငွေ (၁၃၃.၈၇) ဘီလီယံအထိ တိုးချဲ့နိုင်ခဲ့ပါသည်။ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုနှုန်းမှာ (၂၇.၅) ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံး၏ ပျမ်းမျှဖွံ့ဖြိုးမှုနှုန်းထက် ပိုမိုမြင့်မားခဲ့ပါသည်။ အဆိုပါပမာဏမှာ ကွမ်ရှီး၏ နိုင်ငံခြားကုန်သွယ်မှုဖွံ့ဖြိုးမှုနှုန်းတွင် (၁၁.၂) ရာခိုင်နှုန်းခန့် ပါဝင်ဖြည့်ဆည်းခဲ့ပါသည်။ ထို့ပြင် ယခုနှစ် ပထမ (၁၁) လအတွင်း ကွမ်ရှီးနှင့် အာဆီယံတို့၏ ကုန်သွယ်မှုမှာလည်း  (၂၆.၂) ရာခိုင်နှုန်းမြင့်တက်လာကာ ယွမ်ငွေ (၂၆၄.၉၃) ဘီလီယံရရှိခဲ့သည်ဟု သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၁၇-၁၂-၂၀၂၁)

Category: China(Nanning)