Germany

ယူရိုဇုန်ဒေသ ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေ

Last Updated:

ယူရိုဇုန်ဒေသ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် (၁၀.၆)ရာခိုင်နှုန်း မှ နိုဝင်ဘာလတွင် (၁၀)ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီး ၂၀၂၁ခုနှစ်မှစ၍ (၁၇)လကြာကာလအတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း၊ အီးယူစာရင်းအင်းအေဂျင်စီက ၃၀.၁၁.၂၀၂၂ ရက်နေ့က ထုတ်ပြန် ပြောကြားလိုက်ပါသည်။ ထိုသို့လျော့ကျလာမှုသည် စွမ်းအင်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ ဒေသတွင်းတွင် စပိန်နိုင်ငံက ငွေကြေးဖောင်းပွမှုနှုန်းတွင် အနည်းဆုံးဖြင့် (၆.၆)ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံတွင် (၇.၁) ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံတွင် (၁၀)ရာခိုင် နှုန်း အသီးသီး ရှိနေကြပါသည်။ European Central Bank (ECB) ဥက္ကဌ  Ms.Christine Lagarde က ယူရိုဇုန်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့ပြီး အနည်းငယ်ပြန်လည်ကျဆင်းလာရန် မျှော်လင့်ထားရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အီးယူကော်မရှင်က နိုဝင်ဘာလအစောပိုင်းတွင် ယူရိုဇုန်ဒေသသည် စီးပွားရေးကျဆင်းမှုပိုင်းကို ရောက်ရှိနေပြီဖြစ်ကြောင်း ခန့်မှန်းပြောဆိုမှုများရှိခဲ့ပါသည်။ ECB အနေဖြင့်ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ရန် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းပြုလုပ်မည့်အစည်းအဝေးတွင် အတိုးနှုန်းကို ယခင်နှုန်းထားများလောက် မြှင့်တင်မည်မဟုတ်သော်လည်း အနည်းငယ်တိုးမြှင့်နိုင်ဘွယ်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/eurozone-inflation-drops-for-first-time-since-2021/a-63941477

Category: Germany