Germany

ယူရိုဇုန်ဒေသ အတိုးနှုန်းမြှင့်တင်သတ်မှတ်

Last Updated:

European Central Bank (ECB) သည် ယူရိုဇုန်ဒေသ ငွေကြေးဖောင်းပွမှုနှုန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဆယ်စုနှစ်အတွင်း ပထမဦးဆုံးအကြိမ် ၎င်း၏ဘဏ်တိုးနှုန်းများကို -၀.၅ ရာခိုင်နှုန်းမှ ၀.၅၀ ထပ်တိုး၍ ၀ ရာခိုင်နှုန်းသို့ ၂၁.၇.၂၀၂၂ ရက်နေ့က တိုးမြှင့်ပေးလိုက်ပါသည်။

အများစုက ၀.၂၅ ခန့်သာ ထပ်မံတိုးမြှင့်ပေးလိမ့်မည်ဟု ခန့်မှန်းထားရှိထားခြင်းကြောင့် အံ့ဩမှုများလည်း ဖြစ်စေခဲ့ပါသည်။ ECB ၏ ယခင် Negative အတိုးနှုန်းများသည် ချေးယူမှုများကို အားပေးသော်လည်း ယူရိုဇုန်ဒေသ စီးပွားရေးကျဆင်း၍ ငွေကြေးဖောင်းပွမှုကို ဖြစ်လာချိန်တွင် အတိုးနှုန်းမြင့် တင်ပေးခြင်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန် ဆောင်ရွက်လာခြင်းဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ချေးငွေစရိတ်များကြီးမြင့်ခြင်းကြောင့် အီတလီ၊ စပိန်နိုင်ငံများတွင် လုပ်ငန်းများ အကြပ်အတည်းနှင့် တွေ့ကြုံရခြင်းများရှိခြင်းကြောင့် ECB က Bond markets ကို တိုးတက်စေရန်လည်း ဆောင်ရွက်ရန်ရှိပါသည်။

ECB ဥက္ကဌ Ms.Christine Lagarde က အတိုးနှုန်းအတွက် ထပ်မံ၍ အစည်းအဝေးများ ပြုလုပ်ဆုံးဖြတ်သွားရန်ရှိကြောင်း၊ ဂျာမန်ဖက်ဒရယ် ဘဏ္ဍာ ရေးဝန်ကြီး Mr.Christian Lindner က၊ မိမိတို့အနေဖြင့် စီးပွားရေးစနစ်သစ်ကို တွေကြုံနေရကြောင်း၊ ပြောကြားခဲ့ပါသည်။  အတိုးနှုန်းမြှင့်တင်ပြီး နောက်ပိုင်း ယခုအခါ ယူရိုငွေကြေးတန်ဘိုး အနည်းငယ်ပြန်လည်မြင့်တက်လာပြီး ရုရှားနိုင်ငံရှိ Nord Stream 1 pipeline (၁၀) ရက်ကြာ ပြင်ဆင်မှု ပြီးစီးပြီးနောက် ဓါတ်ငွေ့များ ပြန်လည်ဝင်ရောက်လာခြင်းသည်လည်း အကြောင်းတစ်ချက် ဖြစ်ပါသည်။

ယူရိုဇုန်ဒေသတွင် ဇွန်လအတွင်းက ငွေကြေးဖောင်းပွမှုနှုန်း ၈.၆ ရာခိုင်နှုန်းရှိခဲ့ပြီး ECB က အများဆုံး ၂ ရာခိုင်နှုန်းသို့ ရောက်ရှိလာစေရန် ရည်မှန်း ထားပါသည်။ အမေရိကန်နိုင်ငံ Federal Reserve နှင့် Bank of England တို့က ECB ထက်စော၍ အတိုးနှုန်းများကို တိုးမြှင့်ထားရှိပြီးဖြစ်ပါသည်။ ဂျာမနီနိုင်ငံတွင် ဘတ်ဂျက်လိုငွေပြမှုကို ဂျီဒီပီ၏ ၃၅ ရာခိုင်နှုန်းထက် ကျော်လွန် မရောက်ရှိစေရေး ဆောင်ရွက်ရန်သတ်မှတ်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:     https://www.dw.com/en/european-central-bank-raises-interest-rates-amid-inflation/a-62546810

 

Category: Germany