China(Nanning)

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် COVID-19 ကပ်ရောဂါအပေါ် ပူးပေါင်းဆောင်ရွက်မှုအား တရုတ်နိုင်ငံက အလေးထား

Last Updated:

​တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများ တည်ဆောက်ရာတွင် COVID-19 ကပ်ရောဂါကြောင့် သက်ရောက်မှုများ အနည်းငယ်သာရှိစေရေး သေချာစေရန် ရပ်ဝန်းနှင့်ပိုးလမ်းမအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်သွားမည်ဖြစ်ကြောင်း နိုင်ငံ၏ ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်သော National Development and Reform Commissionမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် Ms. Meng Weiက သြဂုတ်လ (၁၇)ရက်နေ့က ပြောကြားခဲ့ပါသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ နိုင်ငံရပ်ခြားစီမံကိန်းများအပေါ် COVID-19 ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများမှ ကာကွယ်ရန်အတွေ့အကြုံမျှဝေခြင်းမှ ကုန်စည်ထောက်ပို့သယ်ယူပို့ဆောင်မှုများအထိ အစီအမံများကို တရုတ်နိုင်ငံက စီမံပေးထားကြောင်း Ms. Meng Wei၏ ပြောကြားချက်တွင် ပါဝင်ပါသည်။

နိုင်ငံရပ်ခြားစီမံကိန်းများတွင် လုပ်ကိုင်နေကြသူများ၏ စိတ်ချလုံခြုံရေးနှင့် ကျန်းမာရေးကို ဉီးစားပေးလျက် နိုင်ငံများရှိ ကပ်ရောဂါပျံ့ပွားမှုအခြေအနေနှင့် နိုင်ငံအခြေအနေအလိုက် ရောဂါကာကွယ်ထိန်းချုပ်ရေး စီမံ ဆောင်ရွက်မှုများအား တရုတ်နိုင်ငံက ထိန်းကျောင်းကြပ်မတ်ပေးသွားမည်ဖြစ်ပြီး၊  နိုဗယ်လ်ကိုရိုနာကပ်ရောဂါအား တိုက်ဖျက်သည့် ၎င်း၏အတွေ့အကြုံကို မျှဝေသွား၍ ကပ်ရောဂါတိုက်ဖျက်ရေးအကူအညီများကို ပံ့ပိုး ပေးသွားမည်ဟု သိရပါသည်။

ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံသို့ ပြန်လာသူများကိုလည်း နိုင်ငံ ရပ်ခြားရှိ ၎င်းတို့၏ နေရာများသို့  ပြန်လည်နေရာရစေရေး ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံရပ်ခြားစီမံကိန်းများတွင် တရုတ်နိုင်ငံသားများ အလုပ်အကိုင်ရရှိစေရန်လည်း တရုတ်နိုင်ငံက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

နိုင်ငံရပ်ခြားစီမံကိန်းများအတွက် ပိုမိုခိုင်မာသည့် ဘဏ္ဍာရေးပံ့ပိုးမှုများနှင့်အတူ နိုင်ငံခြားငွေလဲလှယ်မှုနှင့် နိုင်ငံရပ်ခြားယွမ်ငွေလုပ်ငန်းများအပါအဝင် ငွေကြေးအသွားအလာများလည်း ပါဝင်ကြောင်းသိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၁၇-၈-၂၀၂၀)

Category: China(Nanning)