Belgium

ယူရိုဇုန်၏ ပထမသုံးလပတ်ကာလ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း၏ရိုက်ခတ်မှုကြောင့် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်၏ ပထမသုံးလပတ်ကာလတွင် ယူရိုဇုန်၏ စီးပွားရေးသည် ကျဆင်းခဲ့ကြောင်း၊ အီးယူ၏ စာရင်းအင်းရုံးအဖွဲ့ဖြစ်သည့် Eurostat အရ ယူရိုဇုန် (၁၉)နိုင်ငံ၏ GDP မှာ ပြီးခဲ့သည့် သုံးလပတ် နှင့်နှိုင်းယှဉ်ချက်တွင် (၃.၈) ရာခိုင်နှုန်းနှင့် နှစ်အလိုက်နှိုင်းယှဉ်ချက်တွင် (၃.၂) ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း၊ ထိုသို့ကျဆင်းမှုသည် ယူရိုဇုန်၏ စီးပွားရေးကျဆင်းမှု (၄.၅) ရာခိုင်နှုန်းဖြစ်ပေါ် ခဲ့သည့် ၂၀၀၉ ခုနှစ်၊ တတိယသုံးလပတ်နောက်ပိုင်း အများဆုံးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သုံးလပတ်ကာလအတွက် စီးပွာရေးကျဆင်းမှုတွင် ပြင်သစ်နိုင်ငံသည် (၅.၈)ရာခိုင်နှုန်းဖြင့် စံချိန်တင်ကျဆင်ခဲ့ပြီး၊ ဆလိုဗက်ကီးယားနိုင်ငံ(၅.၄)ရာခိုင်နှုန်း၊ အီတလီနိုင်ငံ (၄.၇)ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံ (၂.၂)ရာခိုင်နှုန်းတို့ဖြင့် အသီးသီးကျဆင်းခဲ့ကြောင်း၊ ယူရိုဇုန်နိုင်ငံများအနက် ဖင်လန်နိုင်ငံ တစ်နိုင်ငံတည်းသာလျှင် စီးပွားရေးတိုးတက်မှုရှိခဲ့ပြီး၊ (၀.၁)ရာခိုင်နှုန်းဖြင့်သာ တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်အလိုက်နှိုင်းယှဉ်ချက်အရ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် မတ်လတွင် ယူရိုဇုန်၏ ပို့ကုန် (၆.၂)ရာခိုင်နှုန်းနှင့် သွင်းကုန် (၁၀.၁)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းလည်း သိရှိရပါသည်။ ယူရိုဇုန်၏ အလုပ်အကိုင်ရရှိမှုအပိုင်းတွင်လည်း ယခုနှစ် ပထမသုံးလပတ်တွင် (၀.၂)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အလုပ်အကိုင်ရရှိမှု တိုးတက်မှုနှုန်းထားသည်လည်း ပြီးခဲ့သည့်နှစ်တွင် (၁.၁)ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် (၀.၃)ရာခိုင်နှုန်းသို့ သိသိသာသာကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

 

ရင်းမြစ် - (neweurope)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

Category: Belgium