Japan

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဂျပန်နိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်လာပြီး နိုင်ငံ့စီးပွားရေးအပေါ် စိုးရိမ်မှုများမြင့်တက်လာခဲ့

Last Updated:

ယူကရိန်းနယ်စပ်တစ်ဝိုက်တွင် ရုရှား၏ စစ်ရေးအင်အားတိုးချဲ့မှု စတင်ခဲ့သည့်အချိန်မှစ၍ သွင်းကုန်အပေါ် အဓိကအားထားနေရသည့် ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်း စီးပွားရေးအပေါ် သက်ရောက်လာနိုင်မှုကို စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် ရုရှားနှင့် ယူကရိန်းအကြား စစ်ပွဲဖြစ်ပွားမှုကြောင့် ရေနံစိမ်းနှင့် ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာနိုင်သည် စီးပွားရေးပညာရှင်များက သုံးသပ်ခန့်မှန်းကြပါသည်။

ရုရှား- ယူကရိန်း ပြဿနာသည် တိုကျိုစတော့ရှယ်ယာစျေးကွက်အပေါ် မသေချာမရေရာမှုများဖြစ်ပေါ်စေပြီး လတ်တလောရှိခဲ့သည့် နစ်ကေးရှယ်ယာအညွှန်းကိန်း ၂၇,၀၀၀ အောက်သို့ ကျဆင်းကာ ၂၆,၀၀၀ ခန့်တွင် ရပ်တည်နေနိုင်ကြောင်း စတော့ရှယ်ယာဆောင်ရွက်သူများက ခန့်မှန်းထားပါသည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရုရှားအား တုန့်ပြန်သောအားဖြင့် ဓာတ်ငွေ့၊ ရေနံနှင့် အခြားစွမ်းအင်ထောက်ပံ့မှုများကို ဖြတ်တောက်ရန် တွန်းအားပေးသည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

ပထဝီနိုင်ငံရေးတင်းမာမှုများသည် မကြာသေးမီက ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့်ဖြစ်သည်ဟု Mitsubishi UFJ Morgan Stanley Securities Co. မှ အကြီးတန်း ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာဆိုင်ရာ သုတေသီ Norihiro Fujito က ပြောကြားခဲ့ပါသည်။ ထို့အပြင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ဂျပန်ကုမ္ပဏီများ၏ အမြတ်အစွန်းရရှိမှုသည် ကျဉ်းမြောင်းသွားနိုင်ပြီး ကုန်ပစ္စည်းစျေးနှုန်းများ တိုးမြှင့်ရေးနှင့်ပတ် သက်၍ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလာနိုင်ကြောင်း ယူကရိန်းအကျပ်အတည်းသည် လာမည့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်စတင်မည့် ဘဏ္ဍာနှစ်အသစ်တွင် ဂျပန်ကုမ္ပဏီ အချို့အား ၎င်းတို့၏ အမြတ်အစွန်းအလားအလာများကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးစေလိမ့်မည်ဟု Norihiro Fujito က သုံးသပ်ခဲ့ပါသည်။

အနောက်အုပ်စုနိုင်ငံများနှင့် ရုရှားတို့အကြား သဘောထားတင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းဒေသမှ အနာဂတ်ရေနံစိမ်းစျေးနှုန်းများသည် ကီလိုလီတာလျှင် ယန်း ၆၂,၉၂၀ (အမေရိကန်ဒေါ်လာ ၅၅၀ ခန့်) အထိ တိုကျိုကုန်စည်စျေးကွက်တွင် ယခု ဖေဖော်ဝါရီလဝက်ခန့်တွင် စတင်မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးစျေးနှုန်းဖြစ်ကြောင်း သိရပါသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီနှင့် လောင်စာဆီစျေးနှုန်းများ သိသိသာသာမြင့်တက်မှုမှကာကွယ်ရန် ကြိုးပမ်းမှုအဖြစ် ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဦးဆောင်သည့် အစိုးရအဖွဲ့သည် ရေနံကဏ္ဍဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

သို့သော်လည်း ဂျပန်နိုင်ငံမှ ရေနံအသင်းအနေဖြင့် ရုရှား- ယူကရိန်းစစ်ပွဲ၏ သက်ရောက်မှုကြောင့် ရေနံစိမ်းစျေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေပြီး အစိုးရအား ရေနံကဏ္ဍဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်များကို ထပ်မံဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။

ဂျပန်အနေဖြင့် ရုရှားနိုင်ငံမှ ရေနံစိမ်းများကို % ခန့်သာ တင်သွင်းနေသော်လည်း ဂျပန်နိုင်ငံ ရေနံအသင်း၏ အကြီးအကဲဖြစ်သူ Tsutomu Sugimori က ကမ္ဘာ့ ရေနံစိမ်း၏ ၁၀% ခန့်သည် ရုရှားနိုင်ငံမှ တင်ပို့နေခြင်းဖြစ်သဖြင့် ရုရှားနိုင်ငံအပေါ် ကုန်သွယ်မှုနှင့် ရောင်းလိုအားကို ကန့်သတ်လိုက်မည်ဆိုပါက စျေးနှုန်းအပေါ် များစွာ သက်ရောက်လာမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါသည်။

ထို့အပြင် ယူကရိန်းနိုင်ငံသည် ဂျုံနှင့် ပြောင်းအပါအဝင် ကောက်ပဲသီးနှံများကို ထိပ်တန်းထုတ်လုပ်တင်ပို့နေသည့်နိုင်ငံဖြစ်ပြီး ရှရှား-ယူကရိန်းစစ်ပွဲ၏ အကျိုးဆက် ကြောင့် ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးထွက်ကုန် ပံ့ပိုးမှုကွင်းဆက်တွင် အဟန့်အတားများအဖြစ် သက်ရောက်စေနိုင်သည်ဟု စီးပွားရေးသုတေသီများက သုံးသပ်ကြပါ သည်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ယူကရိန်းနိုင်ငံရှိ မြေယာများ၏ ၇၀% ခန့်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုဆောင်ရွက်နေကြောင်း သိရပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ရေနံစိမ်းနှင့် ဂျုံတင်သွင်းမှုအပေါ် အဓိကမှီခိုနေရသည့်အတွက် အဆိုပါကုန်ပစ္စည်းများ စျေးတက်လာခြင်းသည် ဂျပန်ကုမ္ပဏီများအပေါ် တိုက်ရိုက်ထိခိုက်မည့် သက်ရောက်မှုများရှိလာမည်ဟု သုတေသီ Norihiro Fujito က ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ၌ Cup Noodle နှင့် အခြားခေါက်ဆွဲခြောက်ထုတ်ကုန်များ ထုတ်လုပ်သည့် Nissin Food Products Co. သည် လာမည့် ဇွန်လ ရက်နေ့မှစ၍ ၎င်း၏ ထုတ်ကုန်များ၏ စျေးနှုန်းကို ယန်း ၁၈၀ ခန့် တိုးမြှင့်မည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ကြေငြာခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ဂျပန်နိုင်ငံတွင် ကုန်စျေးနှုန်းမြင့်တက်လာမှုများကြောင့် အိမ်ထောင်စုများ၏ အသုံစရိတ်များလျော့ကျသွားစေနိုင်မည့် အလား အလာရှိကြောင်း Nomura Securities Co. မှ Maki Sawada က သုံးသပ်ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။ https://japantoday.com/

Category: Japan