China(Nanning)

ရပ်ဝန်းနှင့် ပိုးလမ်းမ ရင်းနှီးမြှုပ်နှံမှုသတင်း

Last Updated:

ယခုရက်သတ္တပတ်အတွင်း တူရကီနိုင်ငံမှ အစပြုသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ တောင်ပိုင်းလမ်းကြောင်းများတစ်လျှောက် အရှေ့ဘက်သို့မျှော်သည့် စီမံကိန်းအသစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာကြည့်ရာ ပင်လယ်နက်နှင့် ကက်စ်ပီယန်ပင်လယ်လမ်းကြောင်း၊ အီရန် INSTC လမ်း ကြောင်း၊ တာ့ခ်မန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်အကြား တစ်ဆင့်ခံကုန်သွယ်မှုတိုးမြင့်လာမှု၊ ခိရုကစ္စတန်တွင် e-Commerce ဆောင်ရွက်မှုအသစ် များ၊ ရုရှားနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန် အိန္ဒိယ၏ ဆန္ဒတို့ကို လေ့လာကြည့်ခဲ့ပါသည်။ ဤလမ်းကြောင်းအသစ်များက ဥရောပ- အာရှ ကုန်သွယ် ရေး၏ ပထဝီနိုင်ငံရေးဆိုင်ရာ ကုန်သွယ်ရေးသက်ရောက်မှုများကို ပုံဖော်ပေးလျှက် ရှိပါသည်။

တူရကီနိုင်ငံ၏ Gemlik ဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်သင်္ဘောတင်ပို့မှုများ

ရုရှားနိုင်ငံမှ မြောက်ပိုင်းရထားလမ်းများကို တားဆီးပီတ်ဆို့မှုခံထားရသဖြင့် အာရှနှင့် ဥရောပအကြား တစ်ဆင့်ပြန်လည်သင်္ဘောတင်ပို့မှုများမှာ သိသာစွာ ကျဆင်းခဲ့ပါသည်။ ထို့ကြောင်း Marmara ပင်လယ်ပေါ်ရှိ တူရကီနိုင်ငံ၏ Gemlik ဆိပ်ကမ်းမှ Bosphurus ကို ဖြတ်သန်း၍ ဥရောပသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ဥရောပသမဂ္ဂက ရှာဖွေထားပါသည်။ Gemlik လွတ်လပ်သော ကုန်သွယ်ရေးဇုန်မှာ အာရှ- ဥရောပဈေးကွက်များသို့ တန်ဖိုးဖြည့်ပေးနိုင်မည့် ဇုန်အဖြစ် စိတ်ဝင်စားခြင်းခံလာရနိုင်ပါသည်။

ဥရောပကုန်သွယ်ရေးအတွက် ကက်စပီယန်နှင့် ပင်လယ်နက်လမ်းကြောင်းများကို တရုတ်နိုင်ငံက အသုံးပြုနေ

ရုရှားနှင့်အီရန်တို့အပေါ် တားဆီးပိတ်ဆို့မှုများကြောင့် ဥရောပအာရှသယ်ယူပို့ဆောင်ရေးတွင် အဇာပိုင်ဂျန်နိုင်ငံမှာ ပိုမိုအရေးပါလာပြီး ကုန်သေတ္တာ သယ်ယူပို့ဆောင်မှုများ တိုးမြင့်လာပါသည်။ INSTC လမ်းကြောင်းက အီရန်နိုင်ငံအား ၎င်း၏ ဥရောပအာရှသို့ ပို့ကုန်တင်ပို့မှုကို နှစ်ဆတိုးမြင့်လာ စေရန် ကူညီပေးပါသည်။ လမ်းကြောင်းအသစ်များသည် ဥရောပအား ကော့ကဆတ်နှင့် တူရကီ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကအရှေ့ပိုင်း၊ အာရှ အလယ်ပိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အရှေ့တောင်အာရှများသို့လည်း တံခါးဖွင့်ပေးပါသည်။ ရုရှားနိုင်ငံကလည်း ကစ္စပီယန်နှင့် အာရှသို့ INSTC တစ်ဆင့်ခံလမ်းကြောင်းများတွင် ရင်းနှီးမြှုပ်နှံနေပါသည်။

မတ်လနှင့် ဧပြီလအတွင်း အီရန်- ရုရှား နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြင့်လာ

ရုရှားနိုင်ငံအနီးအနားရှိ ပို့ကုန်တင်ပို့သည့်နိုင်ငံများက အမေရိကန်နှင့် ဥရောပကုန်အမှတ်တံဆိပ်များအတွက် လစ်ဟာချက်ကို ဖြည့်ဆည်းရန် အခွင့် အလမ်းရှာဖွေနေကြပါသည်။ တာ့ခ်မန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများက ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်လုပ်မှုများအပေါ် ရင်းနှီးမြှုပ်နှံမှု များကို မဟာဗျူဟာကျ ပူပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာကြပါသည်။ ဥရောပ- အာရှ ကုန်သွယ်ရေးသဘောတူညီချက်များကို အသုံးချလာခြင်း တို့ကြောင့် အခွင့်အလမ်းသစ်များ ဆက်လက်ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

အိန္ဒိယ- ရုရှား တို့၏ ဆက်ဆံရေး

အိန္ဒိယနိုင်ငံငည် ရုရှားနိုင်ငံ Rosnef မှ ရေနံစိမ်းစည်ပေါင်း သန်း (၂၀) ကို လျှော့ဈေးဖြင့် ဝယ်ယူရန် ဆွေးနွေးညှိနှိုင်းနေပြီး ဥရောပကုမ္ပဏီများ ရုရှားဈေးကွက်မှ ထွက်ခွာပြီးနောက် လစ်ဟာသွားသည့် ကုန်စည်ကဏ္ဍကို ဖြည့်ဆည်းရန် စိတ်အားထက်သန်လျက်ရှိကာ နှစ်စဉ်ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ (၂) ဘီလီယံမြှင့်တင်ရန် ကြိုးစားနေပါသည်။

တရုတ် RMB ကို အစ္စရေးဗဟိူဘဏ်က နိုင်ငံခြားငွေကိုင်ဆောင်သည့် ငွေကြေးတစ်မျိုးအဖြစ် ထည့်သွင်း

အစ္စရေးဗဟိူဘဏ်က တရုတ် RMB ယွမ်ကို ၎င်း၏ နိုင်ငံခြားငွေကိုင်ဆောင်သည့် ငွေကြေးတစ်မျိုးအဖြစ် ထည့်သွင်းလိုက်ပြီဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ တတိယလေးလပတ်မှစ၍ တရုတ် Union Pay Card များကို ရုရှားဘဏ်များက စတင်ထုတ်ပေးမည်

ယခုနှစ် တတိယ (၃) လပတ်အတွင်း Union Pay debit Card များအတွက် ရုရှားဘဏ်များမှ လျှောက်ထားမှုများအား တရုတ်နိုင်ငံ၏ Union Pay က စတင်လက်ခံသွားမည်ဟု သိရပါသည်။

သီရိလင်္ကာနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်လက်မှတ် ရေးထိုးရန် တရုတ်နိုင်ငံက တောင်းဆိုနေ

သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးပြဿနာများကို ကူညီပေးရန်အတွက် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် တောင်းဆိုထားသည်ဟု သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)
Source: China Briefing (26-4-2022) နှင့် (3-5-2022)

 

Category: China(Nanning)