China (Kunming)

ယူနန်ပြည်နယ်မှ သဘာဝအတိုင်းထွက်ရှိသော စားသုံးနိုင်သည့် မှိုတင်ပို့မှု ယွမ်သန်း ၁၂၀ ရှိပြီဖြစ်

Last Updated:

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ boletus၊ Morel နှင့် Matsutake တန်ချိန် ၂,၃၉၁ တန်တင်ပို့ခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး ယွမ်သန်း ၁၂၀ ရှိကြောင်း ကူမင်းအကောက်ခွန်မှ ပြောကြားခဲ့သည်။

စားသုံးနိုင်သော တောရိုင်းမှိုများကို ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဂျပန်နှင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်း စစ်ဆောင်ပနား စီရင်စုမှထွက်ရှိသော boletus ကီလိုဂရမ် ၆၀ ကို အမေရိကန်ဒေါ်လာ ၉၆၀ ဖြင့် ဂျပန်နိုင်ငံသို့ လေယာဉ် ဖြင့် တင်ပို့ရန် အကောက်ခွန်ရှင်းလင်းရေးများ ဆောင်ရွက်ပြီးဖြစ်ကြောင်း ယူနန်အကောက်ခွန်မှသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် Export of Yunnan edible fungi reaches 120 million yuan - News - Yunnan Express  

 

Category: China (Kunming)