USA

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ အရေးယူမှု၏ ဆိုးကျိုးများကို ရင်ဆိုင်လာရနိုင်

Last Updated:

ယူကရိန်းနိုင်ငံမှ ခွဲထွက်သည့်ဒေသနှစ်ခုသို့ ရုရှားက အသိအမှတ်ပြုပြီး ၎င်းတပ်ဖွဲ့များစေလွှတ်ပြီးနောက် အမေရိကန်၊ ယူကေနှင့် အနောက်မဟာမိတ်နိုင်ငံတစ်ချို့မှ ရုရှားနှင့် ယူကရိန်း ခွဲထွက်ဒေသနှစ်ခုအပေါ် အရေးယူမှုများ ဆောင်ရွက်လာကြသည့်အတွက် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့တွင် စီးပွားရေးဆောင်ရွက်လျက်ရှိသည့် အနောက်နိုင်ငံများ၏ ကုမ္ပဏီကြီးများသည် အဆိုပါ အရေးယူမှုများ၏ ဆိုးကျိုး၊ သက်ရောက်မှုကို ကြုံတွေ့လာရမည့်အခြေအနေအား ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း  ၂၃--၂၀၂၂ ရက်နေ့ ထုတ် The Wall Street Journal တွင် ဖော်ပြထားပါသည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်ဥရောပနိုင်ငံများသည် ၂၂--၂၀၂၂ ရက်နေ့တွင် ရုရှားနိုင်ငံအပေါ် အရေးယူမှုများဆောင်ရွက်ခဲ့ကြကြောင်း၊ နောင်တွင် ရုရှား၏ ကုမ္ပဏီ ကြီးများနှင့် စီးပွားရေးလုပ်ငန်းများအပေါ်လည်း အရေးယူမှုများ ချမှတ်လာနိုင်ကြောင်း၊ ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် ရုရှားကုမ္ပဏီကြီးများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည့် နိုင်ငံစုံပါဝင်သည့် ကုမ္ပဏီကြီးများနှင့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ရှုတ်ထွေးလာနိုင်ကြောင်း၊ ရုရှားနိုင်ငံတွင် BP PLC, Exxon Mobil Corp နှင့် Shell PLC အပါအဝင် လောင်စာဆီကုမ္ပဏီကြီးများ၊ Carlsberg CABGY အပါအဝင် အဖျော်ယမကာကုမ္ပဏီကြီးများနှင့် Renault SA RNO အပါအဝင် မော်တော်ယာဉ်ထုတ်ထုပ်သည့် ကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကြကြောင်း၊ Jeep Dodge နှင့် Peugeot အမှတ်တံဆိပ် ဖြင့် မော်တော်ကားများထုတ်လုပ်လျက်ရှိသည့် Stellantis STLA အမှုဆောင်အရာရှိချုပ်က အနောက်နိုင်ငံများ၏ စီးပွားရေးရေးအရေးယူမှုကြောင့် ၎င်းတို့လုပ်ငန်း များ ထိခိုက်လာပါက ရုရှားနိုင်ငံတွင် ၎င်းတို့၏ မော်တော်ကားထုတ်လုပ်မှုကို အကန့်အသတ်ဖြင့်သာ လျှော့ချထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထား ပါသည်။

Citigroup Inc. နှင့် JPMorgan Chase & Co., အပါအဝင် အနောက်ဥရောပနိုင်ငံများ၏ ဘဏ်များ ရုရှားနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဘဏ် များမှ ချေးငွေရယူထားသည့် လုပ်ငန်းများ၊ လုပုဂ္ဂိုလ်များကို အရေးယူပါက အဆိုပါဘဏ်များအနေနှင့် အရေးယူခံရသည့် လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး အလျင်အမြန် ဖြတ်တောက်သွားရမည်ဖြစ်၍ ထိခိုက်နစ်နာမှုရှိမည်ဖြစ်ကြောင်း၊ ယခုချိန်ခါထိ အမေရိကန်၊ ယူကေနှင့် ဥရောပနိုင်ငံများ၏ အရေးယူမှုများသည် ရုရှား ဘဏ်သေးများနှင့် လူပုဂ္ဂိုလ်အနည်းငယ်ကိုကာ အကန့်အသတ်ဖြင့် အရေးယူခဲ့ကြောင်း ဖော်ပြထားပါသည်။

ယူကရိန်းနိုင်ငံတွင် နိုင်ငံ၏ အကြီးဆုံးသံမဏိစက်ရုံဖြစ်သည့် ArcelorMittal တွင် လုပ်သားနှင့် ကန်ထရိတ်ဆောင်ရွက်သူ ၂၉,၀၀၀ ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း၊ လက်ရှိတွင် စက်ရုံတိုးတက်စေရန် အမေရကိန်ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ယခုလအစောပိုင်းက ArcelorMittal အနေဖြင့် ယူကရိန်းတွင် အခြေ အနေပိုဆိုးလာပါက အရေးပေါ်အစီအစဉ်အား ပြောင်းလဲဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ပြင် ယူကရိန်းတွင် French food and drink giant Danone SA မှ စက်ရုံ () ရုံ၊ British American Tobacco PLC မှ စက်ရုံတစ်ရုံ၊ CRH PLC စသည့် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီကြီးမှ စက်ရုံ () ရုံ တို့ ရင်းနှီး၊ လည်ပတ်လျက်ရှိကြောင်း၊ ထို့ပြင် အခြားသော နယူးယောက်အခြေစိုက် အစုရှယ်ယာလုပ်ငန်းများ၊ စိုက်ပျိုးရေးကုမ္ပဏီများလည်း လုပ်ငန်းဆောင် ရွက်လျက်ရှိကြောင်း၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းဆောင်ရွက်လျက်ရှိကြသည့် ကုမ္ပဏီကြီးများ၊ လုပ်ငန်းအများစုသည် ရုရှားနှင့် ယူကရိန်း အခြေအနေနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းကို ငြင်းဆိုလျက်ရှိကာ အခြေအနေပိုမိုတင်းမာလာပါက ၎င်းတို့ထုတ်လုပ်မှုအား ကန့်သတ်၊ လျှော့ချခြင်းသော် လည်းကောင်း၊ အခြားစက်ရုံသို့ ပြောင်းရွေ့ထုတ်လုပ်ခြင်းသော်လည်းကောင်း ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ကြုံတွေ့လာရနိုင်သည့် အခြေအနေအတွက် ပြင်ဆင် လျက်ရှိကြောင်း ‌ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Source: https://www.wsj.com/articles/ukraine-crisis-has-big-western-businesses-girding-for-fallout-from-sanctions-11645619447?mod=business_lead_pos1

 

Category: USA