USA

ယူကရိန်းစစ်ပွဲကြောင့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနိုင်ကြောင်း IMF ၏ ခန့်မှန်းချက်အား တင်ပြခြင်း

Last Updated:

ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းစစ်ပွဲကြောင့် သိသိသာသာနှေးကွေးနိုင်သည်ဟု ခန့်မှန်းကြောင်း  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့- IMF က ၁၉--၂၀၂၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်တွင် ၃.၆ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး ယမန်နှစ် ၆.၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ထက် တိုးတက်မှုလျော့နည်းကျဆင်းနိုင်သည်ဟု IMF က ပြောကြားခဲ့ကြောင်း The Wall Street Journal တွင် ၂၀--၂၀၂၂ ရက် နေ့က ဖော်ပြထားပါသည်။

ကမ္ဘာ့စီးပွားရေးအလားအလာ ခန့်မှန်းချက်အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ယခင်ဇန်နဝါရီလက တွက်ချက်ခန့်မှန်းချက်ထက် ယခုဧပြီလထုတ်ပြန်ချက်တွင် ၀.၂ ပွိုင့်လျှော့၍ ခန့်မှန်းခဲ့ကြောင်း၊ ယူကရိန်းစစ်ပွဲကြောင့် စားသောက်ကုန်နှင့် စွမ်းအင် ဈေးနှုန်းများ မြင့်တက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်မှုပျက်ပါးခြင်းတို့ကြောင့် စီးပွားရေးစရိတ်များမြင့်တက်ကာ နှေးကွေးနိုင်ကြောင်း ဖော်ပြထားပါသည်။

IMF ၏အစီရင်ခံစာတွင် ယူကရိန်းနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၃၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း၊ ရုရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ် တွင် ၈.၅ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ယမန်နှစ်က ရုရှားစီးပွားရေးသည် ၄.ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ယခုနှစ်တွင် အနောက်ဥရောပနိုင်ငံများသို့ စွမ်းအင်တင်ပို့မှု သိသိသာသာကျဆင်းခြင်း၊ အနောက်ဥရောပနိုင်ငံများမှ ရုရှားနိုင်ငံ အပေါ် ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးအရေးယူမှုများ၊ လေကြောင်းလိုင်းများ၊ ဘဏ်များနှင့် ဆော့ဖ်ဝဲကုမ္ပဏီများ စသည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းတို့ကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးသိသိသာသာကျဆင်းနိုင်သည်ဟု IMF က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဥရောပရှိ အခြားနိုင်ငံများသည်လည်း စစ်ပွဲအကြားတွင် စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ဒုက္ခသည်အကြပ်အတည်းများကြောင့် ၎င်းတို့စီးပွားရေး သည်လည်း သိသိသာသာ ကျဆင်းနိုင်ကြောင်း၊ ဥရောပဒေသ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၂.၈ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး ၂၀၂၁ ခုနှစ်တွင် ၅.၃ ရာခိုင်နှုန်း စီးပွားရေးတိုးတက်မှုနှုန်းထက် သိသိသာသာကျဆင်းနိုင်သည်ဟု IMF ကခန့်မှန်းကြောင်း ဖော်ပြ ထားပါသည်။

အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် နှစ်ပေါင်း (၄၀) အတွင်း အမြင့်ဆုံးငွေကြေးဖောင်းပွမှုအား သက်သာလျော့နည်းစေရန်အတွက် ဗဟို ဘဏ်က အတိုးနှုန်းများ ပြန်လည်တိုးမြှင့်ခဲ့ကြောင်း၊ ယခုနှစ်တွင် အမေရိကန်၏စီးပွားရေးသည် ၃.၇ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်းတိုး တက်နိုင်ပြီး ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် ၅.၇ ရာခိုင်နှုန်းတိုးတက်ခဲ့မှုထက် များစွာကျဆင်းနိုင်သည်ဟု ခန့်မှန်းကြောင်း၊ ယူကရိန်းစစ်ပွဲမတိုင်ခင် ဇန်နဝါရီလက ထုတ်ပြန်ချက်တွင် အမေရိကန်၏ စီးပွားရေးကို ယခုနှစ်တွင် ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၂.၆ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်တွင် ၈.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကာလရှည်ကြာ အသွား အလာကန့်သတ်မှုများ ဆောင်ရွက်သည့်အတွက် ယခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၄.၄ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ စစ်ပွဲကြောင့် ထောက်ပံ့ရေးကွင်းဆက်များ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့သလို ကပ်ရောဂါကြောင့် နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားကြရကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်သည့် ဖိအားဒဏ်ကို လာမည့်ကာလများတွင် ပိုမိုခံစားလာရနိုင်ပြီး မူဝါဒချမှတ်သူမျာအနေနှင့် ယင်းဖိအားများကို တန်ပြန် ကာကွယ်နိုင်ရန် တင်းကျပ်သည့်အစီအမံများ ချမှတ်လာနိုင်သည်ဟု IMF ကပြောကြားခဲ့ကြောင်း၊ တစ်ပြန်တစ်လှည့်အားဖြင့် ချမ်းသာသည့်နိုင်ငံ များရော ဖွံ့ဖြိုးဆဲနိုင်ငံများပါ ပိုမိုထိခိုက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်းသည် ၎င်း၏ အိမ်နီးချင်းအာရှနိုင်ငံများနှင့် ကုန်စည်တင်ပို့သူများအတွက် ထိခိုက်မှုရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုမြင့်မာလာခြင်းနှင့် ဗိုင်းရပ်စ်အလုံးစုံကင်းစင်ရေး မဟာဗျူဟာတို့ကြောင့် အသွားအလာကန့်သတ်မှုများ မကြာခဏ ဆောင် ရွက်ခြင်းသည် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံတွင် အိမ်ထောင်စုများ သုံးစွဲမှုကို လျှော့ချလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အစိုးရ၏ အိမ်၊ ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအပေါ် တင်းကျပ်သည့်လုပ်ထုံးလုပ်နည်းများကြောင့် ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသည်လည်း ဆက်လက် ကျဆင်းလျက်ရှိသည်ဟု IMF ကပြောကြားကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီမြို့)

Source: https://www.wsj.com/articles/imf-sees-global-economic-slowdown-amid-ukraine-war-11650373202

 

Category: USA