China(Nanning)

ရထားဖြင့်သယ်ယူပို့ဆောင်သည့်လုပ်ငန်းတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ

Last Updated:

ဟူနန်ပြည်နယ်၊ စူးကျိုးမြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာပြပွဲတွင် တရုတ်နိုင်ငံ၏ ဉီးဆောင်နည်းပညာများကြောင့် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နှင့် အခြား နိုင်ငံများမှ လုပ်ငန်းများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

CRRC Zhuzhou Locomotive Co. Ltd. မှ ဖွံ့ဖြိုးထားသည့် အဓိကနည်းပညာများမှာ ရထားများ၏ နည်းပညာဆိုင်ရာအမှားအယွင်းများကို အလိုအလျောက် ဖော်ထုတ်နိုင်၍ သရုပ်ခွဲဆန်းစစ်နိုင်ကြောင်း ပြပွဲတွင် ရှင်းလင်းပြောကြားခဲ့ပါသည်။

ယခုလဆန်း၌ စတင်ပြေးဆွဲခဲ့သည့် တရုတ်-လာအို မြန်နှုန်းမြင့် မီးရထားများတွင်လည်း နည်းပညာများ ထည့်သွင်းထားကာ၊ ယုံကြည်အားထားနိုင်မှုနှင့် လုပ်ငန်း ဆောင်ရွက်နိုင်မှုကို အာမခံပေးထားပါသည်။ လွန်ခဲ့သည့် (၆) လအတွင်း  အာရှနှင့် ဉရောပနိုင်ငံများသို့ ရထားပြေးဆွဲမှုနှင့်သက်ဆိုင်သည့် ယာဉ်များကို ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။

မေလအတွင်း CRRC Zhuzhou Locomotive ၏ ပထမဆုံး နှစ်ထပ်လျှပ်စစ်မီးရထားများ (double-decker electric multiple unit (EMU) trains) ကို ဉရောပသို့ ပို့ကုန်တင်ပို့ရန်အတွက် စတင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းရထားများ၏ အမြင့်ဆုံးပြေးဆွဲနိုင်သည့် အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ (၂၀၀) ဖြစ်ပြီး၊ ဩစတြီးယား၊ ဂျာမနီ၊ ဟန်ဂေရီနှင့် အခြားဉရောပနိုင်ငံများ၌ ပြေးဆွဲသွားမည် ဖြစ်ပါသည်။

မြေအောက်ရထားကုမ္ပဏီကလည်း တူရကီတွင် နိုဝင်ဘာလအတွင်း စမ်းသပ်ပြေးဆွဲမှုများကို စတင်ခဲ့ပါသည်။ ၎င်းမြေအောက်ရထားလိုင်းသည် အစ္စတန်ဘူလ်နှင့် မြို့တော်၏လေဆိပ်ကို ဆက်သွယ်ထားကာ ၂၀၂၂ ခုနှစ်တွင် စတင်ပြေးဆွဲသွားမည်ဟု သိရပါသည်။ ၎င်းမြေအောက်ရထား၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ (၁၂) ဖြစ်၍ တူရကီနိုင်ငံ၏ အမြန်ဆုံး မြေအောက်ရထားလမ်း ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ ရထားနှင့်ပတ်သက်သော ကိရိယာတန်ဆာပလာများ ထုတ်လုပ်သည့်လုပ်ငန်းမှာ တီထွင်ဆန်းသစ်မှုအမြင့်ဆုံးနှင့် နိုင်ငံတကာတွင် ပြိုင်ဆိုင်မှု အားအကောင်းဆုံးလုပ်ငန်းကဏ္ဍ ဖြစ်ပါသည်။ ၎င်းကဏ္ဍ၌ နှစ်ပေါင်း (၆၀) ကျော် လေ့လာသုတေသနပြုလုပ်မှုများ ပြုလုပ်ထားကာ၊ လိုအပ်သည့် အဆောင် အယောင်များကို ပံ့ပိုးကူညီပေးခြင်းနှင့် အကြီးစားလုပ်ငန်းလည်ပတ်မှုပြုခြင်းတို့ဖြင့် အဆင့်မြင့်ရထား ကိရိယာတန်ဆာပလာများ ထုတ်လုပ်သည့်စနစ်ကို တည် ဆောက်ထားခြင်း ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ရထားလမ်းများကို လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ပြောင်းလဲခြင်းနှင့် မြန်နှုန်းမြင့် မြို့ပြရထားလိုင်းများ ပြေးဆွဲသည့်အကွာအဝေးတို့တွင် ပထ မနေရာ၌ ရပ်တည်လျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၃-၁၂-၂၀၂၁)

Category: China(Nanning)