China (Kunming)

ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ရောင်းချရန် နှစ် ၃၀ စာချုပ်ကို သဘောတူ

Last Updated:

ရုရှားသည်  တရုတ်နိုင်ငံသို့ ပိုက်လိုင်းဓာတ်ငွေ့ LNG ရောင်းချနေလျှက်ရှိရာ ထပ်မံ၍ ဆိုက်ဘေးရီးယားပရောဂျက် Gazprom မှတဆင့် တရုတ်နိုင်ငံ သို့ ဓာတ်ငွေ့ ၁၀ ဘီလီယံကုဗမီတာ ထပ်တိုးရောင်းချရန်ဖြစ်ပြီး  သုံးနှစ်အတွင်း ပိုက်လိုင်းအသစ်များမှ တဆင့်တင်ပို့ဖြစ်ကြောင်း ရုရှားသည် ယူကရိန်းထက် ဥရောပနှင့် ထိပ်တိုက်တွေ့နေကြောင်း သတင်းရင်းမြစ်တွင် ဖေါ်ပြထားပါသည်။

ပိုက်လိုင်းသစ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ရောင်းချရန် နှစ် ၃၀ စာချုပ်ကို ရုရှားနိုင်ငံက သဘောတူညီခဲ့ပြီး ဓာတ်ငွေ့ရောင်းချမှုအသစ်ကို ယူရိုဖြင့်ပေးချေသွားမည်ဖြစ်ကြောင်း ယူကရိန်းနှင့် အခြားနိုင်ငံများအကြား မော်စကို၏ အနောက်နိုင်ငံများနှင့် တင်းမာနေသည့် ဆက်ဆံရေးကြား တွင် ပေကျင်းနှင့် စွမ်းအင်မဟာမိတ်အဖြစ် အားကောင်းစေမည်ဖြစ်ကြောင်းဖေါ်ပြထားပါသည်။


ဆက်သွယ်ဝယ်ယူမည့် ပိုက်လိုင်းသစ်နေရာပြမြေပုံ

ပိုက်လိုင်းဖြင့် ရုရှားဓာတ်ငွေ့တင်ပို့မှုတွင် လက်ဝါးကြီးအုပ်ထားသည့် Gazprom သည် တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ ၁၀ ဘီလီယံဖြင့် တရုတ် အစိုးရ၏ အထင်ကရစွမ်းအင်ကုမ္ပဏီ CNPC ကို ရောင်းချပေးရန် သဘောတူခဲ့ကြောင်း ရုရှားကုမ္ပဏီနှင့် ဘေဂျင်းအခြေစိုက် စက်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

ရုရှား၏ အရှေ့ဖျားဒေသနှင့် တရုတ်နိုင်ငံနှင့် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ပေးမည့် ပိုက်လိုင်းမှတစ်ဆင့် ပထမဆုံးစီးဆင်းသည့် ပိုက်လိုင်းသည် ၂ နှစ်မှ သုံးနှစ်အတွင်း စတင်မည်ဟု Gazprom ၏ သဘောတူညီချက်ကို ကြေငြာပြီးနောက် သတင်းရင်းမြစ်က  ထွက်ပေါ်လာသော မှတ်ချက်များ တွင် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင်  ရုရှားသည် သဘာဝဓာတ်ငွေ့ရည် (LNG) ပေးပို့သည့် ၎င်း၏ Power of Siberia ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ များ ရောင်းချမှုကို စတင်ခဲ့ပြီး ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့များ ပေးပို့နေပြီဖြစ်ကြောင်း၊ ၎င်းသည် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ၁၆.၅ ဘီလီယံကုဗမီတာ (bcm) တင်ပို့ခဲ့ကြောင်း၊ Power of Siberia ကွန်ရက်သည် တင်းကျပ်သော ထောက်ပံ့မှုများကြောင့် အပါအဝင် မော်စကိုနှင့် ဖြစ်ပေါ်သော ဆက်ဆံရေးတင်းမာမူကြောင့် ဓာတ်ငွေ့စျေးနှုန်းများ တဟုန်ထိုးတက်နေသော ဉရောပသို့ ဓာတ်ငွေ့ပို့သည့် ပိုက်လိုင်းများနှင့် ချိတ်ဆက်ထားခြင်း မရှိကြောင်း၊ ယခင်ရေးဆွဲခဲ့သည့် အစီအစဉ်များအရ ရုရှားသည် ၂၀၂၅ ခုနှစ်တွင် ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံ သို့ သဘာဝဓာတ်ငွေ့ ၃၈ ဘီလီယံကုဗမီတာ ရောင်းချရန် ရည်မှန်းထားကြောင်း ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် လာရောက်လည်ပတ်သည့်အချိန်နှင့် တိုက်ဆိုင်သော သဘောတူညီချက်သစ်သည် နောက်ထပ် ၁၀ ဘီလီယံကုဗမီတာ တိုးလာကာ တရုတ် နိုင်ငံသို့ နှစ်ရှည်စာချုပ်များအောက်တွင် ရုရှားမှ ပိုက်လိုင်းများမှတဆင့် ရောင်းချမှု တိုးလာမည်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ ယူရိုငွေဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း အမေရိကန်ဒေါ်လာကို အခြေပြုသုံးစွဲနေမှုမှ ပြောင်းလဲစေရန် ပြည်နယ် နှစ်ခု၏ ကြိုးပမ်းမှုများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပေးပို့သည့် ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀) ခန့်ရှည်လျား သော ပိုက်လိုင်းဖြစ်သည့် Power of Siberia စတင်တည်ထောင်ပြီးနောက် ကုမ္ပဏီနှစ်ခုကြား ဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း ပေကျင်း သည် မကြာသေးမီက ၎င်း၏ ၂၀၆၀ ကာဗွန်ကြားနေရေးပန်းတိုင် carbon neutral goal ချမှတ်ပြီးနောက် ဆွေးနွေးပွဲများ ပိုမိုအရှိန်မြှင့်လာခဲ့ ကြောင်း ဖေါ်ပြထားပါသည်။

ပြီးခဲ့သောနှစ် ၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏ ကျောက်မီးသွေး ပြတ်လပ်မှုသည် သဘာဝဓာတ်ငွေ့၏ အထူးတန်ဖိုးရှိကြောင်း နိုးကြားစေသောကြောင့် CNPC က ပိုက်လိုင်း သဘောတူညီချက်သစ်များကို ဖြည့်ဆည်းရန် ဆုံးဖြတ်ခဲ့ကြောင်း  သတင်းရင်းမြစ်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံသည် LNG တင်သွင်းမှု တိုးတက်သော တစ်ခုတည်းသော အကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု IEA က ပြောကြားခဲ့သော်လည်း ရုရှားမှ ပိုက်လိုင်းစီးဆင်းမှု များပြားလာမှုကြောင့် အလုံးစုံဓာတ်ငွေ့ဝယ်လိုအား တိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၁၇% ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် တိုးတက် မှုနှုန်း ၉% သို့ ကျဆင်းသွားခဲ့၍ တိုးတက်မှုနှေးကွေးခြင်းဖြစ်ပေါ်ကြောင်း ဖေါ်ပြထားပါသည်။
 
(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
Source:www.reuters.com/world/asia-pacific/exclusive-russia-china-agree-30-year-gas-deal-using-new-pipeline-source-2022-02-04/

 

Category: China (Kunming)